ချဲလ်ဆီးအသင်းကို ရောင်းချဖို့ စဉ်းစားလာခဲ့ပြီ ဖြစ်တဲ့ အေဘရာမိုဗစ်ခ်ျ

ရှရှားဘက်က ယူကရိန်းဘက်ကို ကျူးကျော်စစ် စတင်ခဲ့တာနဲ့ပတ်သက်လို့ ပူတင်ကို ထောက်ပံ့ပေးနေတယ်လို့ သံသယရှိခြင်း ခံနေတဲ့ ချဲလ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျကတော့ ဒီတလော အကြီးအကျယ် အကြပ် ရိုက်နေပြီ ဖြစ်ပါတယ်။

၎င်းကို အင်္ဂလန်ကတော့ စီးပွားရေး ပိတ်ဆို့မှုတွေပြုလုပ်ခဲ့ပြီးနောက် မိုဗစ်ခ်ျ ကတော့ ဒီတလောမှာ ကမ်းလှမ်းမှု တွေရခဲ့ပါက ချဲလ်ဆီးအသင်းကို ပိုင်ရှင်အသစ်ထံ ရောင်းချဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ လုပ်ငန်းကြီး ၃ခုလောက်က စိတ်ဝင်စားနေပြီး ချဲလ်ဆီးအသင်းဘက်က ကနဦးအစက ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ ပြောထားခဲ့ပေမယ့် အသင်းပိုင်ရှင် မိုဗစ်ခ်ျတစ်ယောက် ပိတ်ဆိုခံရမှုတွေ များပြားလာပါက တခြားရွေးချယ်စရာမရှိဘဲ အသင်းကို ရောင်းချရဖို့ များနေခဲ့ပါတယ်။

မိုဗစ်ခ်ျအနေနဲ့ မကြာသေးမီက ချဲလ်ဆီးအသင်းကို ဝယ်ယူဖို့ ပေါင် ၂.၂ ဘီယံ တန်ကြေးရှိတဲ့ ကမ်းလှမ်းမှုတစ်ခုကို ရခဲ့ပေမယ့် ငြင်းဆန်ထားခဲ့တာဖြစ်ပြီး တကယ်လို့ မဖြစ်မနေ အသင်းကို ရောင်းချရပါက သူစိတ်ချလို့ ရနိုင်မယ့် လုပ်ငန်းကြီး တစ်ခုဆီကိုပဲ အပ်နှံရောင်းချသွားဖို့ ရှိနေခဲ့တာဖြစ်ပါတယ်။

Zawgyi

ရွရွားဘက္က ယူကရိန္းဘက္ကို က်ဴးေက်ာ္စစ္ စတင္ခဲ့တာနဲ႔ပတ္သက္လို႔ ပူတင္ကို ေထာက္ပံ့ေပးေနတယ္လို႔ သံသယရွိျခင္း ခံေနတဲ့ ခ်ဲလ္ဆီးအသင္းပိုင္ရွင္ ေအဘရာမိုဗစ္ခ္်ကေတာ့ ဒီတေလာ အၾကီးအက်ယ္ အၾကပ္ ရိုက္ေနျပီ ျဖစ္ပါတယ္။

၄င္းကို အဂၤလန္ကေတာ့ စီးပြားေရး ပိတ္ဆို႔မႈေတြျပဳလုပ္ခဲ့ၿပီးေနာက္ မိုဗစ္ခ္် ကေတာ့ ဒီတေလာမွာ ကမ္းလွမ္းမႈ ေတြရခဲ့ပါက ခ်ဲလ္ဆီးအသင္းကို ပိုင္ရွင္အသစ္ထံ ေရာင္းခ်ဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။

လက္ရွိမွာ ခ်ဲလ္ဆီးအသင္းကို ၀ယ္ယူဖို႔ လုပ္ငန္းႀကီး ၃ခုေလာက္က စိတ္ဝင္စားေနၿပီး ခ်ဲလ္ဆီးအသင္းဘက္က ကနဦးအစက ေရာင္းခ်ဖို႔ အစီအစဥ္မရွိဘူးလို႔ ေျပာထားခဲ့ေပမယ့္ အသင္းပိုင္ရွင္ မိုဗစ္ခ္်တစ္ေယာက္ ပိတ္ဆိုခံရမႈေတြ မ်ားျပားလာပါက တျခားေ႐ြးခ်ယ္စရာမရွိဘဲ အသင္းကို ေရာင္းခ်ရဖို႔ မ်ားေနခဲ့ပါတယ္။

မိုဗစ္ခ္်အေနနဲ႔ မၾကာေသးမီက ခ်ဲလ္ဆီးအသင္းကို ၀ယ္ယူဖို႔ ေပါင္ ၂.၂ ဘီယံ တန္ေၾကးရွိတဲ့ ကမ္းလွမ္းမႈတစ္ခုကို ရခဲ့ေပမယ့္ ျငင္းဆန္ထားခဲ့တာျဖစ္ၿပီး တကယ္လို႔ မျဖစ္မေန အသင္းကို ေရာင္းခ်ရပါက သူစိတ္ခ်လို႔ ရႏိုင္မယ့္ လုပ္ငန္းႀကီး တစ္ခုဆီကိုပဲ အပ္ႏွံေရာင္းခ်သြားဖို႔ ရွိေနခဲ့တာျဖစ္ပါတယ္။