လီဗာပူးပရိသတ်တွေ အလိုချင်ဆုံးက ပရီးမီးယားလိဂ်လား? ချန်ပီယံလိဂ်လား? ဆားဗေ့ ပြောပြ
ချန်ပီယံဖြစ်တာကသာ ထိပ်တန်းအသင်းတွေရဲ့ အဓိပ္ပါယ်ဖြစ်တာကြောင့် လီဗာပူးအနေနဲ့ ဒီရာသီ တခြားသော အဓိက ဆုဖလားအားလုံးထက် ပရီးမီးယားလိဂ်ဖလားကို ဦးစားပေးသင့်တယ်လို့ ရော်ဘီဆားဗေ့က ဆိုပါတယ်။
ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ အန်ဖီးမှာ ၃ နှစ်အတွင်း ဒုတိယမြောက် ပရီးမီးယားလိဂ် မျှော်လင့်ချက်ကို ပြန်လည်အသက်သွင်းဖို့ ဇယားထိပ်က မန်စီးတီးနဲ့ ၃ မှတ်သာ ကွာဟတော့တာပါ။ ဒါပေမယ့် ပရီးမီးယားလိဂ်အတွက် စီးတီးကသာ ရေပန်းစားနေတယ်လို့ ဆားဗေ့က ယုံကြည်နေဆဲဖြစ်ပြီး ဧပြီ ၁၀ ရက်နေ့ အီသီဟဒ်မှာ ထိပ်တိုက်တွေ့ဆုံရမယ့်ပွဲဟာ ဒီအတွက် အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။
“ အေးဆေးပေါ့။ ဖလားက မန်စီးတီးရဲ့ လက်ထဲမှာပဲ ရှိပါသေးတယ်။ လီဗာပူးက လိဒ်စ်နဲ့ပွဲမှာ ၆ ဂိုး သွင်းယူခဲ့ပြီး စီးတီးက စပါးကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့ပေမယ့် အဲဗာတန်ကို အနိုင်ရမှုနဲ့အတူ ဖလားက ပက်ဂွာဒီယိုလာရဲ့ လက်ထဲမှာပဲ ရှိနေတုန်းပါ။
မမေ့ပါနဲ့။ လီဗာပူးက အီသီဟဒ်ကို သွားကစားရဦးမယ်။ အဲ့ဒီ့ပွဲကို ရှုံးရင် လီဗာပူးက အစကနေ ပြန်စရတော့မှာပါ။ ပြီးခဲ့တဲ့အပတ်က ကျွန်တော်ပြောခဲ့သလိုပဲ သူတို့တွေ ဒီကြားထဲ တစ်သင်းနဲ့တစ်သင်း ထိပ်တိုက်မတွေ့ခဲ့ရင် ချန်ပီယံလိဂ်ဖိုင်နယ်မှာ လီဗာပူးနဲ့ စီးတီးကို မြင်တွေ့ရနိုင်ပါတယ်။
ဒါပေမယ့် ကျွန်တော်သာ လီဗာပူးပရိသတ်တစ်ယောက်ဖြစ်ခဲ့ရင် ဆုဖလားတွေ ပိုပြီး အောင်မြင်ဖို့အလိုရှိမှာပါ။ နောက်ဆုံး နှစ် ၃၀ အတွင်း သူတို့တွေဟာ ပရီးမီးယားလိဂ်ထက် ဥရောပဖလားကို ပိုပြီး အောင်မြင်ခဲ့တယ်။ မင်းကိုယ်မင်း ချန်ပီယံလို့ခေါ်ဖို့အတွက် ပြည်တွင်းမှာ မင်းက အင်အား အကြီးမားဆုံး ဖြစ်ဖို့လိုပါတယ် ” လို့ ဆားဗေ့က မှတ်ချက်ပေးခဲ့ပါတယ်။။

လီဗာပူးဟာ ၇ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလား အနိုင်ရရေးထက် မန်ချက်စတာ ယူနိုက်တက်ရဲ့ စံချိန်တင် လိဂ်ဖလား အလုံး ၂၀ ကို လိုက်မီဖို့ အလားအလာကို မျှော်လင့်နေတယ်လို့ ဆားဗေ့ ယုံကြည်နေပါတယ်။ လီဗာပူးဟာ အမှတ်ပေးဖလား ၁၉ ကြိမ် အနိုင်ရထားပြီး ယူနိုက်တက်ထက် တစ်လုံး လျော့နေတာဖြစ်ပါတယ်။
“ ဒါကြောင့်ပဲ ၂၀၂၀ မှာ လီဗာပူး ဖလာရတော့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခု ဖြစ်ခဲ့တာပါ။ ဘာလို့လဲဆိုတော့ အဲ့ဒါက နှစ် ၃၀ အတွင်း သူတို့အတွက် ပထမဆုံး ပြည်တွင်းဖလားလေ။
လီဗာပူးက ဒီတစ်ပတ် အန်ဖီး ဖလားပြတိုက်ထဲကို ကာရာဘောင်းဖလား ထပ်ထည့်ဖို့ ရှိနေပါတယ်။ ဒါပေမယ့် ပရိသတ်တွေကို မေးကြည့်ရင် သူတို့တွေဟာ ချန်ပီယံလိဂ် အောင်မြင်သူတွေထက် ပြည်တွင်း ချန်ပီယံတွေပိုဖြစ်ချင်ကြမယ် ထင်ပါတယ် ” လို့ ဆားဗေ့က ပြောခဲ့တာ ဖြစ်ပါတယ်။