အမ်ဘတ်ပီ၊ နေမာတို့ထက် လူကာကူ ကို နည်းပြလုပ်ရတာ ပို သဘောကျနေတဲ့ တူချယ်

ချယ်ဆီးနည်းပြ သောမက်စ် တူချယ်ကတော တိုက်စစ်မှုး ရိုမီလူ လူကာကူကို ကိုင်တွယ်ရတာက နေမာ၊ ကိုင်လီ မက်ပီတို့ထက် ပိုလွယ်တယ်လို့ ပြောခဲ့ပြီး အသင်းဟောင်း ပီအက်စ်ဂျီကို ပါးပါးပုတ် သွားခဲ့ပါတယ်။

တူချယ်က မကြာသေးမီက ပွဲတစ်ခုမှာ ချယ်ဆီး၊ ပီအက်စ်ဂျီတို့မှာ ကစားသမားတွေ အုပ်ချုပ်ရပုံ အကြောင်းတွေ ဆွေးနွေးခဲ့တာပါ။

တူချယ်က “လူကာကူ ကိုင်တွယ်ရတာက နေမာ၊ မက်ပီတို့ထက် ပိုလွယ်ပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ပီအက်စ်ဂျီနဲ့ ချယ်ဆီးမှာ အုပ်ချုပ်ရပုံချင်း ဘာကွာလဲလို့ မေးတဲ့အခါ တူချယ်က “နှစ်သင်းစလုံးက စတိုင်တွေ၊ ဖွဲ့စည်းပုံတွေ လုံးဝကွဲပြားတဲ့ အသင်းတွေပါ။ ပီအက်စ်ဂျီမှာဆိုရင် ကျွန်တော်က အားကစား ဝန်ကြီးလိုပါပဲ”

“ကျွန်တော် မိသားစုဝင်တွေ၊ ကြယ်ပွင့်တွေရဲ့ သူငယ်ချင်းတွေကိုပါ ကိုင်တွယ်ခဲ့ရပါတယ်။ ချယ်ဆီးမှာတော့ ကျွန်တော် ပို တည်တည်ငြိမ်ငြိမ်နဲ့ အလုပ်လုပ်နိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

တူချယ်ဟာ ပီအက်စ်ဂျီမှာ ၂နှစ်ကြာ နည်းပြခဲ့ပြီး ၂၀၁၉ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးခဲ့ပြီး ဘိုင်ယန်မြူးနစ်ကို ရှုံးခဲ့လို့သာ ဆုဖလားနဲ့ လွဲခဲ့ပါတယ်။

ပီအက်စ်ဂျီဟာ ယမန်နှစ် ဒီဇင်ဘာလက တူချယ်ကို ထုတ်ပယ်ခဲ့ပြီးနောက် ချယ်ဆီးက ခေါ်ယူခဲ့ကာ ဂျာမန်သား က ခြင်္သေ့ပြာတွေကို ချန်ပီယံလိဂ် ဆုဖလား ရရှိအောင် စွမ်းဆောင်ပေးခဲ့ကာ ယခုနှစ် ပရီးမီးယားလိဂ် ဇယားထိပ်မှာလည်း ဦးဆောင်နေခဲ့ပါတယ်။

ZG

ခ်ယ္ဆီးနည္းျပ ေသာမက္စ္ တူခ်ယ္ကေတာ တိုက္စစ္မႈး ႐ိုမီလူ လူကာကူကို ကိုင္တြယ္ရတာက ေနမာ၊ ကိုင္လီ မက္ပီတို႔ထက္ ပိုလြယ္တယ္လို႔ ေျပာခဲ့ၿပီး အသင္းေဟာင္း ပီအက္စ္ဂ်ီကို ပါးပါးပုတ္ သြားခဲ့ပါတယ္။

တူခ်ယ္က မၾကာေသးမီက ပြဲတစ္ခုမွာ ခ်ယ္ဆီး၊ ပီအက္စ္ဂ်ီတို႔မွာ ကစားသမားေတြ အုပ္ခ်ဳပ္ရပုံ အေၾကာင္းေတြ ေဆြးေႏြးခဲ့တာပါ။

တူခ်ယ္က “လူကာကူ ကိုင္တြယ္ရတာက ေနမာ၊ မက္ပီတို႔ထက္ ပိုလြယ္ပါတယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

ပီအက္စ္ဂ်ီနဲ႔ ခ်ယ္ဆီးမွာ အုပ္ခ်ဳပ္ရပုံခ်င္း ဘာကြာလဲလို႔ ေမးတဲ့အခါ တူခ်ယ္က “နွစ္သင္းစလုံးက စတိုင္ေတြ၊ ဖြဲ႕စည္းပုံေတြ လုံး၀ကြဲျပားတဲ့ အသင္းေတြပါ။ ပီအက္စ္ဂ်ီမွာဆိုရင္ ကြၽန္ေတာ္က အားကစား ဝန္ႀကီးလိုပါပဲ”

“ကြၽန္ေတာ္ မိသားစုဝင္ေတြ၊ ၾကယ္ပြင့္ေတြရဲ႕ သူငယ္ခ်င္းေတြကိုပါ ကိုင္တြယ္ခဲ့ရပါတယ္။ ခ်ယ္ဆီးမွာေတာ့ ကြၽန္ေတာ္ ပို တည္တည္ၿငိမ္ၿငိမ္နဲ႔ အလုပ္လုပ္ႏိုင္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

တူခ်ယ္ဟာ ပီအက္စ္ဂ်ီမွာ ၂ႏွစ္ၾကာ နည္းျပခဲ့ၿပီး ၂၀၁၉ခုႏွစ္ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ကို ရႈံးခဲ့လို႔သာ ဆုဖလားနဲ႔ လြဲခဲ့ပါတယ္။

ပီအက္စ္ဂ်ီဟာ ယမန္ႏွစ္ ဒီဇင္ဘာလက တူခ်ယ္ကို ထုတ္ပယ္ခဲ့ၿပီးေနာက္ ခ်ယ္ဆီးက ေခၚယူခဲ့ကာ ဂ်ာမန္သား က ျခေသၤ့ျပာေတြကို ခ်န္ပီယံလိဂ္ ဆုဖလား ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ကာ ယခုႏွစ္ ပရီးမီးယားလိဂ္ ဇယားထိပ္မွာလည္း ဦးေဆာင္ေနခဲ့ပါတယ္။