အသင်း ရောင်းမယ့် ဂယက်များ၊ ၃ ဘီလီယံ ကမ်းလှမ်းမှု၊ ကန်တီ သတိပေးစကားနဲ့ ယနေ့ည ချဲလ်ဆီး သတင်းများ

ချဲလ်ဆီးအသင်းကို အရောင်းတင်လိုက်ပြီးတဲ့နောက် ဆွစ်စ် သန်းကြွေသူဌေးက ယူရို ၃ ဘီလီယံနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ပြီး အေဗရာမိုဗစ်ချ်က ၄ ဘီလီယံ ထိ အလိုရှိနေပါတယ်။

ချဲလ်ဆီးတိုက်စစ်မူှး တီမိုဝါနာအနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်ထံ ပြောင်းရွှေ့ သွားနိုင်ဖွယ်ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ Goalရဲ့ ဖော်ပြချက်အရ ဝါနာရဲ့ ကိုယ်စားလှယ်တွေ အနေနဲ့ ဒေါ့မွန်နဲ့ ဆွေးနွေးမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ် အမှုဆောင်ချုပ် ရစ်ချတ်ကတော့ ချဲလ်ဆီးပိုင်ရှင် အာဘရာမိုဗစ်အနေနဲ့ အသင်းကို အရောင်းတင်ခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ ဒီရောင်းချမှုဟာ လျင်မြန်ပြီး ၁၀ ရက်အတွင်းမှာပဲ ပိုင်ရှင်သစ် ပေါ်ပေါက် လာနိုင် ကြောင်း၊ ပြီးခဲ့တဲ့ ၇ ရက်အတွင်း အခြေအနေတွေက မယုံနိုင်လောက်အောင် ဖြစ်ခဲ့ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ချဲလ်ဆီးပစ်မှတ်ထားနေတဲ့ ဘွန်ဒက်လီဂါထိပ်သီးကလပ် ဒေါ့မွန်ကြယ်ပွင့် ကစားသမား ဘယ်လင်ဟမ်အနေနဲ့ အနာဂတ်ကို ရာသီကုန်မှာ ဆုံးဖြတ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ ဘယ်လင်ဟမ် က ဒေါ့မွန်မှာနောက်တစ်ရာသီ ဆက်ရှိဖွယ် ရှိနေပါတယ်။

ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ် ဒါရိုက်တာ အာမန်ဒါက ချဲလ်ဆီးပိုင်ရှင် အာဘရာမိုဗစ်အနေနဲ့ အသင်းကို အတင်းအကြပ် ရောင်းထုတ်ဖို့ ဖိအားပေးခံလိုက်ရတာ မမျှတကြောင်း၊ တစ်စုံတစ်ယောက်နဲ့ပတ်သက်မိလို့ ဘောလုံးပိုင်ရှင် တစ်ယောက် စွန့်ခွာသွားရတာ စိတ်မကောင်းစရာဖြစ်ကြောင်း ဖွင့်ဟဲ့ပါတယ်။

ချဲလ်ဆီး ကွင်းလယ်လူ ကန်တီက ပိုင်ရှင်အာဘရာမိုဗစ်က အသင်းကိုအရောင်းတင်ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် သူတို့ ကစားသမားတွေ ရှော့ခ်ရမိကြောင်း၊ ဒီကိစ္စဟာ လျင်မြန်လွန်းခဲ့ပြီး သူတို့အနေနဲ့ ပြင်ဆင်ထားခဲ့ခြင်းမရှိခဲ့ကြောင်း၊ ကွင်းတွင်းမှာ အကောင်းဆုံး အာရုံစိုက် ကစားတာက သူတို့ထိန်းချုပ်နိုင်တဲ့အရာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘာစီလိုနာအနေနဲ့ ချဲလ်ဆီးနောက်ခံလူ ခရစ္စတန်ဆန်ကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ကြောင်း စပိန်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။ စပိန်ရေဒီယို COPE ရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဒါရိုက်တာ Alemany ဟာ လန်ဒန်ကို ရောက်ရှိနေပြီး ခရစ္စတန်ဆန်ရဲ့အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။

လူတန်နဲ့ပွဲမှာ နောက်တန်းမှာ မာလောင်းဆားနဲ့ တွဲဖက်ကစားခဲ့တဲ့ ချဲလ်ဆီးကွင်းလယ်လူ လော့တပ်ချပ်စ်အနေနဲ့ ပရိသတ်တွေရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။ လော့တပ်ချပ်စ်ဟာ ခြားနားတဲ့ ကစားသမားတစ်ယောက်ဖြစ်သွားကြောင်း၊ လော့တပ်ချပ်စ်ရဲ့ခြေစွမ်းက ကောင်းမွန်ခဲ့ကြောင်း ပရိသတ်တွေက မှတ်ချက်ပြုခဲ့ကြတာပါ။