မန်ချက်စတာ ဒါဘီ ပွဲကြို ပြောစကားများ၊ ဟာလန်း ခေါ်ဖို့ လုပ်နေတဲ့ ဘာကာ၊ ဘိုင်ယန်နဲ့ ယနေ့ နံနက်ခင်း သတင်းများ
မန်ချက်စတာ ယူနိုက်တက် အသင်းနည်းပြ ရန်းဂ်နစ်တော့ ၎င်းတို့အသင်းရေရှည်အောင်မြင်မှု ရနိုင်ဖို့အတွက် မန်စီးတီး၊ လီဗာပူး တို့လို တိကျသေချာတဲ့ နည်းစနစ်တွေကို အတုယူဖို့ လိုအပ်နေကြောင်း ဒါဘီပွဲမတိုင်ခင် ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
လီဗာပူး အသင်း နည်းပြ ကလော့ပ်ကတော့ အသင်းကနေ ထွက်ခွါဖို့ စီစဉ်ဖွယ်မရှိသေးသလို စွမ်းအားရှိသမျှ လီဗာပူး ကို ဆက်နည်းပြဖို့ ဆန္ဒရှိနေကြောင်း ဖွင့်ဟသွားခဲ့ပါတယ်။

အာဆင်နယ် အသင်းက သူတို့ လူငယ် ကစားသမားဖြစ်တဲ့ ဆာကာကို အသင်းမှာ ဆက်ရှိနေဖို့အတွက် မက်လောက်တဲ့ လစာနဲ့ ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့ လန်ဒန် သတင်းဌာနကက ဆိုပါတယ်။ ဆာကာ စာချုပ်က ၂၀၂၄ မှာ ကုန်ဆုံးတော့မှာပါ။
ဘိုင်ယန်မြူးနစ်အသင်းဟာ ဒေါ့မွန်မှ ဟာလန်းကို ခေါ်ယူဖို့ အင်တိုက်အားတိုက် ပြင်ဆင်နေတာကြောင့် မန်ယူ အသင်း ကလည်း ဘိုင်ယန်တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ပြန်လည် ခေါ်ယူဖို့ စီစဉ်နေကြောင်း သတင်းရရှိပါတယ်။
မန်စီးတီး အသင်းနည်းပြ ဂွာဒီယိုလာကတော့ ယခုတစ်ခေါက် ဒါဘီပွဲစဉ်အတွင်း ပြိုင်ဘက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ စောင့်ကြည့်ချင်စရာ အကောင်းဆုံး ကစားသမား တစ်ယောက်ဖြစ်ကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

အဲဗာတန် အသင်းအနေနဲ့ သူတို့ ဘဏ္ဍာရေး အခြေအနေ ကျဆင်းလာတာကြောင့် အသင်းက ကစားသမားတွေဖြစ်တဲ့ ဒေါမနစ် ကာဗတ် လီဝင် နဲ့ ရီချာလီဆင်တို့ကို အသင်းကနေ ရောင်းထုတ်ရဖွယ်ရှိတယ်လို့ တယ်လီဂရပ်ဖ် သတင်း က ဆိုပါတယ်။
ယနေ့မနက် အစောပိုင်းက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်မှာ အင်တာအသင်းက ဆလာနီတာနာ အသင်းကို မာတီနက်ဇ်ရဲ့ ဟတ်ထရစ်ဂိုးတွေနဲ့အတူ ၅ ဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိပါတယ်။
ဘာစီလိုနာအသင်းကတော့ လာမယ့်နွေမှာ ဟာလန်းကို ခေါ်ယူနိူင်ဖို့အတွက် ပေါင် ၁၅၇ သန်း အသုံးပြုသွားဖို့ ပြင်ဆင်နေတယ်လို့ AS က ဖော်ပြခဲ့ပါတယ်။ ဟာလန်းကို ဘာကာက ၅ နှစ် စာချုပ် ချုပ်ဆိုလိုပြီး ဟာလန်းက စာချုပ်အရ ကနဦးရာသီမှာ ၁ နှစ် ၁၆.၅ သန်း၊ နောက်ဆုံး နှစ်မှာ ၄၅.၅ သန်း ရရှိမှာပါ။

မန်စီးတီး အသင်းနောက်ခံလူ မီကာရစ်ချက်ကတော့ လက်ရှိကာလအတွင်း လီဗာပူးလ်နဲ့ မန်စီးတီး အသင်း ၂ သင်းသာ ပရီးမီးယားလိဂ်အကောင်းဆုံး အသင်းတွေဖြစ်ကြောင်း ချီးကျူးပြောဆိုသွားခဲ့ပါတယ်။
အက်စ်တွန်ဗီလာ အသင်းဟာ ပီအက်စ်ဂျီအသင်း ကွင်းလယ်လူ ဝိုက်နယ်ဒန်ကို ပေါင် ၂၁ သန်းအထိ ပေးချေ ခေါ်ယူလိုနေကြောင်း သတင်းရရှိပါတယ်။
နာမည်ကျော် MMA ဖိုက်တာ မက်ဂရီဂေါ်ကတော့ ချဲလ်ဆီးအသင်းကို ပေါင် ၁.၅ ဘီလီယံနဲ့ ဝယ်ယူလိုနေကြောင်း ၎င်းရဲ့ တွစ်တာအကောင့်မှာ ထုတ်ဖော်ရေးသားသွားခဲ့ပါတယ်။