ဝက်စ်ဟမ်းကို ကံကောင်းလို့ လီဗာပူး နိုင်ခဲ့တာလို့ ဝန်ခံခဲ့တဲ့ နည်းပြ ကလော့ပ်
လီဗာပူးနည်းပြ ကလော့ပ်က မနေ့ည ဝက်စ်ဟမ်းကို အနိုင်ရခဲ့တာဟာ ကံကောင်းခဲ့တာဖြစ်တယ်လို့ ဝန်ခံခဲ့ပါတယ်။ပွဲချိန် ၂၇မိနစ်မှာ သွင်းယူခဲ့တဲ့ မာနေးရဲ့ သွင်းဂိုးက လီဗာပူးအသင်း နိုင်ပွဲရဖို့ လုံလောက်စေခဲ့ပြီး စီးတီးနဲ့ ၃မှတ်အကွာကို ရောက်လာခဲ့ပါတယ်။
ဒါပေမဲ့ ထို ပွဲစဉ်အတွင်း ဝက်စ်ဟမ်းရဲ့ တိုက်စစ်တွေကို တားဆီးနိုင်ဖို့ ရုန်းကန်ခဲ့ရတဲ့ လီဗာပူးခံစစ်ဟာ ဂိုးမပေးခဲ့ရတာ ကံကောင်းတယ်လို့ ကလော့ပ်က ဆိုခဲ့ပါတယ်။
ကလော့ပ်က “ဒီပွဲက ကျွန်တော်တို့အတွက် အလွန်အရေးပါတဲ့ပွဲဆိုတာ သတိရနေဦးမလား မသိပါဘူး။ အလှည့် အပြောင်း တွေနဲ့ ပွဲစဉ်၁ပွဲ ဖြစ်ပေမဲ့ ပထမပိုင်းမှာ ကျွန်တော်တို့ ပိုကောင်းခဲ့ပါတယ်။ ဝက်စ်ဟမ်းက အရမ်း ကောင်းတယ် ဆိုတာ ကျွန်တော်တို့သိပြီး ပထမပိုင်းအတွင်း သူတို့ကို အခြေအနေအရပ်ရပ်ကနေ တားဆီး ထားနိုင်ခဲ့ပါတယ်”
“ကျွန်တော်တို့ ဒီထက် ပိုဂိုးသွင်းနိုင်ခဲ့သင့်ပြီး မသွင်းနိုင်တော့ ပွဲက အဆုံးမသတ်နိုင် ဖြစ်နေခဲ့ပါတယ်။ ဘိုဝမ်အတွက် အကောင်းဆုံး အခွင့်အရေးရခဲ့သလို အန်တိုနီယိုကိုလည်း ကောင်းကောင်း မကပ်နိုင်ခဲ့ပေမဲ့ သူတို့ တိုက်ရိုက်ဘောတွေ ပေးနေခဲ့တာကြောင့် ခံစစ်က မတူညီတဲ့ အခြေအနေနဲ့ တားဆီးခဲ့ရခြင်း မရှိပါဘူး။

အန်တိုနီယိုက ကျွန်တော်တို့ မကျွမ်းကျင်တဲ့ second ball တွေမှာ သူ့ခန္ဓာကိုယ်ကို အသုံးပြုပြီး အကောင်းဆုံး ဘောလုံးယူနိုင်ခဲ့ပါတယ်”
“ပွဲအပြီး စုဖွဲ့မှုအားမကောင်းအောင် စိတ်ဓာတ်နဲ့ ခံစစ်ကစားဖို့ လိုတယ်ဆိုပြီး ကစားသမားတွေကို ကျွန်တော်ပြောခဲ့ကာ အဲ့ဒီအတိုင်း လုပ်နိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး ကလော့ပ်က “ပထမအခွင့်အရေးမှာ အလီဆင်က တည်ငြိမ်ခဲ့ပြီး ထရန့်က ရှင်းထုတ်သွားခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒါက ဥပမာကောင်း၁ခုဖြစ်ပြီး လူတွေက ကျွန်တော်တို့ high line ကစားတယ်လို့ ပြောကြပြီး အဲ့ဒီမှာ pressure မပေးနိုင်ခဲ့ပဲ ဖော်နယ်ကို လုံး၀ မေ့နေခဲ့ပါတယ်”
“ဒါပေမဲ့ အခြားအခြေအနေတွေက ကွဲပြားပါတယ်။ ကျွန်တော်တို့ တစ်ဦးချင်း အခြေအနေတွေမှာ ဘောလုံးဆုံးခဲ့ပြီး သူတို့ အခွင့်အရေးကောင်းတွေ ရခဲ့ပါတယ်။ ကျွန်တော်တို့ အဲ့ဒီ အခြေအနေတွေမှာ ကံကောင်းခဲ့ပေမဲ့ ပြီးခဲ့တဲ့ အပတ်တွေကလည်း ကံမပါရင် ပွဲတွေအများကြီးကို နိုင်မှာ မဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ၁၁ပွဲ ကစားဖို့ ကျန်သေးပြီး ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့မှာလည်း ဆက်လက် ယှဉ်ပြိုင်နေဆဲ ဖြစ်ပါတယ်။