မန်ယူရဲ့ စိတ်ပျက်ဖွယ် အရှုံး၊ ပက် ပွဲပြီးစကား၊ လျှော့ဈေးနဲ့ ရောင်းရမယ့် ချဲလ်ဆီးနဲ့ ယနေ့ နံနက်ခင်း သတင်းများ
မန်စီးတီးနည်းပြဂွါဒီယိုလာက မန်ယူနဲ့ပွဲက ဒုတိယပိုင်းကစားပုံက သူတို့ရဲ့ အကောင်းဆုံးပုံစံဖြစ်ကြောင်း၊ သူတု့ိဟာ ဒုတိယပိုင်းမှာ တော်တော်လေး ကစားပုံကောင်းခဲ့ပြီး ဒီထက်ပိုပြီး ဂိုးတွေသွင်းနိုင်ခဲ့သင့်ကြောင်းမှတ်ချက်ပြုခဲ့ပါတယ်။ မန်စီးတီးဟာ အီတီဟတ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာဒါဘီမှာ ၄-၁ ဂိုးနဲ့ ပြတ်ပြတ်သားသား နိုင်ခဲ့တာပါ။
မန်ယူ ကစားသမားဟောင်းကြီး ဂယ်ရီနီဗီလ်းကတော့ မန်စီးတီးကို ရှုံးနိမ့်ပီးနောက်မှာ မန်ယူ အနေနဲ့ အခုလို ရှုံးနိမ့်တာ ရှက်စရာကြောင်း၊ သူ့ဘ၀ မှာ ဒီလို တစ်ဖက်သတ် ဘောလုံးပွဲကို မမြင်ဖူးကြောင်း၊ မန်ယူအသင်းသားတွေက အရှုံးပေးပြီး ၉၂ ရာခိုင်နှုန်းအထိ ဘောလုံးပိုင်ဆိုင်ခွင့်ပေးတာ စိတ်ပျက်စရာကောင်းကြောင်း၊ အသင်းသားတွေ နိူင်လိုစိတ် ကင်းမဲ့ပြီး ကွင်းထဲ လမ်းလျှောက်နေခဲ့တယ်လို့ ဝေဖန်ခဲ့ပါတယ်။

အာဆင်နယ် ကွင်းလယ်လူ အိုဒီဂတ်က သူ့အနေနဲ့ အသင်းမှာ ပိုပြီးအရေးပါတဲ့ ကစားသမားဖြစ်လာပြီလို့ ခံစား ရကြောင်း၊ အာဆင်နယ်မှာ သူ့ရဲ့နေရာမှန်ကို ရှာတွေ့ခဲ့ပြီဖြစ်ပြီး ကွင်းအတွင်းမှာလည်း ချိတ်ဆက် ကစားပုံ ကောင်းမွန်ကြောင်း၊ အာဆင်နယ်ဟာ သူ့အတွက် နေရာကောင်းလိုခံစားရကြောင်း ဖွင့်ဟခဲ့ပါတယ်။
ချဲလ်ဆီး ပိုင်ရှင်ဖြစ်တဲ့ အေဘရမ်မိုဗစ် ကတော့ အသင်းကို လျှော့ဈေးနဲ့ ရောင်းချရဖွယ်ရှိတယ်လို့ Mirror သတင်း က ဆိုပါတယ်။ ရုရှားသားက ချဲလ်ဆီး အတွက် ၃ ဘီလျံ အလိုရှိနေပေမယ့်လည်း အဲဈေးကို ဘယ်သူမှ မပေးချင်သလို ၂ ဘီလျံလောက်သာ ရနိူင်မယ်လို့ဆိုပါတယ်။
ချဲလ်ဆီးအနေနဲ့ ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာတောင်ပံကစားသမား ဒမ်ဘီလီကို ခေါ်ယူရေးကို လက်လွှတ်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒမ်ဘီလီဟာ ရာသီကုန်မှာဘာစီလိုနာနဲ့စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး လက်ရှိမှာဘာစီနဲ့ သက်တမ်းတိုးဖို့ ညှိနှိုင်းနေကြောင်း သိရပါတယ်။
အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျရတ်က သူ့အနေနဲ့ ကွင်းလယ်လူ ကော်တင်ဟိုကို အပြီးသတ် ခေါ်ယူနိုင်ဖို့ မျှော်လင့်ကြောင်း၊ ကော်တင်ဟိုဟာ သူ့ရဲ့ အကောင်းဆုံးပုံစံကို ရရှိရင် ထိပ်တန်းအဆင့်မှာ ရှိတဲ့ ကစားသမား တစ်ဦးဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
လာဇီယို အသင်းက ချဲလ်ဆီး ဂိုးသမားဖြစ်တဲ့ ကီပါ ကို အငှားနဲ့ ခေါ်ယူလိုနေပါတယ်။ နည်းပြဆာရီ က ကီပါနဲ့ ချဲလ်ဆီးအသင်းမှာ လက်တွဲဖူးတာဖြစ်ပြီး ခေါ်ချင်နေသလို ကီပါ ကလည်း မန်ဒီ နောက် ဦးစားပေးပဲ ဖြစ်ေ်နတာကြောင့် အသင်း ပြောင်းလိုနေပါတယ်။

မန်ချက်စတာယူနိုက်တက်နည်းပြ ရန်နစ်ကတော့ မန်စီးတီးနဲ့ပွဲမှာ တိုက်စစ်မူှး စီရော်နယ်ဒို က တင်ပါးဆုံရိုးပြဿနာကြောင့် မပါဝင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ အစောပိုင်းသတင်းတွေမှာတော့ ရန်နစ်က စီရော်နယ်ဒိုကို ပွဲထွက်စာရင်းကနေ ချန်လှပ်လို့ စီရော်နယ်ဒိုကလူစာရင်းကနေ နုတ်ထွက်ခဲ့ကြောင်း သိရပါတယ်။
ပရီးမီးယားလိဂ် ကလပ်တွေနဲ့ သတင်းထွက်ခဲ့ဖူးတဲ့ ပေါ်လို ဒိုင်ဘာလာ ကို ခေါ်ယူဖို့အတွက် အင်တာမီလန် အသင်းက သူ့အေးဂျင့်ကို ဆက်သွယ်ခဲ့ပါတယ်။ ဒိုင်ဘာလာက စာချုပ်သက်တမ်း မတိုးရသေးပဲ လာမယ့်နွေမှာ အလွတ်နဲ့ ပြောင်းရွှေ့ခွင့်ရမှာဖြစ်တယ်။