UAE ကို အနိုင်ရပြီး အာရှဖလား ခြေစစ်ပွဲ အောင်သွားတဲ့ မြန်မာ အမျိုးသမီး ဘောလုံးအသင်း

၂၀၂၂ အာရှဖလား ခြေစစ်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေတဲ့ မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းဟာ အုပ်စုအဆင့် ပွဲစဉ်တွေမှာ ၃ပွဲစလုံး အနိုင်ရရှိကာ ခြေစစ်ပွဲ အောင်မြင်သွားပြီ ဖြစ်ကြောင်း သိရပါတယ်။

မြန်မာ့ လက်ရွေးစင် အမျိုးသမီး အသင်းဟာ အုပ်စု(ဃ)မှာ လက်ဘနွန်၊ ယူအေအီး၊ ဂူအန် အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက် လျက်ရှိနေတာ ဖြစ်ပါတယ်။ ယနေ့အောက်တိုဘာ ၂၄ ရက်နေ့တွင် ယှဉ်ပြိုင်ကစားတဲ့ ပွဲစဉ်မှာ မြန်မာအမျိုးသမီး အသင်းက ယူအေအီးအသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့ ခြင်း ဖြစ်ပါတယ်။

မြန်မာ အမျိုးသမီး အသင်းသည် အောက်တိုဘာ ၁၈ တွင် လက်ဘနွန် အသင်းကို ၄ ဂိုးပြတ်နဲ့ လည်းကောင်း အောက်တိုဘာ ၂၁ ရက်နေ့တွင် ဂူအမ် အသင်း ၈ ဂိုးပြတ်နဲ့ လည်း ကောင်း အနိုင်ရရှိခဲ့သလို ယနေ့ အောက်တိုဘာ ၂၄ တွင် ယူအေအီး အသင်းကို ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း ဖြစ်ပါတယ်။

AFC Women’s Asian Cup 2022 ပြိုင်ပွဲကို ၂၀၂၂ခုနှစ် နှစ်ဆန်းပိုင်းတွင် အိန္ဒိယနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အိမ်ရှင် အိန္ဒိယ၊ ၂၀၁၈ ပြိုင်ပွဲ၏ ထိပ်ဆုံး သုံးသင်းဖြစ်သော လက်ရှိချန်ပီယံ ဂျပန်၊ ဩစတြေးလျ၊ တရုတ် နှင့် ခြေစစ်ပွဲအောင်မြင်လာသော အသင်း (၈)သင်း၊ စုစုပေါင်း ၁၂ သင်း တို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်ပါတယ်။