မန်ယူအတွက် ဘယ်တော့မှ ပြန် မကစားသင့်တော့တဲ့ သူတွေ ရှိတယ်လို့ ရွိုင်ကိန်း ပြောဆို
မန်စီးတီး အသင်းကို ၄-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲမှာ မန်ချက်စတာယူနိုက်တက် အသင်းကို ရွိုင်ကိန်း က ဝေဖန်လိုက်ပြီး ကလပ်အသင်းအတွက် ဘယ်တော့မှ ပြန်မကစားသင့်တဲ့ ကစားသမား(၅)ဦး (၆)ဦးလောက် ရှိတယ် လို့ ပြောလိုက်ပါတယ်။
ဒီပွဲမှာ ဒီဘရိုင်းက မန်စီးတီး အတွက် ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ဆန်ချို က မန်ချက်စတာ ယူနိုက်တက် အတွက် ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီဘရိုင်းက နောက်ထပ်ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး မာရတ်ဇ်ကလည်း နောက်ထပ် ၂ဂိုး သွင်းယူခဲ့တာပါ။
အဲ့ဒါကြောင့် ပွဲအပြီးမှာ မန်စီးတီး အသင်းက မြို့ခံပြိုင်ဘက် အသင်းကို ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အတွက်တော့ ဒီပွဲအရှုံးကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ဖိအားတွေ ဝင်လာခဲ့ပြီလည်းဖြစ်ပါတယ်။

ရွိုင်ကိန်း က “သူတို့လက်လျှော့လိုက်ကြပါတယ်။ ဒါဘီပွဲ ဒါမှမဟုတ် ဘယ်ပွဲမှာမဆို ကစားသမားတစ်ယောက်အတွက် ဒါဟာ ခွင့်လွှတ်နိုင်စရာ မရှိပါဘူး။ ဒီပွဲမှာ ယူနိုက်တက်ရဲ့ချို့ယွင်းချက်အားလုံးကို တွေ့ခဲ့ရပါတယ်”
“နည်းပြက နည်းဗျုဟာ အတွက် ဝေဖန်ခံရပေမယ့် ကစားသမားတွေက အသင်းအတွက် ကစားတဲ့ အခါမှာ နောက်ပြန် မပြေးတာက လက်မခံနိုင်စရာပါပဲ။ တကယ်ကောင်းတဲ့ အသင်းနဲ့ရင်ဆိုင်ရတာ ခက်ခဲပါတယ်။ ဒါပေမယ့် မင်းတို့ ပြန်ပြေးရမယ်။ ရင်ဆိုင်ရပါမယ်။ အသင်းဟာ တခြားအသင်းတွေရဲ့နောက်မှာရှိနေပါပြီ”
“အသင်းအတွက် ဘယ်တော့မှ ထပ်မကစားသင့်တော့ဘူးလို့ ထင်တဲ့ ကစားသမား(၅)ဦး (၆)ဦးလောက်ကို ချရေးနိုင် ခဲ့ပါတယ်။ ရှက်စရာကောင်းပါတယ်။ ကွင်းလယ်က ကောင်လေး(၂)ယောက်၊ ဝမ်ဘစ်စကာ၊ ဖရက်ဒ်နဲ့ ရက်ရှ်ဖိုဒ့်တို့ လာတယ်၊ ကျွန်တော် ဆက်သွားနိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ဒီတစ်ပတ်မှာတော့ ပရီးမီးယားလိဂ် ပွဲကြပ်အဖြစ် စပါး အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။