မန်စီးတီးက မန်ယူထက် အပြတ်သာနေပြီလို့ ဂိုးပြတ်ရှုံးပွဲအပြီးမှာ ဝန်ခံလိုက်တဲ့ ရန်းနစ်
မန်စီးတီးကို ၄-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲဟာ မန်ချက်စတာ ယူနိုက်တက်အနေနဲ့ သူတို့ရဲ့ မြို့ခံပြိုင်ဘက်ကို လိုက်မီဖို့ အဝေးကြီး အလှမ်းကွာနေတယ်ဆိုတာ သက်သေပြနေတာဖြစ်တယ်လို့ ယာယီနည်းပြ ရက်ဖ်ရန်းနစ်က ဆိုပါတယ်။
ဒီဘရိုင်းနဲ့ မာရက်ဇ်တို့ရဲ့ သွင်းဂိုး ၂ ဂိုးစီဟာ ဂျေဒန်ဆန်ချိုရဲ့ ချေပဂိုးတစ်ဂိုးကို ဖျောက်ဖျက်ပစ်နိုင်ခဲ့သလို ပက် ဂွာဒီယိုလာရဲ့ အသင်းက ယူနိုက်တက်ကို ခြေအသာနဲ့ ကစားခဲ့တာ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ပွဲအစကို ရန်းနစ်က ကျေနပ်နေခဲ့ပေမယ့် နှစ်သင်းကြားက အရည်အသွေး ကွာဟမှုဟာ တစ်ပွဲလုံးမှာ အထင်အရှား မြင်သာနေခဲ့တယ်လို့ ခံစားနေရပါတယ်။

“ကျွန်တော်တို့ အစောပိုင်းမှာတော့ ကောင်းကောင်း ကစားခဲ့တယ်လို့ထင်ပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်ခဲ့ပြီး အစောပိုင်း ဂိုးပေးရတာကတော့ ခက်ခဲခဲတယ်။ ကျွန်တော်တို့ သိပ်ကောင်းတဲ့ ဂိုးတစ်ဂိုးနဲ့ ပြန်လာခဲ့ပေမယ့် နောက်ထပ် တန်ပြန် တိုက်စစ်မှာ ဂိုးတစ်ဂိုး ပြန်ပေးလိုက်ရတယ်။
ဒါက ကမ္ဘာ့အကောင်းဆုံးအသင်းတစ်သင်းကို ရင်ဆိုင်ရတဲ့ အရမ်းခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့တာပါ။ ကျွန်တော်တို့ဟာ ပွဲရဲ့ နောက်ဆုံးမိနစ်မှာ လေးဂိုးမြောက်ကို ခွင့်ပြုလိုက်ရတယ်။ ဒီပွဲက ကျွန်တော်တို့ဟာ ပြိုင်ဘက်နဲ့ ကွာဟမှုကို လျှော့ချဖို့ အရမ်း ဝေးကွာနေတယ်ဆိုတာ သက်သေပြနေတာပါ။
ကျွန်တော်တို့ ပွဲကိုနိုင်ဖို့ အခွင့်အရေးရချင်ရင် အများကြီး ပြေးလွှားနေဖို့လိုတယ်။ တိုက်စစ်ကို ဆက်တိုက်ဆင်နေရမှာပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ အဲ့လို လုပ်ခဲ့တယ်။ အဆုံးသတ်မှာ တတိယဂိုးက ကျွန်တော်တို့ကို လုံးဝ အဆုံးသတ် သွားတာပဲ။
တတိယဂိုးက သိပ်ကောင်းတဲ့ ထောင့်ကန်ဘော တစ်လုံးဖြစ်ပြီး အဲ့ဒါကို ခုခံကာကွယ်ဖို့ မဖြစ်နိုင်သလောက်နီးပါးပဲ။ ဒုတိယပိုင်းမှာ သူတို့က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့တာပါ။ သူတို့မှာ ရှိတဲ့ အရည်အသွေးကို ပြသခဲ့တယ်။ အထူးသဖြင့် သူတို့ တတိယဂိုး သွင်းယူပြီးနောက်မှာ ကျွန်တော်တို့ ရုန်းကန်ခဲ့ရတာပါ” လို့ ရန်းနစ်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ZG
မန္စီးတီးကို ၄-၁ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲဟာ မန္ခ်က္စတာ ယူႏိုက္တက္အေနနဲ႔ သူတို႔ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ကို လိုက္မီဖို႔ အေဝးႀကီး အလွမ္းကြာေနတယ္ဆိုတာ သက္ေသျပေနတာျဖစ္တယ္လို႔ ယာယီနည္းျပ ရက္ဖ္ရန္းနစ္က ဆိုပါတယ္။
ဒီဘ႐ိုင္းနဲ႔ မာရက္ဇ္တို႔ရဲ႕ သြင္းဂိုး ၂ ဂိုးစီဟာ ေဂ်ဒန္ဆန္ခ်ိဳရဲ႕ ေခ်ပဂိုးတစ္ဂိုးကို ေဖ်ာက္ဖ်က္ပစ္ႏိုင္ခဲ့သလို ပက္ ဂြာဒီယိုလာရဲ႕ အသင္းက ယူႏိုက္တက္ကို ေျခအသာနဲ႔ ကစားခဲ့တာ ျဖစ္ပါတယ္။
ယူႏိုက္တက္ရဲ႕ ပြဲအစကို ရန္းနစ္က ေက်နပ္ေနခဲ့ေပမယ့္ ႏွစ္သင္းၾကားက အရည္အေသြး ကြာဟမႈဟာ တစ္ပြဲလုံးမွာ အထင္အရွား ျမင္သာေနခဲ့တယ္လို႔ ခံစားေနရပါတယ္။
“ကြၽန္ေတာ္တို႔ အေစာပိုင္းမွာေတာ့ ေကာင္းေကာင္း ကစားခဲ့တယ္လို႔ထင္ပါတယ္။ ၿပိဳင္ဆိုင္မႈျပင္းထန္ခဲ့ၿပီး အေစာပိုင္း ဂိုးေပးရတာကေတာ့ ခက္ခဲခဲတယ္။ ကြၽန္ေတာ္တို႔ သိပ္ေကာင္းတဲ့ ဂိုးတစ္ဂိုးနဲ႔ ျပန္လာခဲ့ေပမယ့္ ေနာက္ထပ္ တန္ျပန္ တိုက္စစ္မွာ ဂိုးတစ္ဂိုး ျပန္ေပးလိုက္ရတယ္။
ဒါက ကမာၻ႔အေကာင္းဆုံးအသင္းတစ္သင္းကို ရင္ဆိုင္ရတဲ့ အရမ္းခက္ခဲတဲ့ ပြဲတစ္ပြဲ ျဖစ္ခဲ့တာပါ။ ကြၽန္ေတာ္တို႔ဟာ ပြဲရဲ႕ ေနာက္ဆုံးမိနစ္မွာ ေလးဂိုးေျမာက္ကို ခြင့္ျပဳလိုက္ရတယ္။ ဒီပြဲက ကြၽန္ေတာ္တို႔ဟာ ၿပိဳင္ဘက္နဲ႔ ကြာဟမႈကို ေလွ်ာ့ခ်ဖို႔ အရမ္း ေဝးကြာေနတယ္ဆိုတာ သက္ေသျပေနတာပါ။
ကြၽန္ေတာ္တို႔ ပြဲကိုႏိုင္ဖို႔ အခြင့္အေရးရခ်င္ရင္ အမ်ားႀကီး ေျပးလႊားေနဖို႔လိုတယ္။ တိုက္စစ္ကို ဆက္တိုက္ဆင္ေနရမွာပါ။ ပထမပိုင္းမွာ ကြၽန္ေတာ္တို႔ အဲ့လို လုပ္ခဲ့တယ္။ အဆုံးသတ္မွာ တတိယဂိုးက ကြၽန္ေတာ္တို႔ကို လုံးဝ အဆံုးသတ္ သြားတာပဲ။
တတိယဂိုးက သိပ္ေကာင္းတဲ့ ေထာင့္ကန္ေဘာ တစ္လုံးျဖစ္ၿပီး အဲ့ဒါကို ခုခံကာကြယ္ဖို႔ မျဖစ္ႏိုင္သေလာက္နီးပါးပဲ။ ဒုတိယပိုင္းမွာ သူတို႔က ပိုေကာင္းတဲ့အသင္း ျဖစ္ခဲ့တာပါ။ သူတို႔မွာ ရွိတဲ့ အရည္အေသြးကို ျပသခဲ့တယ္။ အထူးသျဖင့္ သူတို႔ တတိယဂိုး သြင္းယူၿပီးေနာက္မွာ ကြၽန္ေတာ္တို႔ ႐ုန္းကန္ခဲ့ရတာပါ” လို႔ ရန္းနစ္က ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။