ဝက်ဖို့ဒ်ကို နိုင်ပေမယ့် မကျေနပ်တဲ့ အာတီတာ၊ ကိုဗစ်ရှိတဲ့ စမစ်ရို့စ်နဲ့ ယနေ့ည အာဆင်နယ် သတင်းများ

အာဆင်နယ်လူငယ်ကြယ်ပွင့် စမစ်ရို့စ်အနေနဲ့ကိုဗစ် ကိုဗစ်ပိုးရှိတယ်လို့ စစ်ဆေးမှုမှာ ပြခဲ့လု့ိ ဝက်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့ရခြင်း ဖြစ်ပါတယ်။ စမစ်ရို့စ်ဟာ အဖျားဝေဒနာကြောင့် ဝုဖ်နဲ့ပွဲကိုလည်း လွဲချော် ခဲ့တာပါ။

အာဆင်နယ်နည်းပြ အာတီတာက ဝက်ဖို့ဒ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်က အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကို မကျေမနပ် ဖြစ်နေပြီး သူတို့ရဲ့တိုက်စစ်ပိုင်းက ထက်မြက်ခဲ့ပေမဲ့ အသင်းရဲ့စုစည်းမှုက ကျေနပ်စရာ မကောင်း ခဲ့ကြောင်း၊ မိမိတို့ အနေနဲ့ ဒီထက်ပိုပြီး ပွဲကို ပြတ်သားစွာ လုပ်ဆောင်ခဲ့သင့်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ်တိုက်စစ်မှူး မာတင်နယ်လီက ကစားသမားဟောင်းဖြစ်သူ ဂိုးသမား မာတီနက်ဇ်ဟာ သူ့ကို အာဆင်နယ်မှာ အထိုင်ကျအောင် များစွာ ကူညီပေးခဲ့ကြောင်း၊ မာတီနက်ဇ်ဟာ သူ့အတွက် အရေးပါသူဖြစ်ခဲ့ကြောင်း၊ မာတီနက်ဇ်ရဲ့ ဇနီးဟာ ပေါ်တူဂီ စကားပြောတတ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ် ပရိသတ်တွေကတော့ ဝက်ဖို့ဒ်နဲ့ပွဲစဉ်က ဆာကာနဲ့ အိုဒီဂတ်တို့ရဲ့ အတွဲအဖက်ကို သဘောကျ နေပါတယ်။ အာဆင်နယ် သွင်းယူခဲ့တဲ့ အဖွင့်ဂိုးမှာဆာကာနဲ့ အိုဒီဂတ်တို့ရဲ့ အတွဲအဖက်ကို ပရိသတ်တွေက သဘောကျနေပြီး သူတို့ဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး အတွဲအဖက်တွေထဲ အပါအဝင်ဖြစ်ကြောင်း ပရိသတ်တွေက ချီးကျူးနေကြတာပါ။

မန်ယူကစားသမားဟောင်း ရွိုင်ကိန်းက အာဆင်နယ်လူငယ်ကြယ်ပွင့် ဆာကာဟာ အလွန်ထူးခြားတဲ့အရည်အသွေးကို ပိုင်ဆိုင် ထားသူဖြစ်ကြောင်း၊ ဆာကာဟာ အသင်းဖော်တွေနဲ့ ချိတ်ဆက်ရာမှာလည်း ကောင်းမွန်သူဖြစ်ပြီး နှစ်လိုဖွယ် ကောင်းကြောင်း ချီးကျူးခဲ့ပါတယ်။

ရာသီကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မဲ့ တိုက်စစ်မှူး လာကာဇက်ကို စာချုပ်သက်တမ်းတုးိမြှင့်ဖို့ အစီအစဉ် မရှိသေးကြောင်း အာတီတာက ဆိုခဲ့ပါတယ်။ သူတို့အနေနဲ့ လာကာဇက်ရဲ့ စာချုပ်ကိစ္စကို ရာသီကုန်ချိန်ရောက်မှ ဆွေးနွေးမှာဖြစ်ကြောင်း အာတီတာက ဆိုခဲ့တာပါ။

အာဆင်နယ်တိုက်စစ်မှူးဟောင်း အူဘာမီယန်က ဘာစီလိုနာဟာ သူ့ရဲ့အိမ်လိုဖြစ်နေပြီဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။ နည်းပြဇာဗီနဲ့လက်တွဲရတာ အဆင်ပြေကြောင်း၊ ဘာစီလိုနာဟာ မိမိရဲ့အိမ်ဖြစ်နေတဲ့ အတွက် ဒီမှာ အလွန် ပျော်ရွှင် မိကြောင်း၊ သူ့ဟာလည်း စပိန်သွေးပါသူ ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အီတလီနာမည်ကျော် ဂျာနယ်လစ် Auriemma က နာပိုလီကွင်းလယ်လူ ဖေဘီယန်ရုဇ်အနေနဲ့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်ကို ပြောင်းရွှေ့ချင်မှာ မဟုတ်ကြောင်း၊ ဖွင့်ဟခဲ့ပါတယ်။ ဖေဘီယန်ရုဇ်ဟာရာသီကုန်မှာ နာပိုလီကနေ ထွက်ခွာမှာဖြစ်ကြောင်း၊ အာဆင်နယ်က သူ့ကို ကမ်းလှမ်းထားခဲ့ပေမဲ့ ကစားသမားကတော့ အမ်းမရိတ်စ်ကို မပြောင်းလိုဘဲ တခြားကမ်းလှမ်းမှုတွေကို စောင့်မျှော်မှာဖြစ်ကြောင်း ၎င်းက ဆိုခဲ့ပါတယ်။