မန်ယူ တစ်သင်းတည်းမှာသာ ကစားဖူးပေမယ့် အသင်းပြောင်းချင်လာတဲ့ တိုက်စစ်မှုး ရက်ဖို့ဒ်

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ရက်ရ်ှဖိုဒ့် ဟာ ယာယီနည်းပြ ရက်ဂ်နစ် လက်အောက်မှာ ပွဲကစားချိန် နည်းလာတာကြောင့် စိတ်ပျက်နေပြီး အသင်းမှာ သူ့ရဲ့ အနာဂတ်ကို စဉ်းစားနေတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်တစ်ခုက ရက်ရ်ှဖိုဒ့် ဟာ သူ့ရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်း သိချင်ကြောင်း ပြောခဲ့တယ်လို့ ဖာဘရီဇီယို ရိုမန်နို က ရေးသားထားတာဖြစ်ပါတယ်။ ရက်ရ်ှဖိုဒ့်နဲ့ မန်ချက်စတာယူနိုက်တက်တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ (၂၀၂၃)အထိ သက်တမ်းရှိနေတာပါ။

ရက်ရ်ှဖိုဒ့် ဟာ ပရီးမီးယားလိဂ်မှာ ပွဲစတည်းက ပါဝင်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပေမယ့် အသလက်တီကိုနဲ့ ချန်ပီယံလိဂ်၊အက်စတွန်ဗီလာ၊မယ်ဒယ်ဘရော့ တို့နဲ့အက်ဖ်အေဖလား ပွဲမှာတော့ ပွဲထွက်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။

ရက်ရ်ှဖိုဒ့် ဟာ မန်စီးတီး ကို အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာလည်း လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရတာပါ။နည်းပြ ရက်ဂ်နစ် ဟာ ရက်ရ်ှဖိုဒ့် ထက် လူငယ်တိုက်စစ်မှူး အီလန်ဂါ ကိုသာ ပွဲထွက်လူစာရင်းမှာ အသုံးပြုနေခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် တစ်သင်းတည်းမှာပဲ ကစားသမားဘ၀ ဖြတ်သန်းနေတဲ့ ရက်ရ်ှဖိုဒ့် ဟာ ဒီရာသီမှာ ခြေစွမ်း ကျဆင်းနေပြီး အောက်တိုဘာလကုန်တည်းက အခုအချိန်ထိ သွင်းဂိုး(၂)ဂိုးသာ သွင်းယူထားနိုင်ခဲ့တာပါ။ အဲ့ဒါကြောင့် နည်းပြ ရက်ဂ်နစ် က သူ့ကို ပွဲထွက်စာရင်းမှာ အသုံးမပြုတာဖြစ်ပါတယ်။

ရက်ဂ်နစ် က “မားကတ်စ်မှာ အရည်အချင်း၊ အရှိန်အဟုန်နဲ့ ကာယကြံခိုင်မှုကောင်းမွန်ပါတယ်။ သူ့မှာ ဒီဘက်ခေတ် တိုက်စစ်မှူး တစ်ဦးအတွက် ခင်ဗျားတို့ လိုချင်တဲ့အရာတွေ အားလုံးရှိပါတယ်။ ကျွန်တော်ကတော့ သူ့နောက်မှာ ရှိနေမှာဖြစ်ပြီး သူနဲ့အတူ တိုးတက်မှုတွေရရှိအောင် ဆက်လုပ်ပေးသွားမှာပါ”

“ပြီးခဲ့တဲ့ (၃)လအတွင်းမှာ တခြားကစားသမားတွေလုပ်ခဲ့တဲ့ လမ်းကြောင်းအတိုင်း သူ့ကို ကူညီပေးနိုင်ဖို့ ကျွန်တော့်ရဲ့ ခွန်အားတွေ အားလုံးကို ဖြည့်ဆည်းပေးသွားမှာပါ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။