နွေမရောက်ခင် ခုတည်းက ဟာလန်းကို အပြိုင် ကြိုးစားနေပြီ ဖြစ်တဲ့ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်
နွေမှာ အသင်းသစ် ပြောင်းဖို့ များနေတဲ့ ဒေါ့မွန် ကြယ်ပွင့် တိုက်စစ်မှုး ဟာလန်းကို ခုတည်းက ဥရောပ ထိပ်သီးတွေ ဖြစ်တဲ့ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ်တို့က အပြိုင် ကြိုးစားနေကြပြီ ဖြစ်ပါတယ်။
ကစားသမား ရဲ့ စာချုပ်ပါ အချက်အလက်တွေ အရ ဒီနှစ် နွေရာသီ ရောက်တာ နဲ့ စာချုပ် ဖျက်သိမ်းခွင့် လျော်ကြေး ယူရို 75 သန်း ပေးကာ ခေါ်ယူခွင့်ရှိနေပါတယ်။ အသက် 21 နှစ် အရွယ် နော်ေ၀ တိုက်စစ်မှုး ရဲ့ သွင်းဂိုး မှတ်တမ်း ကောင်းမွန်မှုတွေကြောင့် သူ့ကို လိုချင်နေတဲ့ အသင်းတွေကလဲ များပြားနေပါတယ်။
ဟာလန်း ကို စည်းရုံး နိုင်ဖို့ အတွက် ငွေကြေး ဆိုင်ရာ ကိန်း ဂဏန်းတွေ က အဓိက ကျနေသည့်တိုင်အောင် ၊ ကစားသမား ကိုယ်တိုင်ကတော့ သူ့ရဲ့ ခံစားချက်ကို ဦးစားပေးကာ ရွေးချယ်သွားဖွယ် ရှိနေပါတယ်။ တစ်ချိန်တည်းမှာ ဒေါ့မွန် ဘက်ကလဲ ဟာလန်း အနေနဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး အလျှင်အမြန် ဆုံးဖြတ်ချက် ချမှတ်ဖို့ ဖိအားပေးလာတာကြောင့် လာမယ့် ရက်သတ္တပတ်တွေ အတွင်း ထင်ရှားတဲ့ ရလာဒ် တစ်ခု ထွက်ပေါ်လာဖွယ် ရှိနေတယ်လို့ မျှော်လင့်ရပါတယ်။

လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေ အရ ဘိုင်ယန် မြူးနစ် ၊ ဘာစီလိုနာ တို့ဟာ ဟာလန်း ကိုယ်စားလှယ်တွေ နဲ့ စကားပြောနေတယ်လို့ သိရသော်လဲ ၊ တကယ်တမ်း နောက်ကွယ်မှာ အလားအလာကောင်းတွေ ပိုင်ဆိုင်နေတာ က ရီးရဲ မက်ဒရစ် နဲ့ မန်စီးတီး တို့ ဖြစ်ပါတယ်။
ရီးရဲ မက်ဒရစ် က ဟာလန်း နဲ့ ဘာပေ တို့ကို တစ်ပြိုင်နက် ခေါ်ယူဖို့ အထိ အိပ်မက် မက်ထားတာပါ။ ဘာပေ ရဲ့ စာချုပ် သက်တမ်းက 3 လ ဝန်းကျင်ပဲ ကျန်တော့သည့်တိုင်အောင် ၊ ဘယ်လို ဆုံးဖြတ်ချက်မျိုး ချမှတ်သွားမလဲ ဆိုတာ အခုထိ မသဲကွဲသေးပါဘူး။
စပိန် သတင်းတွေ ကတော့ ရီးရဲ မက်ဒရစ် ဟာ ဘာပေ ကို ဒီရာသီ အကုန်မှာ ခေါ်ယူမှာ ဖြစ်ပြီး ၊ ဟာလန်း ကို ဒေါ့မွန်မှာ တစ်ရာသီ ဆက်ရှိနေစေမှာ ဖြစ်ကာ 2023 ခုနှစ် ရောက်မှာ အပြီးသတ် ခေါ်ယူဖို့ စိတ်ကူးထားတယ်လို့ ဆိုပါတယ်။
သို့သော်လဲ အခွင့်အရေး က လတ်တလောမှာ အတိအကျ ထွက်ပေါ်လာခဲ့ရင် ၊ အဲဒီ အခွင့်အရေး ကို ဆုပ်ကိုက်ဖို့ ပြင်ဆင်နေပြီး ၊ မန်စီးတီးထံ ပါ မသွားဖို့ အဓိက ဆိုတဲ့ ပုံစံမျိုး နဲ့ စောင့်ကြည့်နေပါတယ်။
မန်စီးတီး ကလဲ အလားတူ ပုံစံမျိုး နဲ့ ချဉ်းကပ်နေတာ ဖြစ်ကာ ၊ သူတို့ရဲ့ တိုက်စစ်ကို ဦးဆောင်ဖို့ အတွက် လျာထားပြီးသားပါ။
ဟာလန်း လိုချင်တဲ့ လစာ ပမာဏမျိုး ၊ သူ့ အေးဂျင့်တွေ လိုချင်တဲ့ ပွဲခမျိုးကို ရီးရဲ မက်ဒရစ်ရော ၊ မန်စီတီးကပါ ပေးချေနိုင်တဲ့ အင်အားမျိုး ရှိနေပြီး ၊ ပီအက်စ်ဂျီ ကလဲ သူဌေး ကလပ် ဖြစ်နေသည့်တိုင်အောင် ကစားသမား ကိုယ်တိုင်က လီဂူးဝမ်း မှာတော့ ကစားပေးလိုစိတ် မရှိဘူးလို့ ယူဆရပါတယ်။
ဒါကြောင့် လက်ကျန် အချိန်တွေမှာ ဟာလန်း ကို အမိအရ ခေါ်ယူနိုင်ဖို့ ရီးရဲ မက်ဒရစ် နဲ့ မန်စီးတီး တို့ အကြား ဘယ်လို အခင်းအကျင်းတွေနဲ့ အားပြိုင် လာမလဲ ဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။