အင်တာမီလန်ကို ဘာလို့ ရှုံးသွားလဲ ဖွင့်ဟပြောပြလာခဲ့တဲ့ လီဗာပူး တိုက်စစ်မှုး ဆာလာ
လီဗာပူးဟာ မနေ့က ဒုတိယအကျော့မှာ ရှုံးနိမ့်ခဲ့ပေမယ့်လဲ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့နောက် မိုဟာမက် ဆာလာက သူတို့ဟာ အင်တာကို အရမ်း လျှော့တွက်လွန်းလို့ ဒုက္ခရောက်ခဲ့တာဖြစ်နိုင်တယ်လို့ ဝန်ခံခဲ့ပါတယ်။
လီဗာပူးဟာ အန်ဖီးမှာ အင်တာကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ပထမအကျော့မှာ ၂-၀ နဲ့ အနိုင်ရထားတာကြောင့်သာ နောက်တဆင့် တက်ရောက်နိုင်ခဲ့တာပါ။

အခုဆိုရင်တော့ သူတို့ရဲ့ နောက်ထပ် ပြိုင်ဘက်က ဘယ်သူဖြစ်လာမလဲဆိုတာ သိရဖို့ မတ် ၁၈ ရက်၊ ကွာတားဖိုင်နယ် မဲခွဲပွဲကို ထိုင်စောင့်နေရတော့မှာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ အစကနေ ပိုပြီး ကောင်းကောင်းလုပ်နိုင်ဖို့လိုတယ်။ နည်းနည်းပိုပြီး တွန်းအားပေးဖို့လိုပါတယ်။ ကျွန်တော် တို့ မသိစိတ်ထဲမှာ ယုံကြည်မှု လွန်ကဲသွားတယ်လို့ ခံစားရတယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့ သင်ခန်းစာ ယူလို့ရတဲ့ ပွဲကောင်းတစ်ပွဲပါပဲ။ ပွဲတစ်ပွဲကို အနိုင်ရဖို့က အမြဲတမ်း အရေးကြီးပါတယ်။
ဒါပေမယ့် ဒီနေ့လိုမျိုး ကျွန်တော်တို့ဟာ ဂိုးပေါက် နှစ်ကြိမ်ခြိမ်းခြောက်ခဲ့ပြီး အခွင့်အရေးတွေအများကြီး ရခဲ့ပေမယ့် အသုံးမချနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ နောက်တဆင့်တက်သွားလို့ တော်သေးတာပေါ့”လို့ ဆာလာက ပြောဆိုခဲ့ပါတယ်။
လော်တာရို မာတီနက်ဇ်ဟာ အံ့အားသင့်ဖွယ် ဝေ့ဝိုက်ကန်ချက်နဲ့အတူ အန်ဖီးမှာ တစ်လုံးတည်းသော ဂိုးကို သွင်းယူခဲ့ပြီး အင်တာအတွက် မျှော်လင့်ချက်တချို့ပေးခဲ့ပေမယ့် အလက်ဆစ် ဆန်းချက် အနီကဒ်နဲ့ ထုတ်ပယ်ခံရပြီးနောက် ချက်ချင်းဆိုသလို သူတို့ရဲ့ အရှိန်အဟုန်ကို ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
ဆလာဟာကတော့ ဒီနှစ် ချန်ပီယံလိဂ်မှာ စုစုပေါင်း ၈ ဂိုး ရရှိထားခဲ့ပေမယ့် ၁၆ သင်းအဆင့် နှစ်ကျော့လုံး စိတ်ပျက်စရာနဲ့ ကြုံခဲ့ရသလို လီဗာပူးဟာလဲ ၂၀၂၂ အတွင်း ပထမဆုံးအကြိမ် ဂိုးပေါက်ပျောက်ခဲ့တာ ဖြစ်ပါတယ်။

ZG
လီဗာပူးဟာ မေန႔က ဒုတိယအေက်ာ့မွာ ရႈံးနိမ့္ခဲ့ေပမယ့္လဲ ခ်န္ပီယံလိဂ္ ကြာတားဖိုင္နယ္ကို တက္ေရာက္ႏိုင္ခဲ့တဲ့ေနာက္ မိုဟာမက္ ဆာလာက သူတို႔ဟာ အင္တာကို အရမ္း ေလွ်ာ့တြက္လြန္းလို႔ ဒုကၡေရာက္ခဲ့တာျဖစ္ႏိုင္တယ္လို႔ ဝန္ခံခဲ့ပါတယ္။
လီဗာပူးဟာ အန္ဖီးမွာ အင္တာကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့ေပမယ့္ ပထမအေက်ာ့မွာ ၂-၀ နဲ႔ အႏိုင္ရထားတာေၾကာင့္သာ ေနာက္တဆင့္ တက္ေရာက္ႏိုင္ခဲ့တာပါ။
အခုဆိုရင္ေတာ့ သူတို႔ရဲ႕ ေနာက္ထပ္ ၿပိဳင္ဘက္က ဘယ္သူျဖစ္လာမလဲဆိုတာ သိရဖို႔ မတ္ ၁၈ ရက္၊ ကြာတားဖိုင္နယ္ မဲခြဲပြဲကို ထိုင္ေစာင့္ေနရေတာ့မွာ ျဖစ္ပါတယ္။
“ကြၽန္ေတာ္တို႔ အစကေန ပိုၿပီး ေကာင္းေကာင္းလုပ္ႏိုင္ဖို႔လိုတယ္။ နည္းနည္းပိုၿပီး တြန္းအားေပးဖို႔လိုပါတယ္။ ကြၽန္ေတာ္ တို႔ မသိစိတ္ထဲမွာ ယုံၾကည္မႈ လြန္ကဲသြားတယ္လို႔ ခံစားရတယ္။ ဒါေပမယ့္ ဒါက ကြၽန္ေတာ္တို႔ သင္ခန္းစာ ယူလို႔ရတဲ့ ပြဲေကာင္းတစ္ပြဲပါပဲ။ ပြဲတစ္ပြဲကို အႏိုင္ရဖို႔က အၿမဲတမ္း အေရးႀကီးပါတယ္။
ဒါေပမယ့္ ဒီေန႔လိုမ်ိဳး ကြၽန္ေတာ္တို႔ဟာ ဂိုးေပါက္ ႏွစ္ႀကိမ္ၿခိမ္းေျခာက္ခဲ့ၿပီး အခြင့္အေရးေတြအမ်ားႀကီး ရခဲ့ေပမယ့္ အသုံးမခ်ႏိုင္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ေနာက္တဆင့္တက္သြားလို႔ ေတာ္ေသးတာေပါ့”လို႔ ဆာလာက ေျပာဆိုခဲ့ပါတယ္။
ေလာ္တာ႐ို မာတီနက္ဇ္ဟာ အံ့အားသင့္ဖြယ္ ေဝ့ဝိုက္ကန္ခ်က္နဲ႔အတူ အန္ဖီးမွာ တစ္လုံးတည္းေသာ ဂိုးကို သြင္းယူခဲ့ၿပီး အင္တာအတြက္ ေမွ်ာ္လင့္ခ်က္တခ်ိဳ႕ေပးခဲ့ေပမယ့္ အလက္ဆစ္ ဆန္းခ်က္ အနီကဒ္နဲ႔ ထုတ္ပယ္ခံရၿပီးေနာက္ ခ်က္ခ်င္းဆိုသလို သူတို႔ရဲ႕ အရွိန္အဟုန္ကို က်ဆင္းခဲ့တာ ျဖစ္ပါတယ္။
ဆလာဟာကေတာ့ ဒီႏွစ္ ခ်န္ပီယံလိဂ္မွာ စုစုေပါင္း ၈ ဂိုး ရရွိထားခဲ့ေပမယ့္ ၁၆ သင္းအဆင့္ ႏွစ္ေက်ာ့လုံး စိတ္ပ်က္စရာနဲ႔ ႀကဳံခဲ့ရသလို လီဗာပူးဟာလဲ ၂၀၂၂ အတြင္း ပထမဆုံးအႀကိမ္ ဂိုးေပါက္ေပ်ာက္ခဲ့တာ ျဖစ္ပါတယ္။