မိုဗစ်ချ်ကို ဖြုတ်ချင်တာနဲ့ ချယ်ဆီးကို တဆုံးထိ ချောက်တွန်းနေပြီ ဖြစ်တဲ့ ဗြိတိန်အစိုးရ
ချယ်ဆီး ပိုင်ရှင် အေဘရာမိုဗစ်ခ်ျ ကို ဗြိတိန်အစိုးရ က ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ဂယက်ရိုက်မှုတွေကို ဘဏ်တွေက အကဲဖြတ်နေစဉ်မှာပဲ ချယ်ဆီးအသင်းရဲ့ ဘဏ်အကောင့်တွေနဲ့ ခရက်ဒစ် ကတ်တွေကို ပိတ်ပင် ကာ ယာယီဆိုင်းငံ့လိုက်ပြီဖြစ်ပါတယ်။
ဘဏ်အကောင့်နဲ့ ကတ်တွေကို အခုလို ယာယီဆိုင်းငံ့ခဲ့တာကြောင့် အသင်းရဲ့ဘတ်စ်ကား အတွက် လောင်စာဆီ တောင် မဝယ်နိုင်တော့တဲ့ အခြေအနေအထိ ရောက်လာပြီလို့ သတင်းတွေက ဖော်ပြထားပါတယ်။
ဗြိတိန်အစိုးရဟာ အေဘရာမိုဗစ်ခ်ျ ရဲ့ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းထားပေမယ့် ချယ်ဆီး အသင်းကို ဆက်လက် လုပ်ကိုင်ဖို့တော့ လိုင်စင်ပေးထားတာပါ။ အခုလိုဆိုင်းငံ့ထားတာကို ဘယ်အချိန် ပြန်ရုတ်သိမ်းမလဲဆိုတာ မသိရသေးတာလည်းဖြစ်ပါတယ်။
ကလပ်အသင်းရဲ့အကြွေးဝယ်ကတ်ဟာ အသင်းဘတ်စ်ကားအတွက် လောင်စာဆီ အပါအဝင် အခြား အသေးသုံး စရိတ်အတွက် ငွေတောင်းခံလွှာတွေပေးဆောင်ဖို့ ခွင့်ပြုထားတာလည်းဖြစ်ပါတယ်။ ချယ်ဆီး အသင်းဟာ ဘဏ်အကောင့်တွေပါ ပိတ်ခံရတာကြောင့် အသင်းရဲ့ဘဏ္ဍာရေးအတွက် ကြီးမားတဲ့ ထိခိုက်မှုတွေရှိလာတော့မှာပါ။
ချယ်ဆီး အသင်းဟာ သုံးစွဲဖို့ ခွင့်ပြုထားတဲ့ ခရီးစရိတ်တွေကိုလည်း ကန့်သတ်ခံထားရပြီး အသင်းဟာ တစ်ပွဲကို ပေါင်(၂)သောင်းထက် ကျော်လွန်ပြီး သုံးစွဲရမှာမဟုတ်တာလည်းဖြစ်ပါတယ်။
ချယ်ဆီး အသင်းဟာ လိုင်လီ အသင်းနဲ့ ချန်ပီယံလိဂ်မတိုင်ခင် ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ် အသင်းကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ရမှာလည်းဖြစ်ပါတယ်။ ချယ်ဆီး က လိုင်လီ နဲ့ အဝေးကွင်းပွဲအတွက် အသုံးစရိတ်တွေကြိုပြီး ရထားတာကြောင့် အစီစဉ်တွေပြောင်းလဲဖို့ မလိုတာပါ။
ချယ်ဆီး အသင်းအနေနဲ့ လက်ရှိအချိန် အသင်းကို ရောင်းချဖို့ အစီအစဉ်ကို ဆက်လက်ပြုလုပ်ဖို့ ဗြိတိန်အစိုးရက ခွင့်ပြုထားတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။

ZG
ခ်ယ္ဆီး ပိုင္ရွင္ ေအဘရာမိုဗစ္ခ္် ကို ၿဗိတိန္အစိုးရ က ဒဏ္ခတ္ပိတ္ဆို႔မႈေတြေၾကာင့္ ဂယက္႐ိုက္မႈေတြကို ဘဏ္ေတြက အကဲျဖတ္ေနစဥ္မွာပဲ ခ်ယ္ဆီးအသင္းရဲ႕ ဘဏ္အေကာင့္ေတြနဲ႔ ခရက္ဒစ္ ကတ္ေတြကို ပိတ္ပင္ ကာ ယာယီဆိုင္းငံ့လိုက္ၿပီျဖစ္ပါတယ္။
ဘဏ္အေကာင့္နဲ႕ ကတ္ေတြကို အခုလို ယာယီဆိုင္းငံ့ခဲ့တာေၾကာင့္ အသင္းရဲ႕ဘတ္စ္ကား အတြက္ ေလာင္စာဆီ ေတာင္ မဝယ္ႏိုင္ေတာ့တဲ့ အေျခအေနအထိ ေရာက္လာၿပီလို႔ သတင္းေတြက ေဖာ္ျပထားပါတယ္။
ၿဗိတိန္အစိုးရဟာ ေအဘရာမိုဗစ္ခ္် ရဲ႕ပိုင္ဆိုင္မႈေတြကို သိမ္းဆည္းထားေပမယ့္ ခ်ယ္ဆီး အသင္းကို ဆက္လက္ လုပ္ကိုင္ဖို႔ေတာ့ လိုင္စင္ေပးထားတာပါ။ အခုလိုဆိုင္းငံ့ထားတာကို ဘယ္အခ်ိန္ ျပန္႐ုတ္သိမ္းမလဲဆိုတာ မသိရေသးတာလည္းျဖစ္ပါတယ္။
ကလပ္အသင္းရဲ႕အေႂကြးဝယ္ကတ္ဟာ အသင္းဘတ္စ္ကားအတြက္ ေလာင္စာဆီ အပါအဝင္ အျခား အေသးသုံး စရိတ္အတြက္ ေငြေတာင္းခံလႊာေတြေပးေဆာင္ဖို႔ ခြင့္ျပဳထားတာလည္းျဖစ္ပါတယ္။ ခ်ယ္ဆီး အသင္းဟာ ဘဏ္အေကာင့္ေတြပါ ပိတ္ခံရတာေၾကာင့္ အသင္းရဲ႕ဘ႑ာေရးအတြက္ ႀကီးမားတဲ့ ထိခိုက္မႈေတြရွိလာေတာ့မွာပါ။
ခ်ယ္ဆီး အသင္းဟာ သုံးစြဲဖို႔ ခြင့္ျပဳထားတဲ့ ခရီးစရိတ္ေတြကိုလည္း ကန႔္သတ္ခံထားရၿပီး အသင္းဟာ တစ္ပြဲကို ေပါင္(၂)ေသာင္းထက္ ေက်ာ္လြန္ၿပီး သုံးစြဲရမွာမဟုတ္တာလည္းျဖစ္ပါတယ္။
ခ်ယ္ဆီး အသင္းဟာ လိုင္လီ အသင္းနဲ႔ ခ်န္ပီယံလိဂ္မတိုင္ခင္ ဒီတစ္ပတ္မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ နယူးကာဆယ္ အသင္းကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ရမွာလည္းျဖစ္ပါတယ္။ ခ်ယ္ဆီး က လိုင္လီ နဲ႔ အေဝးကြင္းပြဲအတြက္ အသုံးစရိတ္ေတြႀကိဳၿပီး ရထားတာေၾကာင့္ အစီစဥ္ေတြေျပာင္းလဲဖို႔ မလိုတာပါ။
ခ်ယ္ဆီး အသင္းအေနနဲ႔ လက္ရွိအခ်ိန္ အသင္းကို ေရာင္းခ်ဖို႔ အစီအစဥ္ကို ဆက္လက္ျပဳလုပ္ဖို႔ ၿဗိတိန္အစိုးရက ခြင့္ျပဳထားတယ္လို႔လည္း သတင္းေတြအရ သိရပါတယ္။