စပါးနဲ့ ပွဲမှာ ပြန်ပါမယ့် ဒိုလေး၊ အာဆင်နယ် ရက်ဖို့ဒ်ကို ခေါ်ဖို့ တို့လိုက်သူနဲ့ ယနေ့ မန်ယူ သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်သူ ဂယ်ရီ နဗီးလ် က ဥရောပ ထိပ်သီး ကလပ်တွေ စိတ်ဝင်စားနေကြတဲ့ ဒေါ့မွန် တိုက်စစ်မှူး ဟားလန်းကို အသင်းဖော်ဟောင်း ဖြစ်သူ အဲရစ် ကန်တိုနာ နဲ့ ခိုင်းနှိုင်း သွားခဲ့ပါတယ်။

စပါးနဲ့ ပွဲမှာ မန်ယူနိုက်တက် ဂိုးသမား ဒီဂီယာ အဖျား ရှိနေလို့ ပွဲထွက် ပါဝင်နိုင်မှာ မဟုတ်ဘဲ ဒင်း ဟန်ဒါဆန် က မန်ယူ ဂိုးပေါက်ကို တာဝန်ယူမယ်လို့ သိရပါတယ်။

ဂန်းနား ကွင်းလယ်လူဟောင်း ရေးပါလာ က မန်ယူနိုက်တက် ကနေ ထွက်ခွာဖို့ စဉ်းစားနေတဲ့ အင်္ဂလန် ကြယ်ပွင့် မားကက်စ် ရက်ရှ်ဖိုဒ့် ကို ခေါ်ယူ သင့်ကြောင်း အာဆင်နယ် နည်းပြ အာတီတာ ထံ တိုက်တွန်း ပြောကြားမှု ပြုလုပ် လိုက်ပါတယ် ။

မန်ယူ တိုက်စစ်မှူး ဖြစ်သူ အီဒင်ဆန် ကာဗာနီ က ဒီရာသီ ဒဏ်ရာ ပြသနာတွေနဲ့ လုံးပမ်းနေခဲ့ရခြင်းက သူ့အတွက် တကယ့်ကို မလွယ်ကူတဲ့ အရာ ဖြစ်ခဲ့ရကြောင်း ဖွင့်ဟ ပြောကြား သွားခဲ့လိုက်ပါတယ်။

မန်ယူတိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က နည်းပြရန်နစ်အနေနဲ့ စပါးနဲ့ပွဲမှာ စီရော်နယ်ဒိုကို ပွဲထွက် ကစားသမားအဖြစ် ရွေးချယ်ရမှာဖြစ်ကြောင်း၊ စီရော်နယ်ဒိုဟာ အသက် ၃၇ နှစ်အရွယ် ရှိနေပေမဲ့ ပွဲတစ်ပွဲအတွင်း ဘယ်လို လှုပ်ရှားရမလဲ ဆိုတာ သိရှိပြီး ဂိုးတွေသွင်းနိုင်သူဖြစ်ကြောင်း မှတ်ချက်ပြု တိုက်တွန်းခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ဟာ နွေရာသီမှာ ဘာစီလိုနာ နဲ့ စာချုပ်ပြည့်မယ့် လူငယ်လေး ရိုနယ် အာရူဟို ကို အခြား အသင်းတွေ ထက် ခေါ်ယူနိုင်ဖို့ အလားအလာ ပိုများ နေတယ်လို့ သတင်း ထွက်လာခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ဟာ ဒီကနေ့ ညမှာ ကစားမယ့် တော့တင်ဟမ် ဟော့စပါး နဲ့ ပွဲ ကို ပါဝင် ကစားဖို့ အဆင်သင့် ရှိနေ ပါပြီလို့ နည်းပြ ရန်းနစ် က ပြောဆို သွားခဲ့ပါတယ်။

မိုက်ကယ်အိုဝင်ကတော့ ဒီတပတ် စပါးနဲ့ ပွဲမှာ မန်ချက်စတာ ယူနိုက်တက်က ၂-၁ နဲ့ အနိုင် ရသွားလိမ့်မယ်လို့ သုံးသပ် ခန့်မှန်းထားပါတယ်။