ဒိုလေး ဟက်ထရစ်နဲ့ မန်ယူအနိုင်၊ လူကာကူကြွေးတွေ ဆပ်နေဆဲ ချဲလ်ဆီးနဲ့ ယနေ့ နံနက်ခင်း သတင်းများ

မန်ယူကတော့ ညက အိုးထရက်ဖို့ဒ်မှာ စပါးကို ဧည်ခံ ကစားရာ စီ ရော်နယ်ဒိုရဲ့ ဟက်ထရစ် သွင်းဂိုးတွေနဲ့ အတူ ၃-၂ နဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။ စပါးတိုက်စစ်မှုး ကိန်းလည်း ၁ဂိုး သွင်းခဲ့သေးပြီး မက်ဂွဲရားက Own goal တစ်လုံး လက်ဆောင်ပေးခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူး စီရော်နယ်ဒိုက မန်ယူကို ပြန်လာပြီးကတည်းက ပထမဆုံး ဟက်ထရစ် အတွက် ပျော်ရွှင်မိကြောင်း၊ သူတို့ဟာ ဘယ်လိုအသင်းမျိုးကိုမဆို အနိုင်ယူနိုင်တဲ့ အသင်း ဆိုတာ သက်သေပြနိုင်ခဲ့ကြောင်း၊ မန်ယူဆိုတာ အကန့်အသတ် မရှိတဲ့ အသင်း ဖြစ်ကြောင်း ကြုံးဝါးခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က အင်တာမီလန်ကနေ တိုက်စစ်မူှး လူကာကူကို ခေါ်ယူရာမှာ အကြွေးများစွာ ကျန်ရှိနေပါသေးတယ။် ချဲလ်ဆီးဟာ လူကာကူအတွက် ပေါင်၉၅ တစ်ခါကို ပေါင်သန်း ၂၀ နှုန်းနဲ့ ၅ ခါ အရစ်ကျ ခွဲပေးမှာဖြစ်ပြီး ပေါင် ၇၁ သန်းပေးချေဖို့ ကျန်ရှိနေသေးကြောင်း သိရပါတယ်။

ဂျူဗင်တပ်အနေနဲ့ အာဆင်နယ်ကွင်းလယ်လူ သောမတ်ပါတေးကို ခေါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေကြောင်း Tuttosport က ဖော်ပြထားပါတယ်။ ဂျူဗင်တပ်ဟာ လာမဲ့နွေရာသီမှာ ကွင်းလယ်ပိုင်းကို အားဖြည့်လိုနေတာပါ။ ဒါပေမဲ့ အာဆင်နယ် ကတော့ ပါတေးကို ရောင်းချသွားမှာ မဟုတ်ပါဘူး။

မန်စီးတီး ဟာ ဒေါ့မွန် တိုက်စစ်မှူးလေး အာလင်း ဟာလန်း ကို လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ နှုတ်အားဖြင့် သဘောတူညီမှု ရရှိ ခဲ့ပြီလို့ သတင်း ထွက်ပေါ် လာခဲ့ ပါတယ်။

စီးတီး ဟာ ဟာလန်း ရဲ့ ပေါင် ၆၃ သန်း စာချုပ် ဖျက်သိမ်းကြေး ကို ပေးချေ မှာ ဖြစ်ပြီး လက်မှတ် ထိုးခ၊ အေးဂျင့်ကြေး အပါအဝင် စုစုပေါင်း ပေါင် သန်း ၁၀၀ ကျော် ကုန်ကျ နိုင်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယား အခြေစိုက် အော်တိုမိုးတစ် ထုတ်လုပ်သူ Hyundai ဟာ ချဲလ်ဆီး အသင်းနဲ့ လက်တွဲမှု ကို ရပ်ဆိုင်း ထားလိုက်ပြီလို့ ထုတ်ပြန် သွားခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဒါးရင်းဘန့်က တိုက်စစ်မှူးမက်ဆီအနေနဲ့ ပီအက်စ်ဂျီမှာ နေချင်ပုံ မရတော့ကြောင်း၊ ဘာစီလိုနာကို ပြန်ပြောင်းရင်တော့ မက်ဆီရဲ့မျက်နှာပေါ်မှာ အပြုံးကိုပြန်မြင်ရနိုင်ကြောင်း၊ မိမိအနေနဲ့ မက်ဆီထံကနေ ဒီထက်ပိုမိုများစွာ မျှော်လင့်ထားခဲ့မိကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာ စပါး နဲ့ ပွဲကို အဖျားဝေဒနာကြောင့် လွဲချော် ခဲ့တာ ဖြစ်ပြီး ကိုဗစ် ဖြစ်နေတယ်လို့ သတင်းထွက်ပေါ် နေကာ ကြားရက်မှာ ကစားမယ့် အက်သလက်တီကို မက်ဒရစ် နဲ့ ပွဲကို လည်း လွဲချော်ဖို့ ရှိလာပါတယ်။

နယူးကာဆယ် အသင်းဟာ လာမယ့် နွေရာသီမှာ အသင်းကို နောက်တကြိမ် ငွေအင်အား အသုံးပြုပြီး အားဖြည့်ဖို့ စီစဉ် ထားကာ လိဒ်ယူနိုက်တက် ကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ် နဲ့ ချဲလ်ဆီး ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ခံစစ်မှူး ရူဒီဂါ တို့ကို ချိန်ရွယ် နေတယ်လို့ ကြားသိရပါတယ်။

အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင် က မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပိုချက်တီနို ကို ခေါ်ယူဖို့ အစီအစဉ် ကို ပြန်လည် စဉ်းစားသင့်ကြောင်း၊ ပိုချက်တီနို ဟာ ဥရောပ မှာ အောင်မြင်ဖို့ မဖြစ်နိုင်ကြောင်း ပြောဆို သွားခဲ့ပါတယ်။