ဟက်ထရစ်သွင်းပြီးတဲ့နောက် ဘောလုံးလောကနဲ့ပါ ချီပြီး စံချိန်သစ် တင်ချလိုက်တဲ့ စီ ရော်နယ်ဒို

မနေ့ညက ကစားခဲ့တဲ့ စပါးနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ရော်နယ်ဒိုက ကစားသမားဘဝ ဟက်ထရစ် (၅၉) ကြိမ်အထိ ရှိလာခဲ့ပြီး ပရော်ဖက်ရှင်နယ် ဘောလုံးလောက သမိုင်း တလျှောက်မှာလည်း ဘယ်သူမှ လိုက် မမှီနိုင်တဲ့ စံချိန်တရပ်ကို ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ စပါးနဲ့ပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုးတွေကြောင့် ကလပ်နဲ့ နိုင်ငံတကာ ကစားသမားဘဝသွင်းဂိုး (၈၀၇) ဂိုး အထိ ရှိလာခဲ့ပါတယ်။ ဒါဟာ ပရော်ဖက်ရှင်နယ် သမိုင်းတလျှောက်မှာ ဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရော်နယ်ဒိုကို ရပ်တည်စေနိုင်ခဲ့တဲ့ သွင်းဂိုး အရေအတွက်လည်း ဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ နောက်ဆုံး ဘောလုံးရာသီ (၁၆) ရာသီဆက်တိုက်မှာ ရောက်လေရာလိဂ်တိုင်းမှာ လိဂ်ဂိုးအနည်းဆုံး (၁၀) ဂိုးသွင်းယူထားနိုင်တဲ့ စံချိန်ကိုလည်း ဆက်လက်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ မန်ချက်စတာဒါဘီပွဲမှာ မပါဝင်ခဲ့ဘဲ ဒါဟာ ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်နဲ့ သူ့အကြား ပြဿနာတွေရှိနေတာကြောင့်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

စပါးနဲ့ပွဲမှာတော့ ရော်နယ်ဒိုက ပထမပိုင်းမှာတင် နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး အဖွင့်ဂိုးကလည်း ဧရိယာအပြင်ဘက်ကနေ ပြင်းထန်လှပတဲ့ သွင်းဂိုးတဂိုး ဖြစ်ခဲ့ပါတယ်။ ဒုတိယဂိုးကိုတော့ ရော်နယ်ဒိုက ဆန်ချိုရဲ့ ဖန်တီးပေးမှုကတဆင့် လွတ်လွတ်ကျွတ်ကျွတ် သွင်းယူခဲ့တာပါ။

ယူနိုက်တက်အနေနဲ့ ဟာရီကိန်းရဲ့ ပင်နယ်တီ၊ မက်ဂွိုင်းရားရဲ့ Own Goal တို့ကို ခွင့်ပြုခဲ့ရပေမယ့် ရော်နယ်ဒိုကတော့ သူ့အတွက် ဟက်ထရစ်လည်းဖြစ်၊ အသင်းအတွက် အနိုင်ဂိုးလည်းဖြစ်မယ့် ဂိုးကို ထောင့်ကန်ဘောက တဆင့် အကောင်းဆုံး ခေါင်းတိုက် သွင်းယူသွားနိုင်ခဲ့ပါတယ်။

ZG

မေန႔ညက ကစားခဲ့တဲ့ စပါးနဲ႔ပြဲမွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ေရာ္နယ္ဒိုက ကစားသမားဘဝ ဟက္ထရစ္ (၅၉) ႀကိမ္အထိ ရွိလာခဲ့ၿပီး ပေရာ္ဖက္ရွင္နယ္ ေဘာလုံးေလာက သမိုင္း တေလွ်ာက္မွာလည္း ဘယ္သူမွ လိုက္ မမွီႏိုင္တဲ့ စံခ်ိန္တရပ္ကို ေရးထိုးႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ေရာ္နယ္ဒိုဟာ စပါးနဲ႔ပြဲမွာ သြင္းယူခဲ့တဲ့ သြင္းဂိုးေတြေၾကာင့္ ကလပ္နဲ႔ ႏိုင္ငံတကာ ကစားသမားဘဝသြင္းဂိုး (၈၀၇) ဂိုး အထိ ရွိလာခဲ့ပါတယ္။ ဒါဟာ ပေရာ္ဖက္ရွင္နယ္ သမိုင္းတေလွ်ာက္မွာ ဂိုးသြင္းအမ်ားဆုံး ကစားသမားအျဖစ္ ေရာ္နယ္ဒိုကို ရပ္တည္ေစႏိုင္ခဲ့တဲ့ သြင္းဂိုး အေရအတြက္လည္း ျဖစ္ခဲ့ပါတယ္။

ေရာ္နယ္ဒိုဟာ ေနာက္ဆုံး ေဘာလုံးရာသီ (၁၆) ရာသီဆက္တိုက္မွာ ေရာက္ေလရာလိဂ္တိုင္းမွာ လိဂ္ဂိုးအနည္းဆုံး (၁၀) ဂိုးသြင္းယူထားႏိုင္တဲ့ စံခ်ိန္ကိုလည္း ဆက္လက္ထိန္းသိမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ေရာ္နယ္ဒိုကေတာ့ ၿပီးခဲ့တဲ့အပတ္က ကစားခဲ့တဲ့ မန္ခ်က္စတာဒါဘီပြဲမွာ မပါဝင္ခဲ့ဘဲ ဒါဟာ ယူႏိုက္တက္နည္းျပ ရန္းနစ္ဂ္နဲ႔ သူ႔အၾကား ျပႆနာေတြရွိေနတာေၾကာင့္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

စပါးနဲ႔ပြဲမွာေတာ့ ေရာ္နယ္ဒိုက ပထမပိုင္းမွာတင္ ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး အဖြင့္ဂိုးကလည္း ဧရိယာအျပင္ဘက္ကေန ျပင္းထန္လွပတဲ့ သြင္းဂိုးတဂိုး ျဖစ္ခဲ့ပါတယ္။ ဒုတိယဂိုးကိုေတာ့ ေရာ္နယ္ဒိုက ဆန္ခ်ိဳရဲ႕ ဖန္တီးေပးမႈကတဆင့္ လြတ္လြတ္ကြၽတ္ကြၽတ္ သြင္းယူခဲ့တာပါ။

ယူႏိုက္တက္အေနနဲ႔ ဟာရီကိန္းရဲ႕ ပင္နယ္တီ၊ မက္ဂြိဳင္းရားရဲ႕ Own Goal တို႔ကို ခြင့္ျပဳခဲ့ရေပမယ့္ ေရာ္နယ္ဒိုကေတာ့ သူ႔အတြက္ ဟက္ထရစ္လည္းျဖစ္၊ အသင္းအတြက္ အႏိုင္ဂိုးလည္းျဖစ္မယ့္ ဂိုးကို ေထာင့္ကန္ေဘာက တဆင့္ အေကာင္းဆုံး ေခါင္းတိုက္ သြင္းယူသြားႏိုင္ခဲ့ပါတယ္။