မက်ဆီနဲ့ ရက်ဖို့ဒ်တို့ ရုန်းကန်နေရပုံက အတူတူပဲ လို့ ဒါရင်းဘန့် ထောက်ပြ ဝေဖန်

မက်ဆီရဲ့ ပီအက်စ်ဂျီ ကစားသမားဘဝ ရုန်းကန်နေရပုံဟာ မန်ချက်စတာ ယူနိုက်တက်မှာ တိုက်စစ်မှုး ရက်ဖို့ဒ် လိုပဲ ဖြစ်နေတယ်လို့ ပရီးမီးယားလိဂ်တိုက်စစ်မှူးဟောင်းကြီး ဒါရင်းဘန့်က သုံးသပ်ပြောကြားလိုက်ပါတယ်။

မက်ဆီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာတဲ့နောက် ပြင်သစ်မြေမှာ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရီးရဲယ်မက်ဒရစ်ကို ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်က ထွက်ခဲ့ရတဲ့နောက်မှာလည်း မက်ဆီအပေါ် ဝေဖန်မှုတွေရှိနေပြီး အခုတခါမှာလည်း ဒါရင်းဘန့်က မက်ဆီနဲ့ ပတ်သက်လို့ သုံးသပ်ပြောကြားလာခဲ့တာဖြစ်ပါတယ်။

ဒါရင်းဘန့်က “မက်ဆီ ဆီက တချက်ကောင်း၊ နှစ်ချက်ကောင်းလေးတွေ တွေ့ရပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ သူ့ဆီက အခုထက် အများကြီး ပိုမိုမျှော်လင့်ထားတာပါ။ မက်ဆီက ခု မန်ချက်စတာ ယူနိုက်တက်မှာ ရပ်ရှ်ဖို့ဒ် ရုန်းကန်နေရသလိုမျိုး ဖြစ်နေပါတယ်”

“ရပ်ရှ်ဖို့ဒ်ကလည်း ယူနိုက်တက်မှာ မကစားချင်သလို ဖြစ်နေပြီး မက်ဆီကလည်း ပီအက်စ်ဂျီမှာ မရှိချင်သလိုပါပဲ။ သူ ဘာစီလိုနာကို ပြန်ရောက်လာရင် သူ့မျက်နှာပြန်ပြီး လန်းဆန်းကောင်း လန်းဆန်းနိုင်ပါတယ်”

“မက်ဆီက ပီအက်စ်ဂျီမှာ အားလုံးထက် တဆင့်ပိုမြင့်နေမှာပဲလို့ ကျနော်တို့ ထင်ခဲ့တာပါ။ အခုတော့ သူက ပီအက်စ်ဂျီနဲ့ အံမဝင်သလိုပါပဲ။ သူ့စိတ်ထဲမှာ ဘာစီလိုနာကို ပြန်ဖို့ ဆုတောင်းနေတဲ့ပုံပါ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

မက်ဆီဟာ အားလပ်ရက်တွေမှာလည်း ပဲရစ်မြို့မှာနေထိုင်လေ့မရှိဘဲ ဘာစီလိုနာကိုသာ ပြန်လည် နေထိုင်လေ့ ရှိတဲ့ အကြောင်း မီဒီယာတွေက ရေးသားဖော်ပြခဲ့ဖူးပါတယ်။

ZG

မက္ဆီရဲ႕ ပီအက္စ္ဂ်ီ ကစားသမားဘဝ ရုန္းကန္ေနရပံုဟာ မန္ခ်က္စတာ ယူနုိက္တက္မွာ တိုက္စစ္မႈး ရက္ဖို႔ဒ္ လိုပဲ ျဖစ္ေနတယ္လို႔ ပရီးမီးယားလိဂ္တိုက္စစ္မႉးေဟာင္းႀကီး ဒါရင္းဘန႔္က သုံးသပ္ေျပာၾကားလိုက္ပါတယ္။

မက္ဆီဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဘာစီလိုနာကေန ပီအက္စ္ဂ်ီကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေျပာင္းေ႐ႊ႕လာတဲ့ေနာက္ ျပင္သစ္ေျမမွာ ႐ုန္းကန္ေနရဆဲျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ ရီးရဲယ္မက္ဒရစ္ကို ရႈံးနိမ့္ၿပီး ခ်န္ပီယံလိဂ္က ထြက္ခဲ့ရတဲ့ေနာက္မွာလည္း မက္ဆီအေပၚ ေဝဖန္မႈေတြရွိေနၿပီး အခုတခါမွာလည္း ဒါရင္းဘန႔္က မက္ဆီနဲ႔ ပတ္သက္လို႔ သုံးသပ္ေျပာၾကားလာခဲ့တာျဖစ္ပါတယ္။

ဒါရင္းဘန႔္က “မက္ဆီ ဆီက တခ်က္ေကာင္း၊ ႏွစ္ခ်က္ေကာင္းေလးေတြ ေတြ႕ရပါတယ္။ ဒါေပမယ့္ က်ေနာ့္အေနနဲ႔ သူ႔ဆီက အခုထက္ အမ်ားႀကီး ပိုမိုေမွ်ာ္လင့္ထားတာပါ။ မက္ဆီက ခု မန္ခ်က္စတာ ယူႏိုက္တက္မွာ ရပ္ရွ္ဖို႔ဒ္ ႐ုန္းကန္ေနရသလိုမ်ိဳး ျဖစ္ေနပါတယ္”

“ရပ္ရွ္ဖို႔ဒ္ကလည္း ယူႏိုက္တက္မွာ မကစားခ်င္သလို ျဖစ္ေနၿပီး မက္ဆီကလည္း ပီအက္စ္ဂ်ီမွာ မရွိခ်င္သလိုပါပဲ။ သူ ဘာစီလိုနာကို ျပန္ေရာက္လာရင္ သူ႔မ်က္ႏွာျပန္ၿပီး လန္းဆန္းေကာင္း လန္းဆန္းႏိုင္ပါတယ္”

“မက္ဆီက ပီအက္စ္ဂ်ီမွာ အားလုံးထက္ တဆင့္ပိုျမင့္ေနမွာပဲလို႔ က်ေနာ္တို႔ ထင္ခဲ့တာပါ။ အခုေတာ့ သူက ပီအက္စ္ဂ်ီနဲ႔ အံမဝင္သလိုပါပဲ။ သူ႔စိတ္ထဲမွာ ဘာစီလိုနာကို ျပန္ဖို႔ ဆုေတာင္းေနတဲ့ပုံပါ” လို႔ ေျပာၾကားသြားခဲ့တာပဲျဖစ္ပါတယ္။

မက္ဆီဟာ အားလပ္ရက္ေတြမွာလည္း ပဲရစ္ၿမိဳ႕မွာေနထိုင္ေလ့မရွိဘဲ ဘာစီလိုနာကိုသာ ျပန္လည္ ေနထိုင္ေလ့ ရွိတဲ့ အေၾကာင္း မီဒီယာေတြက ေရးသားေဖာ္ျပခဲ့ဖူးပါတယ္။