တီကိုနဲ့ ပွဲ လွဲဖွယ်ရှိတဲ့ ဘရူနို၊ ဟက်ထရစ်ရှင် ဒိုလေးအတွက် ပြောဆိုမှုများနဲ့ ယနေ့ည မန်ယူသတင်းများ
ဘောလုံး တင်ဆက် သုံးသပ်သူ အဖြစ် လုပ်ကိုင် နေတဲ့ အာဆင်နယ် ကွင်းလယ်လူဟောင်း ပေါလ်မာဆင် က မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပိုချက်တီနို ကို ခေါ်ယူဖို့ အစီအစဉ် ကို ပြန်လည် စဉ်းစားသင့်ကြောင်း ၊ ပိုချက်တီနို ဟာ ယူနိုက်တက် နဲ့ ဥရောပ မှာ အောင်မြင်ဖို့ မဖြစ်နိုင်ကြောင်း ပြောဆို သွားခဲ့ ပါတယ်။
မန်ယူအသင်းမှာ အဝတ်လဲခန်းအတွင်း စည်းလုံးမှု ပြိုကွဲနေပုံရပြီး နည်းပြ ရန်းနစ်လည်း ထိုပြသနာကို မဖြေရှင်းနိုင်ဘဲ ရေတို အဆင်ပြေဖို့သာ ဦးစားပေးနေရပုံရကြောင်း ဂယ်ရီ နဗီးလ်က ထောက်ပြသုံးသပ်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ကွင်းလယ် ကစားသမား ဖြစ်သူ ပေါလ် ပေါ့ဂ်ဘာ က အသင်းဖော် ဖြစ်သူ ခရစ္စတီယာနို ရော်နယ်ဒိုဟာ ဒီရာသီ သူတို့တွေ အတွက် ဘယ်တုန်းကမှ ပြသနာကောင် မဖြစ်ခဲ့ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့လိုက်ပါတယ်။
မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဝါရင့် ကွင်းလယ်လူ နီမန်ဂျာ မာတစ် က ကစားသမားဘဝအတွင်း သွင်းဂိုး 800 ကျော် သွင်းထားခဲ့သူကို ဝေဖန်နေခြင်းက မိုက်မဲမှုပဲလို့ ပြောထုတ်ရင်း ရော်နယ်ဒို အပေါ် ဝေဖန်နေသူတွေကို တုန့်ပြန်ခဲ့ပါတယ်။

မန်ယူနိုက်တက် ကွင်းလယ်လူ ပေါလ် ပေါ့ဘာ ရဲ့ ကာယ လေ့ကျင့်သူ က ပြင်သစ် ကွင်းလယ်လူဟာ နွေရာသီ မှာ အသင်းသစ်ကို ပြောင်းရွှေ့ လိမ့်မယ်လို့ အရိပ်မြွက် ထုတ်ဖော်ပြောဆို သွားခဲ့ပါတယ်။
မန်ယူနိုက်တက် ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် ဟာ စပါး နဲ့ ပွဲကို အဖျားဝေဒနာကြောင့် လွဲချော် ခဲ့တာ ဖြစ်ပြီး ကိုဗစ် ဖြစ်နေတယ်လို့ သတင်းထွက်ပေါ် နေကာ ကြားရက်မှာ ကစားမယ့် အက်သလက်တီကို မက်ဒရစ် နဲ့ ပွဲကို လည်း လွဲချော်ဖို့ ရှိလာခဲ့ပါတယ်။
စပါးနဲ့ ပွဲမှာ မန်ယူအသင်းအတွက် စီ ရော်နယ်ဒို ပြန် ပါဝင်ခွင့် ရပြီး ကွင်းထဲမှာ လုံးဝ တွန်းတွန်းတိုက်တိုက် ခွန်အားအပြည့်နဲ့ ရုန်းသွားပြီး ပေါ်တူဂီသားဟာ အရန်ခုံထိုင်ဖို့ အသင်းထံ ပြန်လာသူ မဟုတ်ကြောင်း ရွိုင်ကိန်းက ဆိုခဲ့ပါတယ်။