အိုးထရက်ဖို့ဒ်မှာ လီဗာပူးကို ဂိုးအပြတ်အသတ်နဲ့ အရှက်တကွဲ ရှုံးသွားတဲ့ မန်ချက်စတာ ယူနိုက်တက်

အင်္ဂလန် ဒါဘီ ဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ ပွဲစတာနဲ့ လီဗာပူးလ်က တစ်ဂိုးသွင်းလိုက်၊ မန်ယူက တစ်ဂိုး ပေးလိုက်နဲ့ တကယ့်ကို အကြိတ်အနယ် ကန်သွားကြပါတယ်။

ပွဲအစ ၅ မိနစ်မှာပဲ ကီတာက ဂိုးစ သွင်းသလို ၁၄ မိနစ်မှာ ရော်ဘတ်ဆန်ရဲ့ဖြတ်တင်ဘောကို မက်ဂွဲယားနဲ့ လုရှောတို့ သူရှင်းမလို ငါရှင်းမလိုနဲ့ အငြင်းပွားနေကြရင်း ဘောလုံး လွတ်သွားရာမှ ဂျိုတာက တစ်ဂိုး ထပ်သွင်းလိုက်ပါတယ်။

စောစောစီးစီး နှစ်ဂိုး ပေးလိုက်ရပေမယ့် မန်ယူက ိုးထပ်ပေးရမယ်ဆိုတဲ့စိတ်ဓါတ်အပြည့်နဲ့ဆက်ကစားနေလို့ လီဗာပူးလ် ဂိုးထပ်မသွင်းဖို့ အခက်တွေ့ခဲ့ပြီး ၃၈ မိနစ်နစ်နဲ့ ၄၅+ မိနစ်တွေမှာ ဆာလားက ဂိုးတွေ ထပ်မံ သွင်းခဲ့ပါတယ်။

ရော်နယ်ဒို ကာတစ်ဂျုံးကို ခပ်ကြမ်းကြမ်း ကန်ကျောက်ခဲ့ပေမယ့် ဒိုင်လူကြီးက အဝါကဒ်ပဲ ပြပြီး သတိပေးခဲ့ပါတယ်။

ဒုတိယ ပိုင်းမှာလည်း မန်ယူပဲ ပေးဂိုးတွေ အသာစီး ယူထားပြီး မိနစ် ၅၀ မှာ ဆာလားက သူ့ရဲ့ ဟက်ထရစ်ဂိုးကို ထပ်မံ သွင်းယူ ခဲ့ပြန်ပါတယ်။ ဒိုကြီးနောက်ပိုင်း အိုးထရက်ဖို့ဒ်မှာ ဟက်ထရစ် သွင်းတဲ့ ကစားသမား တစ်ယောက် ထပ်မံ မွေးဖွားခဲ့ပါပြီ။

၅၂ မိနစ်မှာ ရော်နယ်ဒို လူကျွံအနေအထားက ဘောလုံးရယူ ဂိုးသွင်းခဲ့ပေမယ့် လူကျွံနေတာကြောင့် ပယ်ဖျက် ခံခဲ့ရပါတယ်။

မိနစ် ၆၀ မှာတော့ လူစားဝင် ကစားသမား ပေါ့ဂ်ဘာဟာ ပြိုင်ဘက်ကို ခြေစုံပစ် ဝင်တာကြောင့် အနီကဒ် ထိခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာတော့ ၅ ဂိုးပြတ်နဲ့ပဲ ပွဲသိမ်းခဲ့ပါတော့တယ်။

ဒီပွဲမှာ မန်ယူက ပေးဂိုး ၅ ဂိုး ၊ အနီကဒ် ၁ ကဒ် ၊ အဝါကဒ် ၆ ကဒ်နဲ့ ကိန်းဂဏန်းတွေမှာလီဗာပူးလ် နလန်မထူနိုင်အောင် အပြတ်အသတ် အသာစီး ရယူ နိုင်ခဲ့ပါတယ်။

ZG

အဂၤလန္ ဒါဘီ ဆိုတဲ့ ဂုဏ္ပုဒ္နဲ႔အညီ ပြဲစတာနဲ႔ လီဗာပူးလ္က တစ္ဂိုးသြင္းလိုက္၊ မန္ယူက တစ္ဂိုး ေပးလိုက္နဲ႔ တကယ့္ကို အႀကိတ္အနယ္ ကန္သြားၾကပါတယ္။

ပြဲအစ ၅ မိနစ္မွာပဲ ကီတာက ဂိုးစ သြင္းသလို ၁၄ မိနစ္မွာ ေရာ္ဘတ္ဆန္ရဲ႕ျဖတ္တင္ေဘာကို မက္ဂြဲယားနဲ႔ လုေရွာတို႔ သူရွင္းမလို ငါရွင္းမလိုနဲ႔ အျငင္းပြားေနၾကရင္း ေဘာလုံး လြတ္သြားရာမွ ဂ်ိဳတာက တစ္ဂိုး ထပ္သြင္းလိုက္ပါတယ္။

ေစာေစာစီးစီး ႏွစ္ဂိုး ေပးလိုက္ရေပမယ့္ မန္ယူက ဂိုးထပ္ေပးရမယ္ဆိုတဲ့စိတ္ဓါတ္အျပည့္နဲ႔ဆက္ကစားေနလို႔ လီဗာပူးလ္ ဂိုးထပ္မသြင္းဖို႔ အခက္ေတြ႕ခဲ့ၿပီး ၃၈ မိနစ္နစ္နဲ႔ ၄၅+ မိနစ္ေတြမွာ ဆာလားက ဂိုးေတြ ထပ္မံ သြင္းခဲ့ပါတယ္။

ေရာ္နယ္ဒို ကာတစ္ဂ်ဳံးကို ခပ္ၾကမ္းၾကမ္း ကန္ေက်ာက္ခဲ့ေပမယ့္ ဒိုင္လူႀကီးက အဝါကဒ္ပဲ ျပၿပီး သတိေပးခဲ့ပါတယ္။

ဒုတိယ ပိုင္းမွာလည္း မန္ယူပဲ ေပးဂိုးေတြ အသာစီး ယူထားၿပီး မိနစ္ ၅၀ မွာ ဆာလားက သူ႔ရဲ႕ ဟက္ထရစ္ဂိုးကို ထပ္မံ သြင္းယူ ခဲ့ျပန္ပါတယ္။ ဒိုႀကီးေနာက္ပိုင္း အိုးထရက္ဖို႔ဒ္မွာ ဟက္ထရစ္ သြင္းတဲ့ ကစားသမား တစ္ေယာက္ ထပ္မံ ေမြးဖြားခဲ့ပါၿပီ။

၅၂ မိနစ္မွာ ေရာ္နယ္ဒို လူကြၽံအေနအထားက ေဘာလုံးရယူ ဂိုးသြင္းခဲ့ေပမယ့္ လူကြၽံေနတာေၾကာင့္ ပယ္ဖ်က္ ခံခဲ့ရပါတယ္။

မိနစ္ ၆၀ မွာေတာ့ လူစားဝင္ ကစားသမား ေပါ့ဂ္ဘာဟာ ၿပိဳင္ဘက္ကို ေျခစုံပစ္ ဝင္တာေၾကာင့္ အနီကဒ္ ထိခဲ့ပါတယ္။ ဒီေနာက္ပိုင္းမွာေတာ့ ၅ ဂိုးျပတ္နဲ႔ပဲ ပြဲသိမ္းခဲ့ပါေတာ့တယ္။

ဒီပြဲမွာ မန္ယူက ေပးဂိုး ၅ ဂိုး ၊ အနီကဒ္ ၁ ကဒ္ ၊ အဝါကဒ္ ၆ ကဒ္နဲ႔ ကိန္းဂဏန္းေတြမွာလီဗာပူးလ္ နလန္မထူႏိုင္ေအာင္ အျပတ္အသတ္ အသာစီး ရယူ ႏိုင္ခဲ့ပါတယ္။