၉ မှတ် လျှော့ ပြစ်ဒဏ်၊ လူကာကူ ကြွေးတွေ ဆပ်နေရခြင်း၊ တူချယ်ကို ထိန်းဖို့ တိုက်တွန်းမှုနဲ့ ယနေ့ ချဲလ်ဆီး သတင်းများ
အဓိက Shirt Sponsor ကြီး ဖြစ်တဲ့ Three က ချဲဆီး နဲ့ လမ်းခွဲလိုက်ပြီး နောက်ပိုင်း ၊ Sleeve Sponsor ဖြစ်တဲ့ Hyundai ကလဲ ချဲဆီး နဲ့ အကြား ချုပ်ဆိုထားတဲ့ စာချုပ်တွေကို ဆိုင်းငံ့လိုက်ပြီ ဖြစ်ကြောင်း တရားဝင် ကြေငြာချက် ထုတ်ပြန်လိုက်ပါတယ်။
အာဆင်နယ် ဂန္တဝင် နောက်ခံလူဟောင်း မာတင် ကီအွန် က ချဲလ်ဆီးအသင်းမှာ ဘယ်လို ပိုင်ရှင်မျိုးပဲ ရောက်လာပါစေ အသင်း အနေနဲ့ သောမတ်စ် တူချယ်ကိုတော့ လုံးဝ ဆက်လက် ထိန်းသိမ်းထားသင့်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ချဲလ်ဆီးအနေနဲ့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က အင်တာမီလန်ကနေ တိုက်စစ်မူှး လူကာကူကို ခေါ်ယူရာမှာ အကြွေးများစွာ ကျန်ရှိနေပါသေးတယ်။ ချဲလ်ဆီးဟာ လူကာကူအတွက် ပေါင် ၉၅ သန်းမှာ တစ်ခါကို ပေါင်သန်း ၂၀ နှုန်းနဲ့ ၅ ခါ အရစ်ကျခွဲပေးမှာဖြစ်ပြီး ပေါင် ၇၁ သန်းပေးချေဖို့ ကျန်ရှိနေတယ်လို့ သိရပါတယ်။
ဗြိတိန်အစိုးရက ချဲလ်ဆီးအသင်းကို ရာသီကုန်ထိ ဆက်သွားနိုင်ဖို့အတွက် ကူညီခဲ့ပေမယ့် အသင်းဘက်က ပေးစရာ ငွေကြေးတွေကို အပြည့်အဝ မပေးနိုင်ရင် ရာသီကုန်မှာ ၉ မှတ်ထိ ရမှတ်လျော့ ပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်ပါတယ်။
ရီယို ဖာဒီနန် ကတော့ ချဲလ်ဆီး အပေါ် ဆန်ရှင် ပိတ်ဆို့မှုတွေ ဟာ ပိုင်ရှင် ရိုမန် အပေါ် ချမှတ်တယ် ဆိုတဲ့ ဘောင်ကို ကျော်လွန် သွားပြီး အသင်းကို ထိုးနှက် တိုက်ခိုက်သလို ဖြစ်နေပြီလိ့ု ဝေဖန် ထောက်ပြ သွားခဲ့ ပါတယ် ။ ဒါ့အပြင် ဖာဒီနန် က နွေရာသီမှာ ချဲလ်ဆီး ကစားသမား အများအပြား အသင်းပြောင်းနိုင်ကြောင်းလည်း သုံးသပ် သွားခဲ့ ပါတယ်။

တယ်လီဂရပ်ဖ် သတင်း အဆိုအရ ချယ်ဆီးအသင်းဟာ ကလပ်အသင်းကို ပုံမှန်လို ဖြစ်နိုင်သမျှ မြန်မြန် ပြန်ဖြစ်နိုင်အောင် တာဝန်ရှိသူတွေနဲ့ ဆွေးနွေး ညှိနှိုင်းနေပေမယ့် အစိုးရဘက်က လိုက်လျော ညှိနှိုင်းပေးလိုခြင်း မရှိဘူးလို့ သိရပါတယ်။
နယူးကာဆယ် အသင်းဟာ လာမယ့် နွေရာသီမှာ အသင်းကို နောက်တကြိမ် ငွေအင်အား အသုံးပြုပြီး အားဖြည့်ဖို့ စီစဉ် ထားကာ လိဒ်ယူနိုက်တက် ကွင်းလယ်လူ ကယ်လ်ဗင် ဖိလစ် နဲ့ ချဲလ်ဆီး ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ခံစစ်မှူး ရူဒီဂါ တို့ကို ချိန်ရွယ် နေပါတယ်။