အစွမ်းပြတဲ့ အိုဒီဂတ်နဲ့ ပါတေး၊ ရော်ဂျာ ကို အံ့အားသင့်စေခဲ့သူနဲ့ ဂန်းနားတို့ နိုင်ပွဲမှ ပြောစရာများ

အာဆင်နယ် အသင်းဟာ လက်စတာကို ပါတေး၊ လာကာဇက်တို့ သွင်းဂိုးတွေနဲ့ အတူ ၂-၀ ရလဒ်ဖြင့် ဂိုးပြတ် နိုင်ပြီး အဆင့် ၄ နေရာကို ပြန်သိမ်းလိုက်ပါတယ်။ ထိုပွဲမှာ ဂိုးသမား ရမ်ဒေးစ်က ပြိုင်ဘက် နည်းပြ ရော်ဂျာ ကို အံ့အားသင့် စေခဲ့သလို ပါတေးနဲ့ အိုဒီဂတ်တို့ကလည်း အထူး အစွမ်းပြခဲ့ပါတယ်။

သောမက်စ် ပါတေး ဟာ နောက်ပိုင်းပွဲတွေမှာ အာဆင်နယ် အသင်း အတွက် ခြေစွမ်းပြနေပြီး ဖေဖော်ဝါရီလ တစ်လတာ အကောင်းဆုံး ကစားသမား ဖြစ်ခဲ့သူပါ။ ပါတေး ဟာ ဒီနေ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့သလို ဒုတိယဂိုးရရှိအောင်လည်း စွမ်းဆောင် ပေးခဲ့ပါတယ်။

ပါတေး ဟာ လက်စတာ နဲ့ ပွဲမှာ ဘောလုံး ထိချက် အကြိမ် ၆၀ ၊ ဘောလုံးပေးပို့မှု တိကျနှုန်း ၈၃% ၊ key pass ၁ ကြိမ် ၊ ဘောလုံးယှဉ်လှရာမှာ အသာရမှု ၆ ကြိမ် ၊ ဖျက်ထုတ်မှု ၄ ကြိမ် လုပ်နိုင် ခဲ့ပါတယ် ။ အာဆင်နယ် ပရိသတ်တွေအတွက် သူတို့ မြင်တွေ့ချင်နေတဲ့ ပါတေး ရဲ့ထိပ်တန်း ခြေစွမ်းကို မြင်တွေ့ခွင့် ရနေပြီ ဖြစ်ပါတယ်။

Sky Sports ကတော့ ဒီကနေ့ပွဲရဲ့ Man of the Match အဖြစ် မာတင် အိုဒီဂတ် ကို ရွေးချယ် ပေးခဲ့ပါတယ် ။ အိုဒီဂတ် ဟာလည်း MOTM နဲ့ ထိုက်တန်အောင်လည်း တစ်ပွဲလုံး ခြေစွမ်းပြ ကစားနိုင်ခဲ့ပြီး အခွင့်အရေး ဖန်တီးမှု ၆ ကြိမ် နဲ့ Chance created အများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။

လက်စတာ စီးတီး တစ်သင်းလုံး ပေါင်းမှ အခွင့်အရေး ၃ ကြိမ်သာ ဖန်တီးနိုင်ခဲ့ချိန်မှာ အိုဒီဂတ် ဟာ ပြိုင်ဘက် အသင်းထက် နှစ်ဆ အခွင့်အရေး ဖန်တီး နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အိုဒီဂတ် ဟာ ဘောလုံးယှဉ်လှရာမှာ အသာရမှု ၅ ကြိမ် ၊ ဘောလုံး ပြန်လည် ရယူနိုင်မှု ၃ ကြိမ် လုပ်နိုင်ခဲ့ပါတယ်။

ညကပွဲမှာ အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ် ဟာ ပြိုင်ဘက် နည်းပြ အံ့အားသင့်အောင် ထပ်လုပ်ပြ သွားခဲ့ပြန်ပါတယ်။ ရမ်စ်ဒေးလ် ဟာ ဟာဗေးဘန်းစ် ရဲ့အပိုင် ခေါင်းတိုက်ချက် ကို ကာကွယ်မှု ပြုလုပ် နိုင်ခဲ့ပြီးနောက် ရုပ်သံ ရိုက်ကူးသူတွေဟာ လက်စတာ နည်းပြ ရော်ဂျာ ရဲ့ အံ့အားသင့်နေမှုကို အတိုင်းသား မြင်တွေ့ခွင့် ရခဲ့ပါတယ်။

ရမ်စ်ဒေးလ် ဟာ လက်ကျန် ၁၂ ပွဲ ကစားဖို့ ကျန်နေသေးတဲ့ အချိန်မှာပဲ ပြီးခဲ့တဲ့ ၆ နှစ်အတွင်း အာဆင်နယ် အသင်းရဲ့တစ်ရာသီ အတွင်း Clean-Sheet အများဆုံး စံချိန်(၁၂ ပွဲ) ကို လိုက်မှီ သွားခဲ့တာ ဖြစ်ပါတယ်။