ဒီရာသီ မန်ယူ ချန်ပီယံလိဂ်ဖလား ရနိုင်မလား ဆိုတာ ဖြေကြားလိုက်တဲ့ နည်းပြ ရန်းနစ်
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီရာသီ ချန်ပီယံလိဂ်ဖလားရနိုင်မလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ နည်းပြ ရန်းနစ် တုံ့ပြန်ခဲ့ပါတယ်။
စပါးနဲ့ပွဲအပြီးမှာတော့ သတင်းထောက်တယောက်က ယူနိုက်တက်တို့ ဒီရာသီချန်ပီယံလိဂ်ဖလား ရနိုင်မလားလို့ မေးမြန်းခဲ့တဲ့အပေါ် ရန်းနစ် က အခုလိုပဲ တုံ့ပြန်ခဲ့ပါတယ်။
မန်ယူ နည်းပြ ရန်းနစ် က “ဒီအသင်းနဲ့ ပတ်သက်လို့ ကျနော် သဘောကျတာ ဒါတွေကြောင့်ပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေ (မန်ချက်စတာ ဒါဘီပွဲ အပြီး) မှာ ကျနော်တို့က အသုဘ အခမ်းအနားတခုကို ရောက်နေသလို ဖြစ်ခဲ့ပြီး အရာအားလုံးက ပျက်စီးသွားသလို၊ ခေတ်တခု အဆုံးသတ်သွားသလို ခံစားခဲ့ရပါတယ်”
“ကျနော့်အနေနဲ့လည်း ကိုင်တွယ်ဖူးသမျှထဲမှာ ယူနိုက်တက်က အဆိုးရွားဆုံး အသင်းတသင်းလို ခံစားခဲ့ရပါတယ်။ အခု ကျနော်တို့က စပါးကို ၃-၂ ဂိုးနဲ့ နိုင်လိုက်တော့ ချန်ပီယံလိဂ်ဖလားရနိုင်မလားဆိုပြီး လာဆွေးနွေးနေကြပြန်ရော”
“ကျနော်တို့ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်နိုင်မလားဆိုတဲ့ မေးခွန်းကိုပဲ မေးသင့်တယ်ထင်ပါတယ်။ လတ်တလော မှာတော့ ဒီမေးခွန်းတွေက အဓိပ္ပာယ် ရှိတယ်လို့ ကျနော်မခံစားမိပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ မန်ချက်စတာဒါဘီ အဝေးကွင်းပွဲမှာ မန်စီးတီးကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပေမယ့် ဒီတပတ်မှာ စပါးကို အနိုင်ရခဲ့ပြန်တာပါ။

ZG
မန္ခ်က္စတာ ယူနိုက္တက္ဟာ ဒီရာသီ ခ်န္ပီယံလိဂ္ဖလားရႏိုင္မလားဆိုတဲ့ ေမးခြန္းနဲ႔ပတ္သက္လို႔ နည္းျပ ရန္းနစ္ တုံ႔ျပန္ခဲ့ပါတယ္။
စပါးနဲ႔ပြဲအၿပီးမွာေတာ့ သတင္းေထာက္တေယာက္က ယူႏိုက္တက္တို႔ ဒီရာသီခ်န္ပီယံလိဂ္ဖလား ရႏိုင္မလားလို႔ ေမးျမန္းခဲ့တဲ့အေပၚ ရန္းနစ္ က အခုလိုပဲ တုံ႔ျပန္ခဲ့ပါတယ္။
မန္ယူ နည္းျပ ရန္းနစ္ က “ဒီအသင္းနဲ႔ ပတ္သက္လို႔ က်ေနာ္ သေဘာက်တာ ဒါေတြေၾကာင့္ပါ။ ၿပီးခဲ့တဲ့ တနဂၤေႏြ (မန္ခ်က္စတာ ဒါဘီပြဲ အျပီး) မွာ က်ေနာ္တို႔က အသုဘ အခမ္းအနားတခုကို ေရာက္ေနသလို ျဖစ္ခဲ့ၿပီး အရာအားလုံးက ပ်က္စီးသြားသလို၊ ေခတ္တခု အဆုံးသတ္သြားသလို ခံစားခဲ့ရပါတယ္”
“က်ေနာ့္အေနနဲ႔လည္း ကိုင္တြယ္ဖူးသမွ်ထဲမွာ ယူႏိုက္တက္က အဆိုး႐ြားဆုံး အသင္းတသင္းလို ခံစားခဲ့ရပါတယ္။ အခု က်ေနာ္တို႔က စပါးကို ၃-၂ ဂိုးနဲ႔ ႏိုင္လိုက္ေတာ့ ခ်န္ပီယံလိဂ္ဖလားရႏိုင္မလားဆိုၿပီး လာေဆြးေႏြးေနၾကျပန္ေရာ”
“က်ေနာ္တို႔ ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲ ေရာက္ႏိုင္မလားဆိုတဲ့ ေမးခြန္းကိုပဲ ေမးသင့္တယ္ထင္ပါတယ္။ လတ္တေလာ မွာေတာ့ ဒီေမးခြန္းေတြက အဓိပၸာယ္ ရွိတယ္လို႔ က်ေနာ္မခံစားမိပါဘူး” လို႔ ေျပာၾကားသြားခဲ့ပါတယ္။
မန္ယူအသင္းဟာ မန္ခ်က္စတာဒါဘီ အေဝးကြင္းပြဲမွာ မန္စီးတီးကို ဂိုးျပတ္ရႈံးနိမ့္ခဲ့တဲ့ေပမယ့္ ဒီတပတ္မွာ စပါးကို အနုိင္ရခဲ့ျပန္တာပါ။