ကိန်းကို ခေါ်ချင်လာတဲ့ မန်ယူ၊ အာကြီးနဲ့တွေ့ချင်နေတဲ့ ချမ်ဘာ၊ ဆက်နေမယ့် တူချယ်နဲ့ ယနေ့ နံနက်ခင်း သတင်းများ
မန်စီးတီး အသင်း က ပဲလေစ့် နဲ့ ဂိုးမရှိ သရေကျပြီးနောက်မှာ ဂွာဒီယိုလာကတော့ ပဲလေစ့် အသင်း ကစားပုံ ကောင်းမွန်ခဲ့ကြောင်း၊ ပွဲပေါင်းများစွာ ကစားဖို့ ကျန်သေးပေမယ့် အသင်း ကစားပုံအတွက် နောင်တ မရခဲ့ကြောင်း၊ အဆင် မပြေတဲ့ မြက်ခင်းမှာ ခက်ခဲတဲ့ ပြိုင်ဘက်နဲ့ ကစားခဲ့ရပေမယ့် သူတို့ အသင်း ကစားပုံ ကျေနပ်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးနည်းပြတူချယ်က သူ့အနာဂတ်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ရာသီကုန်အထိ အသင်းမှာ ဆက်နေမယ်ဆိုတာ သံသယ မရှိကြောင်း၊ လက်ရှိမှာ အရာရာက ပြောင်းလဲနေလို့ တစ်ရက်ချင်းစီ ဖြတ်ကျော်ရမှာဖြစ်ကြောင်း၊ အသင်းနဲ့ ပတ်သက်ပြီးမှာ သူတို့မှာ သတင်းအချက်အလက်တွေ ကြိုတင်မသိရကြောင်း ဖွင့်ဟခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ စပါးတိုက်စစ်မှူးကို ဟယ်ရီကိန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ စပါးဘက်ကလည်း စာချုပ်သက်တမ်း ၂ နှစ်သာ ရှိတော့တဲ့ ကိန်းကို လာမဲ့နွေမှာ ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပြီး အထောင်တိုက်စစ်မှူးလိုအပ်နေတဲ့ မန်ယူက ခေါ်ယူ လိုနေတာပါ။

ဆန်းဒါးလန်းနည်းပြဟောင်း ဒီကာနီယိုက ပီအက်စ်ဂျီတိုက်စစ်မူှးမက်ဆီရဲ့ကွင်းအတွင်း Body Language ကို ဝေဖန်ခဲ့ပြီး မက်ဆီရဲ့ခြေစွမ်းကောင်းကို မြင်ရဖို့ ပရိသတ်ပေါင်းများစွာက စောင့်နေကြတာဖြစ်ကြောင်း၊ မက်ဆီဟာ ခံစားချက် မရှိဘဲ အသက်မဲ့နေသူဖြစ်ကာ သူ့ရဲ့ ကိုယ်ရည်ကိုယ်သွေးကလည်း အကန့်အသတ်ရှိကြောင်း ဆိုခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်ဟာ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ကိုဗစ်ပြဿနာနဲ့ ရင်ဆိုင်နေရပါတယ်။လက်ရှိမှာ မန်ယူအသင်းမှာ ဖာနန်ဒက်စ်နဲ့ လုရှောခ်တို့ ကိုဗစ်ကူးစက်နေပြီး အက်သလက်တီကိုနဲ့ ပွဲမှာ ပါဝင်ဖို့ မသေချာဖြစ်နေတာပါ။ ဖာနန်ဒက်စ်ဟာ စပါးနဲ့ပွဲကို ကိုဗစ်ကြောင့် လွဲချော်ခဲ့ပါတယ်။
လီဗာပူးအသင်းက ဂိုးသမားဖြစ်တဲ့ ကယ်လဟာ ကို လာမယ့် နွေမှာ အသင်းကနေ ရောင်းတာ၊ အငှားချတာ လုပ်မှာ မဟုတ်ဘူးလို့ Daily Mail က ဆိုပါတယ်။ ဒီ ၂၃ နှစ်သားက ကာရာဘောင် ဖလား ရဖို့အတွက် အဓိက လက်စွမ်းပြခဲ့သူဖြစ်ပြီး ကလပ်တော်တော်များများက ခေါ်ယူချင်နေပါတယ်။

ဗီလာနောက်ခံလူ ချန်ဘာကတော့ အသင်းဟောင်း အာဆင်နယ်နဲ့ ရင်ဆိုင်ရမဲ့ လာမဲ့တစ်ပတ် ပရီးမီးယားလိဂ်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်။ ချန်ဘာဟာ ဝက်စ်ဟမ်းကို ၂-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာဒဏ်ရာရရှိခဲ့တာပါ။ ချန်ဘာဟာ ဗီလာမှာ ခြေစွမ်းပြသပြီး တိုးတက်နေတာပါ။
မန်ယူအသင်းက ဟားလန်းကို ခေါ်ယူဖို့အတွက် မဖြစ်နိူင်သလောက်ရှိသလို ပြိုင်ဘက်ဖြစ်တဲ့ မန်စီးတီး အသင်းကို လက်လွှတ်ရဖို့ များနေပါတယ်။ ဒါကြောင့် မန်ယူအသင်းက စပါးအသင်းကနေထွက်ချင်နေတဲ့ ကိန်းကို ခေါ်ယူဖို့အတွက် ပြန်လည် စိတ်ဝင်စားလာတယ်လို့ Mirror သတင်း က ဆိုပါတယ်။

ဘာစီလိုနာအနေနဲ့ လီဗာပူး တိုက်စစ်မှုး ဆာလတ်ကို ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားဆဲဖြစ်ပါတယ်။ ဘာစီလိုနာ က လာမဲ့နွေရာသီမှာ ဒေ့ါမွန်တိုက်စစ်မှူးဟာလန်းကို အဓိကကြိုးပမ်းသွားမှာဖြစ်ပြီး ဟာလန်းကို မရခဲ့ရင် Plan B အနေနဲ့ ဆာလတ်ဘက်ကို မြားဦးလှည့်မှာပါ။ ဆာလတ်ရဲ့ လစာတောင်းဆိုမှု များပြားလို့ လီဗာပူးအနေနဲ့ သက်တမ်း တိုးမြှင့်ဖို့ မရေရာဖြစ်နေတာပါ။