အိုးထရက်ဖို့ဒ်ကွင်း ဖြိုချဖို့ အစီစဉ်၊ တီကိုဘက် ဒိုလေး ဟက်ထရစ်သွင်းဖို့ ရန်နစ် မျှော်လင့်ခြင်းနဲ့ မန်ယူ သတင်းများ

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ သမိုင်းဝင် အိုးထရက်ဖိုဒ့် ကွင်းကြီးကို အသစ်ပြန်လည် တည်ဆောက် ဖို့ စီစဉ် နေပြီး လက်ရှိ ကွင်းကို ဖြိုချ သွားဖို့ စဉ်းစား နေတယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ကွင်းကို ဖြိုချပြီး အသစ်တည်ဆောက်နေစဉ် အတွင်း အိမ်ကွင်းပွဲတွေကို ဘယ်လို ကစားမလဲ ဆိုတာကို အကြပ်ရိုက်နေကြဆဲပါ။

အက်သလက်တီကို မက်ဒရစ်ရဲ့ နည်းပြဖြစ်သူ ဆီမြွန်နီ ကတော့ သူတို့အသင်းဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားရမယ့် ချန်ပီယံလိဂ် ၁၆သင်း ရှုံးထွက်အဆင့် ဒုတိယအကျော့ ပွဲစဉ်မှာ အင်္ဂလန် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ယူပြမယ်လို့ ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်က ဒီကနေ့ည ကစားမယ့် အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲမှာ ရော်နယ်ဒို ဟက်ထရစ်ထပ်သွင်းဖို့ မျှော်လင့်တဲ့အကြောင်း သွယ်ဝိုက်ပြောကြားလာပါတယ်။

“အခု လာမယ့် အက်သလက်တီကိုနဲ့ပွဲမှာရော သူ ဟက်ထရစ်သွင်းနိုင်ဦးမလား ကျနော်တို့ ကြည့်ကြတာပေါ့။ စနေညက စွမ်းဆောင်ရည်မျိုးကို အက်သလက်တီကိုနဲ့ပွဲမှာ ရော်နယ်ဒို ထပ်မံပြသဖို့ မျှော်လင့်ထားပါတယ်” လို့ ရန်းနစ်ဂ်က ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်ကတ် ဟာ မနေ့က ချန်ပီယံလိဂ် ပွဲကြို လေ့ကျင့်မှု ပြုလုပ် ခဲ့ပြီး စနေနေ့ ပွဲတုန်းက မပါဝင် ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ် နဲ့ လုခ်ရှော တို့ ပြန်လည် ပါဝင် လာခဲ့တယ်လို့ သိရပါတယ်။

မန်ယူအသင်းဟာ ၎င်းတို့ရဲ့ ပစ်မှတ်ဟောင်း ဟယ်ရီကိန်းကို လာမယ့်နွေရာသီအတွင်း ထပ်မံခေါ်ယူသွားဖို့ မန်စီးတီး အသင်းနဲ့အပြိုင် ကြိုးစားသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဝါရင့် တိုက်စစ်ကစားသမားကြီး ကာဗာနီဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးရင် သက်တမ်းလည်း ထပ်တိုးတော့မှာ မဟုတ်ပဲ အသင်းနဲ့လမ်းခွဲပြီး နောက်ထပ် အသင်းသစ် ပြောင်းရွှေ့ဖွယ် ရှိနေရာ စပိန်လာလီဂါ ကလပ်အသင်းတွေဆီကိုသာ ဦးစားပေး ပြောင်းရွှေ့သွားလိမ့်မယ်လို့ ဖာဘရီဇီယို ရိုမာနိုက ဖော်ပြလာခဲ့ပါတယ်။