ကွင်းပိတ်ကစားဖို့ တောင်းဆိုခြင်း၊ ဆောဒီအဖွဲ့ ကမ်းလှမ်းမှု၊ နေ့စဉ် တောင်းဆိုနေခြင်းနဲ့ ချဲလ်ဆီး သတင်းများ
UEFA ဟာ ပရီးမီးယားလိဂ် လိုမျိုး ရုပ်သံ ထုတ်လွှင့်မှု ဆန်ရှင် မချမှတ် ထားတာကြောင့် ချဲလ်ဆီး နဲ့ လိုင်လီ တို့ ကစားမယ့် ချန်ပီယံလိဂ် ၁၆ သင်းဆင့် ဒုတိယအကျော့ ပွဲကို ရုရှားမှာ ထုတ်လွှင့် ပြသ နိုင်မယ်လို့လည်း သိရပါတယ်။
ဆော်ဒီနိုင်ငံရဲ့ နာမည်ကြီး မီဒီယာ တခု ဖြစ်တဲ့ Saudi Media Group (SMG) ဟာ လတ်တလောမှာ အကြပ်အတည်းတွေနဲ့ ကြုံတွေ့နေရတဲ့ ချဲလ်ဆီး အသင်းကို ပေါင် ၂.၇ ဘီလီယံနဲ့ ဝယ်ယူဖို့ အတွက် ကမ်းလှမ်းမှု တရပ် ပြုလုပ်ခဲ့ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ချဲလ်ဆီး အသင်းကတော့ လက်ကျန် ပွဲတွေ အတွက် လက်မှတ်ရောင်းချခွင့် ရရှိရေးကို ဗြိတိန် အစိုးရထံ နေ့စဉ် တင်ပြ တောင်းဆို နေတယ်လို့ သိရပါတယ်။
ချဲလ်ဆီး အသင်းဟာ မစ်ဒယ်ဘရော့နဲ့ အက်ဖ်အေဖလား ပွဲစဉ်ကို အားကစားပိုင်း ပေါင်းစည်းမှု လိုအပ်ချက် အရ ဆိုတဲ့ အကြောင်းပြချက်နဲ့ကွင်းပိတ် ကစားဖို့ အက်ဖ်အေ အား တောင်းဆိုနေပါတယ်။
အေဘရာမိုဗစ်ချ်နဲ့ ပတ်သက်ပြီး ဗြိတိန်အစိုးရက ပိတ်ဆို့မှုတွေ ပြုလုပ်ခဲ့ပြီးနောက် တူချယ် အသင်းကနေ ထွက်ခွာမယ် သတင်းတွေ ထွက်လာပေမယ့် တူချယ်က “ကျွန်တော် ရာသီကုန်ထိ အသင်းမှာ ဆက်ရှိမယ်ဆိုတာ သေချာပါတယ်”လို့ ပြောခဲ့ပါတယ်။
တူချယ်ရဲ့အနာဂတ်နှင့် ပတ်သက်ပြီး မေးမြန်းရာတွင် ပီတာချက်က လက်ရှိစာချုပ်တွေအားလုံးက အသက်ဝင် နေသေးတာဖြစ်ပြီး ဂျာမန်သားကလည်း စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်ရှိနေမယ်လို့ မျှော်လင့်ကြောင်းပြောခဲ့ပါတယ်။
ချဲလ်ဆီး နည်းပြ သောမတ်စ် တူချယ် က လိုင်လီသို့ ခရီးနှင်ဖို့ အတွက် ကလပ်ဖက်မှ လေယာဉ် တစီး စီစဉ် ထားကြောင်း အသိပေးရင်း ၊ အကယ်၍ ကလပ်ဖက်မှ စီစဉ်ပေးဖို့ မတတ်နိုင်ရင် သူကိုယ်တိုင် အသင်းသားတွေကို ၇ ယောက်စီး ကားနဲ့ ပြင်သစ်သို့ မောင်းပို့ပေးမှာ ဖြစ်ကြောင်း ဖွင့်ဟလာခဲ့ပါတယ်။

ချဲလ်ဆီး အသင်းကို ပေါင် ၂ ဘီလီယံ နဲ့ ဝယ်ယူဖို့ နီးစပ် နေတဲ့ နစ် ကန်ဒီ ဟာ အသင်းအတွင်းမှာ ပရိသတ်တွေ ရဲ့ ပိုင်ဆိုင်ခွင့် ( Fan Ownership ) ကို ထည့်သွင်း သွားဖို့ စဉ်းစား ထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။
ဒါ့အပြင် ချဲလ်ဆီး ကို ဝယ်ယူဖြစ်ခဲ့ပါက သူပိုင်ဆိုင်တဲ့ ငွေကြေးအချို့ ကိုလည်း အသင်းထံ ချေးငှား ပေးသွားမယ်လို့ သိရပါတယ်။