ရွန်းနီ မှတ်တမ်းကို ကျော်ဖြတ်ပြီး သွင်းဂိုးစံချိန်သစ် တင်လိုက်တဲ့ စပါးတိုက်စစ်မှုး ကိန်း

စပါးကြယ်ပွင့် တိုက်စစ်မှုး ဟယ်ရီကိန်းဟာ ဘရိုက်တန်နဲ့ပွဲမှာ အသင်းအတွက် ဒုတိယ ဦးဆောင်ဂိုး သွင်းယူပေးခဲ့သလို ပရီးမီးယားလိဂ်သမိုင်းမှာ အဝေးဂိုး အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ကိန်းဟာ ဒီရာသီမှာ လိဂ်ဂိုး ၁၂ ဂိုး သွင်းယူခဲ့ပြီး ထိပ်တန်းဂိုးသွင်းရှင်စာရင်းမှာ ရော်နယ်ဒို၊ ဂျိုတာ၊ မာနေးတို့နဲ့အတူ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ စပါးအတွက် အဖိုးတန်တဲ့ အဝေးကွင်းနိုင်ပွဲ ရရှိခဲ့သလို ကိန်းဟာလဲ ပရီးမီးယားလိဂ် သမိုင်းမှတ်တမ်းဝင်ခဲ့တာပါ။

ရိုမဲရိုးက ပထမပိုင်းမှာ ဦးဆောင်ဂိုး သွင်းယူခဲ့ပြီးနောက် ပွဲချိန် တစ်နာရီမပြည့်ခင်မှာပဲ ကိန်းက ဒုတိယဂိုးကို သွင်းယူ ခဲ့တာဖြစ်ပါတယ်။

အင်္ဂလန်သားဟာ ဘရိုက်တန်ရဲ့ နောက်ခံလူတွေကို ဖြတ်ကျော်ပြီး ရိုဒရီဂို ဘန်တန်ကာဆီက တိကျတဲ့ ပေးပို့မှုတစ်ခုကို လက်ခံရယူခဲ့ပြီးနောက် ရောဘတ်ဆန်းချက်ကို အလွတ်တကူ ကျော်ဖြတ်ပြီး ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။

ဒီသွင်းဂိုးနဲ့အတူ သူဟာ ပရီးမီးယားလိဂ် အဝေးကွင်း စုစုပေါင်း ၁၃၉ ပွဲမှာ ၉၅ ဂိုးထိ ရရှိခဲ့တဲ့နောက် ထာဝရ ထိပ်တန်း အဝေးဂိုးသွင်းရှင် စာရင်းမှာ ဒုတိယနေရာက ဝိန်းရွန်းနီထက် တစ်ဂိုးအသာနဲ့ စံချိန်သစ် တင်ခဲ့ပါတယ်။

ဒါပေမယ့် ဝိန်းရွန်းနီက ၉၄ ဂိုးရဖို့ ၂၄၃ ပွဲကစားဖို့ လိုအပ်ခဲ့ချိန် ကိန်းကတော့ ၁၃၉ ပွဲထဲနဲ့ ၉၅ ဂိုးသွင်းယူခဲ့တာဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်ကြယ်ပွင့်ဟောင်းထက် ၁၀၄ ပွဲ ပိုနည်းပြီး ကစားထားတာ ဖြစ်ပါတယ်။

ZG

စပါးၾကယ္ပြင့္ တိုက္စစ္မႈး ဟယ္ရီကိန္းဟာ ဘ႐ိုက္တန္နဲ႔ပြဲမွာ အသင္းအတြက္ ဒုတိယ ဦးေဆာင္ဂိုး သြင္းယူေပးခဲ့သလို ပရီးမီးယားလိဂ္သမိုင္းမွာ အေဝးဂိုး အမ်ားဆုံး ကစားသမား ျဖစ္လာခဲ့ပါတယ္။

ကိန္းဟာ ဒီရာသီမွာ လိဂ္ဂိုး ၁၂ ဂိုး သြင္းယူခဲ့ၿပီး ထိပ္တန္းဂိုးသြင္းရွင္စာရင္းမွာ ေရာ္နယ္ဒို၊ ဂ်ိဳတာ၊ မာေနးတို႔နဲ႔အတူ ဒုတိယေနရာမွာ ရပ္တည္ေနပါတယ္။ စပါးအတြက္ အဖိုးတန္တဲ့ အေဝးကြင္းႏိုင္ပြဲ ရရွိခဲ့သလို ကိန္းဟာလဲ ပရီးမီးယားလိဂ္ သမိုင္းမွတ္တမ္းဝင္ခဲ့တာပါ။

႐ိုမဲ႐ိုးက ပထမပိုင္းမွာ ဦးေဆာင္ဂိုး သြင္းယူခဲ့ၿပီးေနာက္ ပြဲခ်ိန္ တစ္နာရီမျပည့္ခင္မွာပဲ ကိန္းက ဒုတိယဂိုးကို သြင္းယူ ခဲ့တာျဖစ္ပါတယ္။

အဂၤလန္သားဟာ ဘ႐ိုက္တန္ရဲ႕ ေနာက္ခံလူေတြကို ျဖတ္ေက်ာ္ၿပီး ႐ိုဒရီဂို ဘန္တန္ကာဆီက တိက်တဲ့ ေပးပို႔မႈတစ္ခုကို လက္ခံရယူခဲ့ၿပီးေနာက္ ေရာဘတ္ဆန္းခ်က္ကို အလြတ္တကူ ေက်ာ္ျဖတ္ၿပီး ဂိုးသြင္းယူခဲ့တာ ျဖစ္ပါတယ္။

ဒီသြင္းဂိုးနဲ႔အတူ သူဟာ ပရီးမီးယားလိဂ္ အေဝးကြင္း စုစုေပါင္း ၁၃၉ ပြဲမွာ ၉၅ ဂိုးထိ ရရွိခဲ့တဲ့ေနာက္ ထာဝရ ထိပ္တန္း အေဝးဂိုးသြင္းရွင္ စာရင္းမွာ ဒုတိယေနရာက ဝိန္း႐ြန္းနီထက္ တစ္ဂိုးအသာနဲ႔ စံခ်ိန္သစ္ တင္ခဲ့ပါတယ္။

ဒါေပမယ့္ ဝိန္း႐ြန္းနီက ၉၄ ဂိုးရဖို႔ ၂၄၃ ပြဲကစားဖို႔ လိုအပ္ခဲ့ခ်ိန္ ကိန္းကေတာ့ ၁၃၉ ပြဲထဲနဲ႔ ၉၅ ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး မန္ခ်က္စတာ ယူႏိုက္တက္ၾကယ္ပြင့္ေဟာင္းထက္ ၁၀၄ ပြဲ ပိုနည္းၿပီး ကစားထားတာ ျဖစ္ပါတယ္။