ယူရိုပါလိဂ် ဆရာကြီး ဆီဗီလာကို ဖြုတ်ချပြီးနောက် ဘာစီလိုနာကို စိန်ခေါ်လိုက်တဲ့ ဒီကလန် ရိုက်စ်

ဝက်စ်ဟမ်း အသင်းဟာ ဆီဗီလာ အသင်းကို ယူရိုပါလိဂ်ကနေ ဖြုတ်ချခဲ့ပြီးနောက် ဘယ်အသင်းကို မဆိုကြောက်ရွံ့ခြင်း မရှိကြောင်းနဲ့ ဘာစီလိုနာ နဲ့ ကွာတားဖိုင်နယ် မှာတွေ့ရမယ်ဆိုရင်လည်း ကြိုဆိုတယ်လို့ ပြောလိုက်ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ ယူရိုပါလိဂ်ရဲ့အအောင်မြင်ဆုံး ဆရာကြီး အသင်းဖြစ်တဲ့ ဆီဗီလာ အသင်းကို ပွဲချိန်အတွင်းမှာ (၁)ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။အဲ့ဒါကြောင့် နှစ်ကျော့ပေါင်းရလဒ် (၁)ဂိုးစီ သရေကျနေတာကြောင့် အချိန်ပိုဆက်လက်ကစားခဲ့ရပါတယ်။

အချိန်ပိုမှာ ဝက်စ်ဟမ်း အသင်းအတွက် ယာမိုလန်ကို က အနိုင်ဂိုးသွင်းဂိုးပေးခဲ့တာကြောင့် ဝက်စ်ဟမ်း အသင်း အနိုင်ရပြီး ယူရိုပါလိဂ်ကွာတားဖိုင်နယ် အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ဝက်စ်ဟမ်း အသင်းဟာ ကွာတားဖိုင်နယ် အဆင့်မှာ ဘာစီလိုနာ၊လိုက်ပ်ဇစ်နဲ့ အတ္တလန္တာတို့လို အသင်းကြီးတွေနဲ့ တွေ့ရဖွယ်ရှိနေတာပါ။

ဒီကလန်ရိုက်စ် က “လိဒ်စ်နဲ့ အက်ဖ်အေဖလား ပွဲအပြီးမှာ ဒါကိုပြောခဲ့ပါတယ်။ ဘယ်အသင်းနဲ့ တွေ့တွေ့ အကောင်းဆုံးလုပ်သွားမှာ။ဘယ်အသင်းကိုမှ ကြောက်စရာမရှိပါဘူး။ ဆီဗီလာ အသင်းက လူကြိုက် အများဆုံး ဖြစ်နိုင်ပါတယ်”

“မဲခွဲတဲ့ အခါမှာ ကျွန်တော်တို့ဟာ အခက်အခဲဆုံးမဲခွဲမှုလို့တောင် ထင်ခဲ့ကြပါတယ်။ ကျွန်တော်တို့ ထွက်ခွာရမယ် ဆိုပြီးတော့ပေါ့။ဒါပေမယ့် ကျွန်တော်တို့ သူတို့ကို ထွက်ခွာရအောင်ပြုလုပ်နိုင်ခဲ့ပါပြီ။ အဲ့ဒါကြောင့် ကျွန်တော်တို့ဟာ ဘယ်သူနဲ့ မဆို တွေ့ဆုံဖို့ အဆင်သင့်ဖြစ်နေပါပြီ”

“ဘာစီလိုနာနဲ့ တွေ့ဆုံနိုင်ဖွယ်နဲ့ ပတ်သက်ပြီး ဘာစီလိုနာ ကို သွားပြီး ရင်ဆိုင်ရတာဟာ ထူးခြားပါလိမ့်မယ်။ကျွန်တော် ပြောခဲ့သလိုပဲ ဒီအသင်းဟာ ထိုက်တန်ပါတယ်။ ကျွန်တော်တို့ဟာ မိုယက်စ် စတင်ကိုင်တွယ်ခဲ့တဲ့ ဥရောပမနှစ်က ရာသီက တန်းဆင်းဇုန်တိုက်ပွဲအတွက်လည်း ကြိုးစားခဲ့ရပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဝက်စ်ဟမ်း အသင်းဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၆)နေရာမှာ ရပ်တည်နေပြီး လာမယ့်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်ရနိုင်ဖို့ မျှော်လင့်ချက်နဲ့ ကြိုးစားနေတာဖြစ်ပါတယ်။

ZG

ဝက္စ္ဟမ္း အသင္းဟာ ဆီဗီလာ အသင္းကို ယူ႐ိုပါလိဂ္ကေန ျဖဳတ္ခ်ခဲ့ၿပီးေနာက္ ဘယ္အသင္းကို မဆိုေၾကာက္႐ြံ႕ျခင္း မရွိေၾကာင္းနဲ႔ ဘာစီလိုနာ နဲ႔ ကြာတားဖိုင္နယ္ မွာေတြ႕ရမယ္ဆိုရင္လည္း ႀကိဳဆိုတယ္လို႔ ေျပာလိုက္ပါတယ္။

ဝက္စ္ဟမ္း အသင္းဟာ ယူ႐ိုပါလိဂ္ရဲ႕အေအာင္ျမင္ဆုံး ဆရာၾကီး အသင္းျဖစ္တဲ့ ဆီဗီလာ အသင္းကို ပြဲခ်ိန္အတြင္းမွာ (၁)ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရခဲ့ပါတယ္။အဲ့ဒါေၾကာင့္ ႏွစ္ေက်ာ့ေပါင္းရလဒ္ (၁)ဂိုးစီ သေရက်ေနတာေၾကာင့္ အခ်ိန္ပိုဆက္လက္ကစားခဲ့ရပါတယ္။

အခ်ိန္ပိုမွာ ဝက္စ္ဟမ္း အသင္းအတြက္ ယာမိုလန္ကို က အႏိုင္ဂိုးသြင္းဂိုးေပးခဲ့တာေၾကာင့္ ဝက္စ္ဟမ္း အသင္း အႏိုင္ရၿပီး ယူ႐ိုပါလိဂ္ကြာတားဖိုင္နယ္ အဆင့္ကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။ဝက္စ္ဟမ္း အသင္းဟာ ကြာတားဖိုင္နယ္ အဆင့္မွာ ဘာစီလိုနာ၊လိုက္ပ္ဇစ္နဲ႔ အတၱလႏၲာတို႔လို အသင္းႀကီးေတြနဲ႔ ေတြ႕ရဖြယ္ရွိေနတာပါ။

ဒီကလန္႐ိုက္စ္ က “လိဒ္စ္နဲ႔ အက္ဖ္ေအဖလား ပြဲအၿပီးမွာ ဒါကိုေျပာခဲ့ပါတယ္။ ဘယ္အသင္းနဲ႔ ေတြ႕ေတြ႕ အေကာင္းဆုံးလုပ္သြားမွာ။ဘယ္အသင္းကိုမွ ေၾကာက္စရာမရွိပါဘူး။ ဆီဗီလာ အသင္းက လူႀကိဳက္ အမ်ားဆုံး ျဖစ္ႏိုင္ပါတယ္”

“မဲခြဲတဲ့ အခါမွာ ကြၽန္ေတာ္တို႔ဟာ အခက္အခဲဆုံးမဲခြဲမႈလို႔ေတာင္ ထင္ခဲ့ၾကပါတယ္။ ကြၽန္ေတာ္တို႔ ထြက္ခြာရမယ္ ဆိုၿပီးေတာ့ေပါ့။ဒါေပမယ့္ ကြၽန္ေတာ္တို႔ သူတို႔ကို ထြက္ခြာရေအာင္ျပဳလုပ္ႏိုင္ခဲ့ပါၿပီ။ အဲ့ဒါေၾကာင့္ ကြၽန္ေတာ္တို႔ဟာ ဘယ္သူနဲ႔ မဆို ေတြ႕ဆုံဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ”

“ဘာစီလိုနာနဲ႔ ေတြ႕ဆုံႏိုင္ဖြယ္နဲ႔ ပတ္သက္ၿပီး ဘာစီလိုနာ ကို သြားၿပီး ရင္ဆိုင္ရတာဟာ ထူးျခားပါလိမ့္မယ္။ကြၽန္ေတာ္ ေျပာခဲ့သလိုပဲ ဒီအသင္းဟာ ထိုက္တန္ပါတယ္။ ကြၽန္ေတာ္တို႔ဟာ မိုယက္စ္ စတင္ကိုင္တြယ္ခဲ့တဲ့ ဥေရာပမႏွစ္က ရာသီက တန္းဆင္းဇုန္တိုက္ပြဲအတြက္လည္း ႀကိဳးစားခဲ့ရပါတယ္”လို႔ ဆိုခဲ့ပါတယ္။

ဝက္စ္ဟမ္း အသင္းဟာ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္(၆)ေနရာမွာ ရပ္တည္ေနၿပီး လာမယ့္ရာသီ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရႏိုင္ဖို႔ ေမွ်ာ္လင့္ခ်က္နဲ႔ ႀကိဳးစားေနတာျဖစ္ပါတယ္။