အမ်မရီကို ထုတ်တာ မှားတယ် ဆိုသူ၊ အင်္ဂလန်အသင်းအတွက် ခေါ်ခံရတဲ့ ဂန်းနား ၄ဦးနဲ့ ယနေ့ အာဆင်နယ် သတင်းများ
ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဂျိုလ်ကိုးက အာဆင်နယ်အနေနဲ့ နည်းပြအမ်မရီကို ထုတ်ပယ်ခဲ့တာ မှားယွင်း ခဲ့ကြောင်း၊ အမ်မရီဟာ ဥရောပမှာ အတွေ့အကြုံ ရင့်ကျက်တဲ့ နည်းပြဖြစ်ကြောင်း၊ တစ်ခါတလေကျရင် နည်းပြကောင်း တစ်ဦးဟာ အသင်းတစ်သင်းနဲ့ မကိုက်ညီတာ ဖြစ်တတ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ ဆွစ်ဇာလန်၊ အိုင်ဗရီကို့စ်တို့နဲ့ ယှဉ်ပြိုင်မဲ့ နိုင်ငံတကာပွဲစဉ်တွေ အတွက် ်လူစာရင်းကို ထုတ်ပြန်ခဲ့ရာ အာဆင်နယ်က ကစားသမား ၄ ဦးအထိ ရွေးချယ်ခဲ့ပါတယ်။ ဂိုးသမားရမ်ဒေးစ်၊ နောက်ခံလူ ဘန်ဝှိုက်၊ လူငယ်ကြယ်ပွင့်တွေဖြစ်တဲ့ ဆာကာနဲ့ စမစ်ရို့စ်တို့ ရွေးချယ်ခံခဲ့ရတာပါ။

အာဆင်နယ်နည်းပြ အာတီတာက လီဗာပူးနဲ့ပွဲမှာ ဂျိုုတာရဲ့ဂိုးအတွက် ဂိုးသမားရမ်ဒေးစ်ဟာ သူ့ကိုယ်သူ မကျေမနပ်ဖြစ်နေကြောင်း၊ ဒါပေမဲ့ ရမ်ဒေးစ်ဟာ ပွဲစဉ်တိုင်းမှာ အရေးပါတဲ့ကာကွယ်မှုတွေပြုလုပ်ခဲ့ပြီး အသင်းကို ကူညီပေးခဲ့ကြောင်း၊ လီဗာပူးနဲ့ပွဲမှာ သူတို့အနေနနဲ့ ကံမကောင်းစွာနဲ့ နှစ်ဂိုးပေးလိုက်ရကြောင်း ဆိုခဲ့ပါတယ်။
အာဆင်နယ်နည်းပြ အာတီတာက သူတို့ရဲ့ပွဲစဉ်ဇယားစီစဉ်မှုနဲ့ ပတ်သက်ပြီး ပရီးမီးယားလိဂ်ကို ဝေဖန်ခဲ့ပြီး သူတို့အပေါ် ပွဲစဉ်ဇယားရေးဆွဲမှုဟာ မမျှတကြောင်း၊ ဒါပေမဲ့ ကစားသမားတွေအနေနဲ့ ကောင်းကောင်းအိပ်၊ကောင်းကောင်းစားပြီး ဗီလာနဲ့ပွဲမှာ ခွန်အားပြည့်ဝနေမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။
တိုက်စစ်မှူး လာကာဇက်အနေနဲ့ အသင်းမှာ ဆက်နေဖွယ်ရှိကြောင်း အာဆင်နယ်နည်းပြအာတီတာက အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။ လာကာဇက်ဟာ အသင်းအတွက် အားကိုးရသူဖြစ်ကြောင်း၊ သူတို့အနေနဲ့ စာချုပ်ကိစ္စနဲ့ ပတ်သက်ပြီး အကောင်းဆုံး ဖြေရှင်းသွားမှာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
လီဗာပူးနောက်ခံလူ ရော်ဘတ်ဆန်ကတော့ အာဆင်နယ်တိုက်စစ်မှူးတွေဖြစ်ကြတဲ့ ဆာကာနဲ့ မာတင်နယ်လီတို့ကို ချီးကျူးသွားခဲ့ပြီး သူတို့နှစ်ဦးဟာ အလွန်ကြိုးစားခဲ့ကြောင်း၊ အာနိုးလ်ကလည်းအလွန်တောက်ပတဲ့စွမ်းရည်ကို ပြခဲ့ပြီး အလွန် ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

မန်ယူ ကစားသမားဟောင်း ဂယ်ရီနဗီးလ်က ဒီရာသီမှာ မန်ချက်စတာယူနိုက်တက်ဟာ အာဆင်နယ်ရဲ့အထက်မှာ ရပ်တည်နေမှာဖြစ်ကြောင်း၊ အာဆင်နယ်အနေနဲ့ လက်ကျန်ပွဲစဉ်တွေမှာ အမှတ်လျှော့နိုင်တယ်လို့တွေးထင်မိပြီး အာဆင်နယ်ဟာ ချန်ပီယံလိဂ်ဝင်ခွင့်မရရင် အံ့အားသင့်မိမှာ မဟုတ်ကြောင်း ဆိုခဲ့ပါတယ်။