ရှုံးမဲ မဲ ပြီး အားကစား စိတ်ဓာတ် မရှိစွာ ပြုမူခဲ့လို့ ဝေဖန် ပြောဆိုခံနေရတဲ့ စီ ရော်နယ်ဒို

ယူနိုက်တက် ဝ-၅ လီဗာပူးလ်ပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက်ကစားသမားတွေဟာ သူတို့ရဲ့ပုံမှန်ခြေစွမ်းအောက်ကို နိမ့်ကျနေခဲ့ပြီး အိမ်ကွင်းမှာ ပြိုင်ဘက်ကို ဆိုးဆိုးရွားရွားအရေးနိမ့်ခဲ့ပါတယ်။

အသင်းခေါင်းဆောင်မက်ဂွိုင်းယားရဲ့ အမှားတွေကတဆင့် လီဗာပူးလ်က အဖွင့်ဂိုး ၂ ဂိုးကို စောစောစီးစီးပဲ သွင်းယူနိုင်ခဲ့ကာ ပွဲကို ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။

အားကစား စိတ်ဓာတ်မရှိတဲ့ အပြုအမူအတွက် ရော်နယ်ဒိုမှာလည်း ပြောစရာတွေကလည်း ဖြစ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ကာတစ်ဂျုံးစ်နဲ့ ဘောလုံးယှဉ်လုခဲ့ရာမှာ မလိုအပ်ဘဲ ကြမ်းကြမ်းတမ်းတမ်းကစားခဲ့ပြီး ဗိုက်အောက်ရောက်နေတဲ့ ဘောလုံးကိုလည်း ကန်ကျောက်ပစ်ခဲ့လို့ ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။

အားကစားသမား မပီသတဲ့အပြုအမူကို ရော်နယ်ဒိုက ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်အတွက် အနီကတ် ပြသခံသင့်တယ်လို့ ဝေဖန်ခဲ့ကြပြီး ပေါ်တူဂီတိုက်စစ်မှူးဟာ ရှုံးမဲမဲခဲ့တယ်လို့လည်း ပြစ်တင်ခံခဲ့ရပါတယ်။

ကွင်းလယ်ဒိုင်ကတော့ ဒီလုပ်ရပ်အတွက် ရော်နယ်ဒိုကို အဝါကတ်ပြားသာပြသခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ် ကစားသမားတွေဟာ ရော်နယ်ဒိုရဲ့ အပြုအမူအတွက် ဒေါသထွက်ခဲ့ကြပြီး ဝိုင်းအုံကာ တုံ့ပြန်ခဲ့ကြပြီး ဘရူနိုဖာနန်ဒက်စ်က လူစုခွဲပေးဖို့ကြိုးစားခဲ့ရပါတယ်။

အသင်း အရေးနိမ့်နေသလို ခြေစွမ်းအရလည်း ကျဆင်းနေချိန်မှာ ရော်နယ်ဒိုတစ်ယောက် တော်တော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေတာကို အထင်အရှားမြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ရဲ့ အဓိက ဂိုးသွင်းရှင်ရော်နယ်ဒိုဟာလည်း တစ်ပွဲလုံးမှာ ဂိုးကန်သွင်းခွင့် တစ်ကြိမ်သာ ရရှိခဲ့တယ်လို့ သိရပါတယ်။

ZG

ယူႏိုက္တက္ ၀-၅ လီဗာပူးလ္ပြဲစဥ္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြဟာ သူတို႔ရဲ႕ပုံမွန္ေျခစြမ္းေအာက္ကို နိမ့္က်ေနခဲ့ၿပီး အိမ္ကြင္းမွာ ၿပိဳင္ဘက္ကို ဆိုးဆိုး႐ြား႐ြားအေရးနိမ့္ခဲ့ပါတယ္။

အသင္းေခါင္းေဆာင္မက္ဂြိဳင္းယားရဲ႕ အမွားေတြကတဆင့္ လီဗာပူးလ္က အဖြင့္ဂိုး ၂ ဂိုးကို ေစာေစာစီးစီးပဲ သြင္းယူႏိုင္ခဲ့ကာ ပြဲကို ဦးေဆာင္ခဲ့တာလည္းျဖစ္ပါတယ္။

အားကစား စိတ္ဓာတ္မရွိတဲ့ အျပဳအမူအတြက္ ေရာ္နယ္ဒိုမွာလည္း ေျပာစရာေတြကလည္း ျဖစ္ခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ ကာတစ္ဂ်ဳံးစ္နဲ႔ ေဘာလုံးယွဥ္လုခဲ့ရာမွာ မလိုအပ္ဘဲ ၾကမ္းၾကမ္းတမ္းတမ္းကစားခဲ့ၿပီး ဗိုက္ေအာက္ေရာက္ေနတဲ့ ေဘာလုံးကိုလည္း ကန္ေက်ာက္ပစ္ခဲ့လို႔ ေဝဖန္မႈေတြကိုလည္း ရင္ဆိုင္ေနရပါတယ္။

အားကစားသမား မပီသတဲ့အျပဳအမူကို ေရာ္နယ္ဒိုက ျပဳလုပ္ခဲ့တာျဖစ္ၿပီး ဒီလုပ္ရပ္အတြက္ အနီကတ္ ျပသခံသင့္တယ္လို႔ ေဝဖန္ခဲ့ၾကၿပီး ေပၚတူဂီတိုက္စစ္မႉးဟာ ရႈံးမဲမဲခဲ့တယ္လို႔လည္း ျပစ္တင္ခံခဲ့ရပါတယ္။

ကြင္းလယ္ဒိုုင္ကေတာ့ ဒီလုပ္ရပ္အတြက္ ေရာ္နယ္ဒိုကို အဝါကတ္ျပားသာျပသခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္ ကစားသမားေတြဟာ ေရာ္နယ္ဒိုရဲ႕ အျပဳအမူအတြက္ ေဒါသထြက္ခဲ့ၾကၿပီး ၀ိုင္းအုံကာ တုံ႔ျပန္ခဲ့ၾကၿပီး ဘ႐ူႏိုဖာနန္ဒက္စ္က လူစုခြဲေပးဖို႔ႀကိဳးစားခဲ့ရပါတယ္။

အသင္း အေရးနိမ့္ေနသလို ေျခစြမ္းအရလည္း က်ဆင္းေနခ်ိန္မွာ ေရာ္နယ္ဒိုတစ္ေယာက္ ေတာ္ေတာ္ေလး စိတ္ပ်က္လက္ပ်က္ျဖစ္ေနတာကို အထင္အရွားျမင္ေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။

ယူႏိုက္တက္ရဲ႕ အဓိက ဂိုးသြင္းရွင္ေရာ္နယ္ဒိုဟာလည္း တစ္ပြဲလုံးမွာ ဂိုးကန္သြင္းခြင့္ တစ္ႀကိမ္သာ ရရွိခဲ့တယ္လို႔ သိရပါတယ္။