မက်ဂွဲရားကသာ အင်္ဂလန်မှာ အကောင်းဆုံး ခံစစ်မှုးပဲ လို့ ထုတ်ဖော် ပြောဆိုလိုက်တဲ့ ဆောက်ဂိတ်

အင်္ဂလန် လက်ရွေးစင်နည်းပြ ဆောက်ဂိတ်က နောက်တပတ်မှာ ကစားမယ့် နိုင်ငံတကာ ပွဲစဉ်တွေအတွက် မန်ယူ ခံစစ်မှုး မက်ဂွဲရား ကို အင်္ဂလန်လက်ရွေးစင်မှာ ရွေးချယ်ဖြစ်တဲ့အပေါ် ဖွင့်ဟလိုက်ပါတယ်။

မက်ဂွဲရား ဟာ မန်ချက်စတာ ယူနိုက်တက်မှာ တော်တော်လေး ခြေစွမ်းကျဆင်းနေတဲ့ ကစားသမားဖြစ်ပေမယ့် ဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင်မှာတော့ ပုံမှန်နေရာ ရရှိနေဆဲဖြစ်ပါတယ်။ ဆောက်ဂိတ်ဟာ မက်ဂွဲရား ကို ရွေးချယ်ခဲ့ပေမယ့် မန်ယူနိုက်တက်ရဲ့ အခြားကစားသမားတွေဖြစ်တဲ့ ဆန်ချိုနဲ့ ရပ်ရှ်ဖို့ဒ်တို့ကို ချန်လှပ်ခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ဆောက်ဂိတ်က “မက်ဂွဲရား ကို မရွေးဖို့ဆိုတာမျိုးကို ကျနော် တခါမှမစဉ်းစားဖူးပါဘူး။ ဒီ ကစားသမားက ကျနော်တို့ကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်နဲ့ ယူရိုဗိုလ်လုပွဲကို တက်ရောက်စေခဲ့တာပါ။ ကလပ်မှာ သူ ခက်ခဲတဲ့ အခိုက်အတန့်ကို ဖြတ်သန်းနေရပါတယ်”

“ဒါပေမယ့် သူက အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တယောက်၊ ကျနော်တို့အတွက် အကောင်းဆုံး ဗဟိုနောက်ခံလူ တယောက်ဆိုတာကို ဘယ်တုန်းကမှ သံသယမဖြစ်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။

မက်ဂွဲရား ဟာ မန်ချက်စတာ ယူနိုက်တက်မှာလည်း ဗာရန်း၊ လင်ဒီလော့ဖ်တို့ထက် ပိုမိုဦးစားပေးခံနေရတဲ့ ကစားသမားဖြစ်ပြီး ဒီလိုမျိုး မက်ဂွဲရား ကို ပုံမှန်နေရာပေးနေတဲ့အပေါ် နည်းပြ ရန်းနစ်အား ပရိသတ်တွေ၊ မီဒီယာတွေအပြင် မန်ယူ ကစားသမားဟောင်းတွေကပါ ဝေဖန်ပြောဆို နေကြတာ ဖြစ်ပါတယ်။

ZG

အဂၤလန္ လက္ေ႐ြးစင္နည္းျပ ေဆာက္ဂိတ္က ေနာက္တပတ္မွာ ကစားမယ့္ ႏိုင္ငံတကာ ပြဲစဥ္ေတြအတြက္ မန္ယူ ခံစစ္မႈး မက္ဂြဲရား ကို အဂၤလန္လက္ေ႐ြးစင္မွာ ေ႐ြးခ်ယ္ျဖစ္တဲ့အေပၚ ဖြင့္ဟလိုက္ပါတယ္။

မက္ဂြဲရား ဟာ မန္ခ်က္စတာ ယူႏိုက္တက္မွာ ေတာ္ေတာ္ေလး ေျခစြမ္းက်ဆင္းေနတဲ့ ကစားသမားျဖစ္ေပမယ့္ ေဆာက္ဂိတ္ရဲ႕ အဂၤလန္လက္ေ႐ြးစင္မွာေတာ့ ပုံမွန္ေနရာ ရရွိေနဆဲျဖစ္ပါတယ္။ ေဆာက္ဂိတ္ဟာ မက္ဂြဲရား ကို ေ႐ြးခ်ယ္ခဲ့ေပမယ့္ မန္ယူႏိုက္တက္ရဲ႕ အျခားကစားသမားေတြျဖစ္တဲ့ ဆန္ခ်ိဳနဲ႔ ရပ္ရွ္ဖို႔ဒ္တို႔ကို ခ်န္လွပ္ခဲ့ပါတယ္။

ဒါနဲ႔ ပတ္သက္လို႔ ေဆာက္ဂိတ္က “မက္ဂြဲရား ကို မေ႐ြးဖို႔ဆိုတာမ်ိဳးကို က်ေနာ္ တခါမွမစဥ္းစားဖူးပါဘူး။ ဒီ ကစားသမားက က်ေနာ္တို႔ကို ကမာၻ႔ဖလား ဆီမီးဖိုင္နယ္နဲ႔ ယူ႐ိုဗိုလ္လုပြဲကို တက္ေရာက္ေစခဲ့တာပါ။ ကလပ္မွာ သူ ခက္ခဲတဲ့ အခိုက္အတန႔္ကို ျဖတ္သန္းေနရပါတယ္”

“ဒါေပမယ့္ သူက အဂၤလန္ရဲ႕ အေကာင္းဆုံး ကစားသမားေတြထဲက တေယာက္၊ က်ေနာ္တို႔အတြက္ အေကာင္းဆုံး ဗဟိုေနာက္ခံလူ တေယာက္ဆိုတာကို ဘယ္တုန္းကမွ သံသယမျဖစ္ခဲ့ပါဘူး” လို႔ ေျပာၾကားသြားခဲ့တာပဲျဖစ္ပါတယ္။

မက္ဂြဲရား ဟာ မန္ခ်က္စတာ ယူႏိုက္တက္မွာလည္း ဗာရန္း၊ လင္ဒီေလာ့ဖ္တို႔ထက္ ပိုမိုဦးစားေပးခံေနရတဲ့ ကစားသမားျဖစ္ၿပီး ဒီလိုမ်ိဳး မက္ဂြဲရား ကို ပုံမွန္ေနရာေပးေနတဲ့အေပၚ နည္းျပ ရန္းနစ္အား ပရိသတ္ေတြ၊ မီဒီယာေတြအျပင္ မန္ယူ ကစားသမားေဟာင္းေတြကပါ ေဝဖန္ေျပာဆို ေနၾကတာ ျဖစ္ပါတယ္။