ဆိုးလ်ရှားနေရာ ဇီဒန်းနဲ့ အစားထိုးရေးအတွက် ကြိုးစားမှုတစ်ခု စတင်သွားတဲ့ မန်ယူ
ပြင်သစ်သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည်စိတ်ချရတဲ့ ပြင်သစ် သတင်းထောက် Bouhafsi ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ နည်းပြဖြစ်သူ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်တော့မယ်လို့ တရားဝင် ဖော်ပြသွားခဲ့ပါတယ်။
ဒါ့အပြင် ပြင်သစ် အခြေစိုက် သတင်းဌာနတွေနဲ့ စပိန်အခြေစိုက် သတင်းဌာနတွေက ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာတော့မယ်လို့ အပြိုင်အဆိုင် ရေးသား ဖော်ပြနေကြပါပြီ။
မန်ချက်စတာ ယူနိုက်တက် အသင်းဟာ မကြာခင်မှာပဲ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ဖို့ အလားအလာ များနေပါတယ်။
လီဗာပူးကို အရေးနိမ့်အပြီးမှာ ဆိုးလ်ရှားကတော့ ” ကျွန်တော့်ကိုယ် ကျွန်တော် ယုံကြည်ပါတယ် ။ ကျွန်တော်တို့ လုပ်ဆောင်ခဲ့ကြတာတွေ ကြည့်ပြီး အသင်းနဲ့ အတူ လိုချင်တာကို ရယူနိုင်ဖို့ နီးစပ်တဲ့ အနေအထား တစ်ခုအထိ ရောက်နေပြီလို့ ယုံကြည်နေခဲ့ပါတယ် ”
” ဒါပေမဲ့ ဒီနေ့ ရယူခဲ့တဲ့ ရလဒ်ကတော့ လုံလောက်စွာ မကောင်းမွန်ခဲ့ပါဘူး ။ အဲ့တာက လူတွေရဲ့စိတ်ထဲ သံသယတွေ ဖြစ်ကောင်းဖြစ်စေနိုင်ပါတယ် ။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်လက် သန်မာနေဖို့ ၊ လုပ်နေတာတွေ အပေါ် ယုံကြည်နေဖို့ လိုအပ်ပါတယ် ”

” အသင်းဖက်ကတော့ ဘာမှပြောတာ မကြားသေးပါဘူး ။ ကျွန်တော်ဟာ မနက်ဖြန်အတွက် တွေးတောနေပါတယ် ။ ကျွန်တော်တို့တွေ အောက်ဆုံးအထိ ထိုးကျခဲ့ရပါတယ် ။ ကျွန်တော် ဒီထက်ဆိုးတဲ့ ခံစားချက်တွေ ပိုင်ဆိုင်ခဲ့တယ်လို့ မပြောနိုင်တော့ပါဘူး ”
” ကျွန်တော် ကြုံခဲ့ဖူးသမျှထဲ ဒါက အဆိုးရွားဆုံး ၊ အနိမ့်ပါးဆုံး ရက်စွဲ တစ်ခုပါပဲ ။ ဒါတွေကို ကျွန်တော်ပဲ တာဝန်ယူရမယ် လက်သင့်ခံပါတယ် ။ ဒီနေ့ အရှုံးကို ကျွန်တော်က တာဝန်ယူပြီး နောက်နေ့ ရှေ့ဆက်နိုင်အောင် ကြိုးစားရမှာပါပဲ ”
” ဒီထက်ပိုပြီး ပြောထွက်ဖို့ မလွယ်ကူလှပါဘူး ။ ဒါဟာ ကျွန်တော် ဒီကစားသမားတွေကို ဦးဆောင်နေခဲ့စဉ်အတွင်း ဒါဟာ အမှောင်အဖုံးဆုံးည တစ်ခုပါပဲ ။ ကျွန်တော်တို့ ပြီးခဲ့တဲ့ ရာသီက စပါးကို 6 – 1 နဲ့ ရှုံးနိမ့်ခဲ့တာကို ခင်ဗျားတို့ မြင်နိုင်ပါတယ် ။ ဒါပေမဲ့ အခုရလဒ်က အဲ့တာထက်ကို ဆိုးလွန်းပါတယ် ” လို့ ဆိုးလ်ရှား က ပြောကြားခဲ့ပါတယ်။