ဗန်ဒိုက် လက်သစ် ခံစစ်သမားကို ဈေးချိုချိုနဲ့ ခေါ်ဖို့ ခြေလှမ်းစ နေတဲ့ မန်ယူအသင်း
မန်ချက်စတာ ယူနိုက်တက်ဟာ သူတို့အသင်းခေါင်းဆောင် မက်ဂွဲရားနဲ့ လမ်းခွဲချင်နေသလို ဗာရိန်း ကလည်း ဒဏ်ရာ တွေနဲ့ ရုန်းကန် နေရတာကြောင့် ဈေးကွက်ထဲမှာ ဗဟိုခံစစ်မှုးတစ်ယောက် ရှာဖွေနေပါတယ်။
မန်ယူ အသင်းဟာ ဘာစီလိုနာက ထွက်ခွာဖို့နီးစပ်နေတဲ့ နောက်ခံလူအာရူဂျိုကို ခေါ်ယူဖို့ ပစ်မှတ် ထားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဥရုဂွေးသား နောက်ခံလူကို အချို့က ဗန်ဒိုက် လက်သစ်လို့ တင်စားနေကြပြီး သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာနဲ့ ဘောလုံးအပေါ် တည်ငြိမ်မှုက လီဗာပူးရဲ့နယ်သာလန်သား ခံစစ်မှုးနဲ့ ခပ်ဆင်ဆင်ဖြစ်နေလို့ပါ။
အာရူဂျိုဘက်က စာချုပ်သစ်အတွက် သဘောတူညီဖို့ တုံ့ဆိုင်းနေတဲ့အတွက် ဘာစီလိုနာဟာ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ် အာရူဂျိုနဲ့ သူ့ကိုယ်စားလှယ်တွေဟာ ကာတာလန်ကလပ်နဲ့ စာချုပ်သစ်ဆွေးနွေးရာမှာ တိုးတက်မှု မရှိခဲ့ကြောင်း ဘာစီလိုနာအခြေစိုက် Sport သတင်းစာက ဖော်ပြခဲ့တာပါ။ ဒါကြောင့် အခု အခြေအနေ အတိုင်းဆို ဘာစီလိုနာဟာ အာရူဂျိုကို ဈေးချိုချိုနဲ့ လက်လွှတ်ရဖွယ်ရှိနေပါတယ်။
လာမယ့်နွေမှာ ချဲလ်ဆီးက ခရစ္စတန်ဆန် လည်း ရောက်ရှိလာတော့မှာဖြစ်လို့ အာရူဂျိုကို ရောင်းချဖို့က အခွင့်အလမ်း များသွားတာပါ။

ZG
မန္ခ်က္စတာ ယူနိုက္တက္ဟာ သူတို႔အသင္းေခါင္းေဆာင္ မက္ဂြဲရားနဲ႕ လမ္းခြဲခ်င္ေနသလို ဗာရိန္း ကလည္း ဒဏ္ရာ ေတြနဲ႔ ရုန္းကန္ ေနရတာေၾကာင့္ ေဈးကြက္ထဲမွာ ဗဟိုခံစစ္မႈးတစ္ေယာက္ ရွာေဖြေနပါတယ္။
မန္ယူ အသင္းဟာ ဘာစီလိုနာက ထြက္ခြာဖို႔နီးစပ္ေနတဲ့ ေနာက္ခံလူ အာ႐ူဂ်ိဳကို ေခၚယူဖို႔ ပစ္မွတ္ ထားေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။
ဥ႐ုေဂြးသား ေနာက္ခံလူကို အခ်ိဳ႕က ဗန္ဒိုက္ လက္သစ္လို႔ တင္စားေနၾကၿပီး သူ႔ရဲ႕႐ုပ္ပိုင္းဆိုင္ရာနဲ႔ ေဘာလုံးအေပၚ တည္ၿငိမ္မႈက လီဗာပူးရဲ႕နယ္သာလန္သား ခံစစ္မႈးနဲ႔ ခပ္ဆင္ဆင္ျဖစ္ေနလို႔ပါ။
အာ႐ူဂ်ိဳဘက္က စာခ်ဳပ္သစ္အတြက္ သေဘာတူညီဖို႔ တုံ႔ဆိုင္းေနတဲ့အတြက္ ဘာစီလိုနာဟာ အခက္အခဲျဖစ္ေနတယ္လို႔ သိရပါတယ္။
အသက္ ၂၃ ႏွစ္အ႐ြယ္ အာ႐ူဂ်ိဳနဲ႔ သူ႔ကိုယ္စားလွယ္ေတြဟာ ကာတာလန္ကလပ္နဲ႔ စာခ်ဳပ္သစ္ေဆြးေႏြးရာမွာ တိုးတက္မႈ မရွိခဲ့ေၾကာင္း ဘာစီလိုနာအေျခစိုက္ Sport သတင္းစာက ေဖာ္ျပခဲ့တာပါ။ ဒါေၾကာင့္ အခု အေျခအေန အတိုင္းဆို ဘာစီလိုနာဟာ အာ႐ူဂ်ိဳကို ေဈးခ်ိဳခ်ိဳနဲ႔ လက္လႊတ္ရဖြယ္ရွိေနပါတယ္။
လာမယ့္ေႏြမွာ ခ်ဲလ္ဆီးက ခရစၥတန္ဆန္ လည္း ေရာက္ရွိလာေတာ့မွာျဖစ္လို႔ အာ႐ူဂ်ိဳကို ေရာင္းခ်ဖို႔က အခြင့္အလမ္း မ်ားသြားတာပါ။