အက်ဖ်အေ ဗိုလ်လုပွဲတက်ဖို့ အခြေနေ ကောင်းတဲ့ မဲခွဲမှု၊ ပိုင်ရှင်သစ် ရဖို့ နီးလာခြင်းနဲ့ ချဲလ်ဆီး သတင်းများ
လာမယ့် FA ဆီမီးဖိုင်နယ် အဆင့်ပွဲစဉ်တွေမှာ ချဲလ်ဆီးက ပဲလေ့စ်နဲ့ ကစားရမှာ ဖြစ်တာကြောင့် ဗိုလ်လုပွဲ တက်လှမ်းဖို့ အခြေအနေကောင်းနေပြီး မန်စီးတီးကတော့ လီဗာပူးလ်နဲ့ ဆက်လက် အကြိတ်အနယ်ယှဉ်ပြိုင်ကြရဦးမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး အသင်းဟာ ဧပြီ ၁၇ ရက်နေ့ ဝင်ဘာလေမှာ ခရစ္စတယ်ပဲလေ့စ်နဲ့ အက်ဖ်အေဖလား ဆီမီးဖိုင်နယ် ပွဲ ရင်ဆိုင်ကစားမှာပါ။

အပြောင်းအရွှေ့ သတင်းတွေ မှာတော့ မော်ရင်ဟို ရဲ့ ရိုးမား အသင်းဟာ ချဲလ်ဆီး လူငယ် ကစားသမားလေး ချာလီ မူဆွန်ဒါ ကို နွေရာသီမှာ ခေါ်ယူဖို့ စိတ်ကူး နေတယ်လို့ သိရပါတယ်။
ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်တွေ အတွင်း ကွင်းပြင်က ပြသနာနဲ့ ဖိအားတွေ များပြားခဲ့ပေမယ့် ဇန်နဝါရီ ၂၃ က စလို့ လွန်ခဲ့တဲ့ ၂ လအတွင်း ၁၃ ပွဲ ကစားခဲ့ရာမှာ ၁၂ ပွဲ နိုင်ပြီး ၁ ပွဲသာ ရှုံးထားသည်ထိ ပုံစံကောင်း ထိန်းထားနိုင်ခဲ့ပါတယ်။
ချဲလ်ဆီး အသင်းဟာ မတ်လ မကုန်ခင်မှာပဲ ပိုင်ရှင်အသစ်ထံ လက်လွှဲ ရောင်းချဖို့ ရှိနေပြီး ဘယ်သူ့ကို ရောင်းမယ် ဆိုတဲ့ အဆုံးအဖြတ် ဗီတို ကိုတော့ လက်ရှိ အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်က ပေးခွင့် ရှိနေပါတယ်။

The Athletic မှ သတင်းထောက် အဆိုအရ Raine Group ဟာ ဧပြီ ၂ ရက်နေ့ ဘရန့်ဖို့ဒ်နဲ့ ပွဲမတိုင်ခင် ချဲလ်ဆီး အသင်းကို ဝယ်ယူမှု အပြီးသတ်နိုင်မယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။
စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ ဂျူဗင်တပ်နဲ့ အင်တာမီလန် အသင်းတို့ဟာ ပဲလေ့စ်မှာ အငှား သွားရောက် ကစားပြီး ခြေစွမ်းပြနေတဲ့ ချဲလ်ဆီး လူငယ်လေး ကော်နာ ဂလယ်ဟားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကာ ကင်းထောက်များ စေလွှတ် စောင့်ကြည့်နေပါတယ်။