ဆာကာ ကို လစာ ၃ ဆ တိုးဖို့ စီစဉ်၊ လက်ရွေးစင် အသင်းရောက် ဆာလီဘာနဲ့ အာဆင်နယ် သတင်းများ
မာဆေးမှာ အငှားနဲ့ ကစားလျက်ရှိနေတဲ့ အာဆင်နယ် နောက်ခံလူ ဆာလီဘာအနေနဲ့ ပြင်သစ် လက်ရွေးစင် အသင်းမှာ ပထမဆုံးအကြိမ် ရွေးချယ်ခံခဲ့ရပါတယ်။ ပါဗက်စ်အနေနဲ့ကိုဗစ်ကြောင့် အသင်းလူစာရင်းကနေ နှုတ်ထွက်ခဲ့ရာမှာတော့ ဆာလီဘာက အစားထိုး ရွေးချယ်ခံခဲ့ရတာပါ။
အာဆင်နယ်ဟာ သူတို့ရဲ့လူငယ်ကြယ်ပွင့် ဆာကာကို လက်ရှိ ရရှိနေတဲ့ လုပ်ခလစာရဲ့ ၄ ဆအထိပေးပြီး သက်တမ်း တိုးမြှင့်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ဆာကာဟာ လက်ရှိမှာတစ်ပတ်လုပ်ခ ပေါင် ၃ သောင်းသာ ရရှိထားပြီး အာဆင်နယ်မှာ လုပ်ခလစာ အနိမ့်ဆုံး ကစားသမားတွေထဲ အပါအဝင် ဖြစ်ပါတယ်။ အာဆင်နယ်ဟာ သူ့ကို တစ်ပတ်လုပ်ခ ပေါင် ၁၂၅၀၀၀ အထိ တိုးပေးသွားမှာပါ။

အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ ဘာစီလိုနာနောက်ခံလူ ဆာဂျီနိုဒက်စ်ကို ခေါ်ယူချင်ရင် ယူရိုသနး ၂၀ ပေးချေရမှာ ဖြစ်ပါတယ်။ နည်းပြ အာတီတာ အနေနဲ့ တိုမီယာဆုနဲ့ အပြိုင် ဖြစ်စေဖို့ ညာနောက်ခံလူတစ်ဦး ခေါ်ယူလို နေပြီး ဆာဂျီနိုဒက်စ်ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
လိဒ်စ်ယူနိုက်တက် တိုက်စစ်မှူးဟောင်း ဝီလန်က ဘာစီလိုနာကွင်းလယ်လူ ကော်တင်ဟိုအနေနဲ့ နွေရာသီမှာ အာဆင်နယ် ကို ပြောင်းမှာ မဟုတ်ဘဲ ကော်တင်ဟိုအနေနဲ့ ဂျရတ်ကြောင့် ဗီလာမှာပဲ ဆက်နေပြီးအသင်းရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်ချင်လိမ့်မယ် လို့ မှတ်ချက်ပြုခဲ့ပါတယ်။
စပါးနည်းပြ ကွန်တီက မိမိတို့အသင်းထက်စာရင် အာဆင်နယ်က ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပိုမို အခွင့်အလမ်း သာနေကြောင်း၊ နိုင်ပွဲတွေ ရယူနိုင်တာက အာဆင်နယ်ကို ဖိအားပေးနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်း၊ ပွဲကစားရဖို့ ၉ ပွဲ ကျန်နေသေးပြီး ပွဲစဉ်တိုင်းကို ဗိုလ်လုပွဲလို သဘောထားသွားမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ ပစ်မှတ်ထားနေတဲ့ နာပိုလီတိုက်စစ်မှူး အိုဆင်ဟန်ကို ခေါ်ချင်တယ်ဆိုရင် ယူရိုသန်း ၁၀၀ ပေးချေရမှာ ဖြစ်ကြောင်း သိရပါတယ်။ အာဆင်နယ်အနေနဲ့ လာမဲ့နွေရာသီမှာ တိုက်စစ်ပိုင်းကို အဓိက အားဖြည့်သွားမှာ ဖြစ်ပြီး ထိပ်တန်းအဆင့် တိုက်စစ်မှုးတွေကို ပစ်မှတ်ထားနေတာပါ။
ဗီလာနည်းပြ ဂျရတ်က ဗီလာကစားသမားတွေရဲ့ ကြမ်းတမ်းတဲ့ ဖြတ်ထုတ်မှုတွေ ခံရပြီးနောက် သူ့ကို ဒိုင်တွေအနေနဲ့ ပိုမိုကာကွယ်ပေးဖို့ ဆာကာရဲ့ တောင်းဆိုခဲ့မှုကို ပြန် တုံ့ပြန်ခဲ့ပါတယ်။ ဒါက ကစားပွဲတွေရဲ့ အစိတ်အပိုင်းသာ ဖြစ်ကြောင်း၊ မိမိအနေနဲ့ ဆာကာကို နှစ်သက်ပေမဲ့ သူ့အနေနဲ့ ဒီလိုမျိုး စောဒက တတ်လို့မရကြောင်း ဆိုခဲ့ပါတယ်။