မပျော်တဲ့ လူကာကူ၊ အာတီတာကို ယုံတဲ့ မာတင်နယ်လီ၊ ဂျိုဗစ်ကို လုမယ့် နှစ်သင်းနဲ့ ယနေ့ နံနက်ခင်း သတင်းများ

အာဆင်နယ် လူငယ်တိုက်စစ်မှုး မာတင်နယ်လီက နည်းပြ အာတီတာဟာ အသင်းကို ချန်ပီယံဆုဖလားများစွာ ယူဆောင် ပေးနိုင်မဲ့သူဖြစ်ကြောင်း၊ သူတို့အသင်းဟာ လာမဲ့ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ဖို့ အခွင့်အလမ်း ရှိပြီး လမ်းကြောင်းမှန်ပေါ်မှာ ရှိနေကြောင်း ဖွင့်ဟခဲ့ပါတယ်။

အေစီမီလန်ဝါရင့်တိုက်စစ်မှူးကြီး အီဘရာဟီမိုဗစ်က မန်ယူကြယ်ပွင့် အီလန်ဂါဟာ တောက်ပတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း၊ ဒါပေမဲ့ အီလန်ဂါအနေနဲ့ အခုထက်ပိုမို ကြိုးစားအားထုတ်ဖို့ လိုအပ်နေကြောင်း၊အီလန်ဂါက ဆွီဒင်ကဖြစ်လို့ သူ့အတွက ်ဂုဏ်ယူရကြောင်း ချီးကျူးခဲ့ပါတယ်။

အေဂျက်ဇ်နည်းပြ တန်ဟတ်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြရာထူးအတွက် တနင်္လာနေ့တုန်းက အင်တာဗျူး ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ မန်ယူအနေနဲ့ နည်းပြသစ်ရာထူးအတွက် တန်ဟတ် အပါအဝင် ပိုချက်တီနို၊ အင်းနရစ်တို့ကို ပစ်မှတ်ထားနေပြီး နောက်လထဲ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူဟာ အသင်းမှာ ပျော်ရွှင်မှုမရှိဘဲ ထွက်ခွာချင်နေကြောင်း Football Insider က ဖော်ပြထားပါတယ်။ လူကာကူဟာ နည်းပြတူချယ်နဲ့ အဆင်မပြေဖြစ်နေတယ် လို့ သိရပြီး နောက်ပိုင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာပါ။

မန်ယူ ဂိုးသမား ဒင်းဟန်ဒါဆင်ကို လာမယ့်နွေမှာ နယူးကာဆယ်က အပြီးသတ်ခေါ်ယူ ဖို့ ထပ်မံ ကြိုးစားမယ်လို့ သိရပါတယ်။ နယူးကာဆယ် အသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဒင်းဟန်ဒါဆင်ကို ခေါ်ယူဖို့ စုံစမ်းခဲ့ပေမယ့် မန်ယူ က အငှားသာ ချလိုတာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့ပါဘူး။

ဘရာဇီးဂန္ထဝင် ရော်နယ်ဒိုက ဘာစီလိုနာကို ဇာဗီရဲ့ ကိုင်တွယ်မှုအား ချီးကျူးဂုဏ်ပြုခဲ့ပြီး လက်ရှိမှာ သူ့အနေနဲ့ အသင်းကောင်း တစ်သင်းကို တွေ့မြင်နေရပြီဖြစ်ကြောင်း၊ ဇာဗီ ရောက်လာပြီးနောက်ပိုင်း ဘာစီလိုနာဟာ များစွာ တိုးတက်လာပြီး နိုင်လိုစိတ် ပြင်းထန်တဲ့ အသင်း ဖြစ်လာကြောင်း ဆိုခဲ့ပါတယ်။

မန်စီးတီးဂိုးသမား အီဒါဆန်အနေနဲ့ အဖျားဝေဒနာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ကစားမဲ့ ဘရာဇီး လူစာရင်း ကနေ နှုတ်ထွက်ခဲ့ပါတယ်။ ဘရာဇီးဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေအဖြစ် ချီလီ၊ ဘိုလီးဗီးယားတို့နဲ့ယှဉ်ပြိုင်မှာဖြစ်ပြီး အီဒါဆန် အစား အက်သလက်မင်နဲရိုးက အီဗာဆန်နဲ့ အစားထိုးခဲ့ပါတယ်။

လီဗာပူးဂိုးသမား အယ်လစ်ဆန်က နည်းပြကလော့ဟာ သူ့အတွက် ဖခင်တစ်ယောက်လိုဖြစ်ကြောင်း၊ သူနဲ့ ကလော့တို့ အကြား ဆက်ဆံရေးက အလွန်ကောင်းမွန်မှုရှိကြောင်း၊ မိမိအနေနဲ့ ကလော့ရဲ့ အလုပ်လုပ်ပုံတွေကို နှစ်သက်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ရီးရဲလ် အသင်းကို ပြောင်းလာခဲ့ပေမယ့် ခြေစွမ်းမပြနိူင် နေရာမရ ဖြစ်နေတဲ့ ဂျိုဗစ်ကို ပရီးမီးယားလိဂ် ကလပ် ၂ ခုဖြစ်တဲ့ အာဆင်နယ် အသင်းနဲ့ အဲဗာတန် တို့က စောင့်ကြည့်နေတယ်လို့ သတင်းထွက်လာပါတယ်။ ဂျိုဗစ်က ရီးရဲလ် နဲ့ ၂၀၂၅ အထိ စာချုပ် ရှိနေပေမယ့်လည်း သူ့ကို ရီးရဲလ်က ရောင်းချလိုလာတာပါ။