ဘာပေနဲ့ အတူ ကစားချင်တဲ့ ပေါ့ဘာ၊ ရပ်ဖို့ဒ် လီဗာပူး ပြောင်းဖို့ တိုက်တွန်းမှုနဲ့ ယနေ့ မန်ယူ သတင်းများ
မန်ချက်စတာ ယူနိုက်တက်ဟာ ပိုကောင်းတဲ့ နည်းပြတစ်ယောက် လက်အောက်မှာ ဆုဖလားတွေအတွက် တိုက်ပွဲ ဝင်နိုင်လိမ့်မယ်လို့ အင်္ဂလန်ဂိုးသမားဟောင်း ဒေးဗစ်ဂျိမ်းစ်က အကြံပြုခဲ့ပါတယ်။
အေစီမီလန် အသင်းတိုက်စစ်မှူး အီဗရာဟီမိုဗစ်ကတော့ ၎င်းတို့ရဲ့ ဆွီဒင်ချာတိတ်လေး အီလန်ဂါတစ်ယောက် လက်ရှိ မန်ယူအသင်းနဲ့အတူ တောက်ပတိုးတက်နေမှုအပေါ် များစွာ ကျေနပ်အားရနေကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ ပြင်သစ်အသင်းဖော် ကီလီယမ် အမ်ဘာပေနဲ့ နောက်ရာသီမှာ ကလပ်တစ်ခုထဲ အတူတွဲကစားဖို့ သဘောကျပြီး ဖြစ်လည်း ဖြစ်နိုင်တယ် လို့ ပြောဆို လိုက်ပါတယ်။ ဘာပေက နွေမှာ ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ဖို့ များနေတာပါ။

မန်ချက်စတာ ယူနိုက်တက် ဟာ ရာသီ အကုန်မှာ အသင်းကနေ ထွက်ခွာမယ့် အီဒီဆင် ကာဗာနီ ရဲ့ နေရာ အတွက် အဲဗာတန် တိုက်စစ်မှူး ရစ်ချလီဆင် ကို စိတ်ဝင်စား နေတယ်လို့ သတင်း ထွက်လာခဲ့ပါတယ်။
မန်ယူတိုက်စစ်မှူးဟောင်းကြီး ရုဒ် ဗန် နစ္စတယ်ရွိုင်း ကတော့ PSV အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်း စားနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ နစ္စတယ်ရွိုင်း ဟာ လက်ရှိမှာ PSV အရန် အသင်းကို တာဝန်ယူ ကိုင်တွယ်နေတာပါ။
မားကပ်ရပ်ဖို့ဒ်သာ မန်ချက်စတာယူနိုက်တက် အသင်းမှ အန်ဖီးကို ပြောင်းရွေ့ခဲ့မယ် ဆိုရင် လီဗာပူးမှာ တကယ့်ကို အဖိုးတန်တဲ့ ကစားသမား တစ်ဦး ဖြစ်သွားလိမ့်မယ်လို့ လီဗာပူး ဂိုးသမားဟောင်း ဖြစ်သူ ဒေးဗစ်ဂျိမ်းက ပြောဆိုလိုက်ပါတယ်။

အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှုး ရပ်ဖို့ဒ်ဟာ ဒီရာသီ မန်ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်တာကြောင့် ဝေဖန်မှုတွေ အပြင်းအထန် ခံနေရသူ ဖြစ်ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၉ ပွဲ ကစား ၄ ဂိုးသာ သွင်းထားနိုင်ပါသေးတယ်။
မန်ယူ ဂိုးသမားဖြစ်တဲ့ ဒင်းဟန်ဒါဆင်ကို လာမယ့်နွေမှာ နယူးကာဆယ်က အပြီးသတ်ခေါ်ယူ ဖို့ ထပ်မံ ကြိုးစားဖို့ ရှိနေပါတယ်။ နယူးကာဆယ် အသင်းက ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဒင်းဟန်ဒါဆင်ကို ခေါ်ယူဖို့ စုံစမ်းခဲ့ပေမယ့် မန်ယူ က အငှားသာ ချလိုတာကြောင့် အပြောင်းအရွှေ့ မဖြစ်ခဲ့ပါဘူး။