ဆာကာ အား နားချသူများ၊ မာတင်နယ်လီ၊ အူဘာကို ထောက်ခံပေးခဲ့တဲ့ အာတီတာနဲ့ ယနေ့ အာဆင်နယ်

အာဆင်နယ်နည်းပြ အာတီတာဟာ အနာဂတ် မျိုးဆက်တွေအတွက် ဘောလုံးလောကမှာ သမိုင်းတွင်စေမယ့် တောက်ပတဲ့ နည်းပြ ဘဝတစ်ခုရရှိဖို့ အလားအလာရှိတယ်လို့ ဂေဘရီရယ် မာတီနယ်လီက ယုံကြည်နေပါတယ်။

အသက် ၂၄ နှစ်သာ ရှိသေးပြီး ရီးရဲလ် အသင်းကို ပြောင်းလာခဲ့ပေမယ့် ခြေစွမ်းမပြနိူင် နေရာမရ ဖြစ်နေတဲ့ ဂျိုဗစ်ကို ပရီးမီးယားလိဂ် ကလပ် ၂ ခုဖြစ်တဲ့ အာဆင်နယ် အသင်းနဲ့ အဲဗာတန် တို့က စောင့်ကြည့်နေတယ်လို့ သတင်းထွက်နေပါတယ်။

ပြိုင်ဘက်ပရီးမီးယားလိဂ် ကစားသမားတွေရဲ့ ကြမ်းတမ်းတဲ့ ဆက်ဆံခံရမှုနဲ့ ပတ်သက်ပြီး သူ လုပ်နိုင်တာ ဘာမှမရှိဘူးလို့ အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာအား အီမန်နူရယ် ပီတစ်က ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဂိုးသမား ရမ်ဒေးစ်အနေနဲ့ နိုင်ငံတကာပွဲစဉ်မတိုင်ခင် ဒဏ်ရာရသွားတာ စိတ်ပျက်စရာပဲ လို့ ပေါလ်မာဆင်က ဆိုလိုက်ပါတယ်။ ပစ်ဖို့ဒ်ဟာ အင်္ဂလန်ရဲ့ နံပါတ်တစ် ဂိုးသမား မဖြစ်သင့်တော့ဘဲ ဒီကာလမှာ ကစားမဲ့ ပွဲစဉ်တွေမှာ ရမ်ဒေးစ်အနေနဲ့ အရည်အသွေးကို အကောင်းဆုံး သက်သေပြကာ အခွင့်အရေးကို ဖမ်းဆုပ်ရမှာဖြစ်ကြောင်း မာဆင်က ဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ ဂျူဗင်တပ်ကွင်းလယ်လူ အာသာကို ခေါ်ယူဖို့ ကြိုးပမ်းသွားဦးမှာ ဖြစ်ကြောင်း သိရပါတယ်။ ဂျူဗင်တပ်အနေနဲ့ လာမဲ့နွေမှာကစားသမားတချို့ကို ရောင်းထုတ်သွားမှာဖြစ်ပြီး အာသာအနေနဲ့လည်း တူရင်ကနေ ထွက်ခွာဖွယ် ရှိနေပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက တိုက်စစ်မှုး အူဘာမီယန်ကို ခေါ်ယူဖို့ ဘာစီလိုနာ နည်းပြဇာဗီထံ ထောက်ခံ ပေးခဲ့ကြောင်း သိရပါတယ်။ ဇာဗီအနေနဲ့ အူဘာမီယန်ကို မခေါ်ယူခင်မှာ အာတီတာဟာ အူဘာမီယန်နဲ့ပတ်သက်ပြီး ထောက်ခံခဲ့ကာ ခေါ်ယူသင့်ကြောင်း မှတ်ချက်ပြုခဲ့တာလို့ ဒေးလီးမေးလ် က ဖော်ပြထားပါတယ်။

လီဗာပူးကစားသမားဟောင်း ဒန်နီမာဖီက ဒိုင်တွေအနေနဲ့ သူ့ကိုပိုမိုကာကွယ်ဖို့ တောင်းဆိုနေတဲ့ ဆာကာကို ဝေဖန်ခဲ့ပြီး ဆာကာအနေနဲ့ စကားတွေပြောဆိုကာ အာရုံများမနေဘဲ ကွင်းတွင်းခြေစွမ်းကိုသာအာရုံစိုက်သင့်ကြောင်း၊ ဒီနေ့ခေတ် ကစားသမားတွေလောက် ဒိုင်တွေရဲ့ကာကွယ်မှုကိုရတဲ့ ကစားသမားတွေကို မရှိတော့ကြောင်း ဆိုခဲ့ပါတယ်။

မာတင်နယ်လီက ဘရာဇီးကိုကျော်လွန်ပြီး အီတလီမှာ ကစားဖို့အတွက် ဘယ်သူ့ကမှ သူ့ကို ပြောဆိုတာမျိုးမရှိကြောင်း၊ ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုတစ်ယောက်ပဲ သူ့ကိုအီတလီမှာကစားဖို့ စည်းရုံးခဲ့ကြောင်း၊ ဘယ်သူ့ကမှ တရားဝင် ဆွေးနွေးပြောဆိုတာမျိုး မရှိကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ မီကာရစ်ချတ်က အာဆင်နယ်နည်းပြအာတီတာအနေနဲ့ အူဘာမီယန်ကိစ္စနဲ့ ပတ်သက်ပြီး သူ့ကိုယ်သူ ဗီလိန် လုပ်စရာမလိုခဲ့ကြောင်း၊ အာတီတာရဲ့ကစားပုံအရ မာတင်နယ်လီ၊ ဆာကာတို့ရဲ့ နောက်မှာ လာကာဇက် ကစားတာက ပိုမိုလိုက်ဖက်နိုင်ကြောင်း၊ ဒါပေမဲ့ အူဘာမီယန်ရဲ့ စွမ်းဆောင်ရည် ကောင်းတွေနဲ့ ဆိုရင် အာဆင်နယ်ဟာ ဒီထက်ပိုကောင်းနိုင်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။