သူတို့ကို အဖက်မလုပ်တဲ့ ဘောလုံးလောကကိုမှ ယူရိုပြိုင်ပွဲ အိမ်ရှင် လုပ်ချင်တဲ့ ပြောလိုက်တဲ့ ရုရှား
ရုရှား ကတော့ ယူရို(၂၀၂၈) ဒါမှမဟုတ် ယူရို(၂၀၃၂) ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ စိတ်ဝင်စားတယ်လို့ နိုင်ငံရဲ့ဘောလုံးအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။
ယူကရိန်းကို ကျုးကျော်မှုကြောင့် ဖီဖာနဲ့ ယူအီးအက်ဖ်အေတို့ဟာ ရုရှားကလပ်တွေနဲ့ နိုင်ငံ အသင်းတွေကို ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရုရှားဘောလုံးသမဂ္ဂ က အားကစားခုံရုံးကို အယူခံဝင်ခဲ့ပေမယ့် ဒါကိုလည်း ဆိုင်းငံ့ထားတာပါ။
ဒါပေမယ့် ရုရှား ဟာ ယူရို(၂၀၂၈)နဲ့ (၂၀၃၂) ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဝင်ရောက်ပြုလုပ်ဖို့ စိတ်ဝင်စားနေကြောင်းကို အမှုဆောင်ကော်မတီ က အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ရုရှားအမှုဆောင်ကော်မတီဝင် ဆာဂျီအန်နော့ခ်ဟင် က ဒီပြိုင်ပွဲတွေအတွက် အိမ်ရှင်အဖြစ် ဝင်ရောက်အရွေးခံဖို့ စိတ်ဝင်စားတယ်လို့ အစောပိုင်းတည်းက ဖော်ပြခဲ့တာပါ။ ဗြိတိန်နဲ့ အိုင်ယာလန် တို့ကလည်း ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပဖို့ စိတ်ဝင်စားနေသလို တူရကီကလည်း စိတ်ဝင်စားနေတာဖြစ်ပါတယ်။
ရုရှားနိုင်ငံဟာ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တာပါ။ ဒါပေမယ့် ယူကရိန်းကို စစ် ဆင်နွှဲပြီးနောက် နိုင်ငံတကာ အားကစားအသိုင်းအဝန်းရဲ့ ဖယ်ကျဉ်ခြင်း ကို ခံခဲ့ရတာဖြစ်ပါတယ်။
ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ဗိုလ်လုပွဲကို စိန့်ပီတာစဘတ်မှာ ကျင်းပဖို့ သတ်မှတ်ထားပေမယ့် ဒီအဖြစ်အပျက် တွေကြောင့် ကျင်းပခွင့်ရုပ်သိမ်းခံခဲ့ရပြီး ပြင်သစ်နိုင်ငံ ပဲရစ်မှာ ပြောင်းလဲကျင်းပဖို့ ယူအီးအက်ဖ်အေ က ဆုံးဖြတ်ထားတာဖြစ်ပါတယ်။
ယူရို(၂၀၂၈) ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ကျင်းပဖို့ ရုရှား၊ တူရကီနဲ့ ဗြိတိန်၊ အိုင်ယာလန် တို့က စိတ်ဝင်စားနေတယ်လို့ ယူအီးအက်ဖ်အေက အတည်ပြုထားပါတယ်။

ZG
႐ုရွား ကေတာ့ ယူ႐ို(၂၀၂၈) ဒါမွမဟုတ္ ယူ႐ို(၂၀၃၂) ၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ က်င္းပဖို႔ စိတ္ဝင္စားတယ္လို႔ ႏိုင္ငံရဲ႕ေဘာလုံးအဖြဲ႕ခ်ဳပ္က ေျပာလိုက္ပါတယ္။
ယူကရိန္းကို က်ဳးေက်ာ္မႈေၾကာင့္ ဖီဖာနဲ႔ ယူအီးအက္ဖ္ေအတို႔ဟာ ႐ုရွားကလပ္ေတြနဲ႔ ႏိုင္ငံ အသင္းေတြကို ၿပိဳင္ပြဲ ယွဥ္ၿပိဳင္ခြင့္ ပိတ္ပင္ထားတာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ ႐ုရွားေဘာလုံးသမဂၢ က အားကစားခုံ႐ုံးကို အယူခံဝင္ခဲ့ေပမယ့္ ဒါကိုလည္း ဆိုင္းငံ့ထားတာပါ။
ဒါေပမယ့္ ႐ုရွား ဟာ ယူ႐ို(၂၀၂၈)နဲ႔ (၂၀၃၂) ၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ ဝင္ေရာက္ျပဳလုပ္ဖို႔ စိတ္ဝင္စားေနေၾကာင္းကို အမႈေဆာင္ေကာ္မတီ က အစည္းအေဝးျပဳလုပ္ၿပီး ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။
႐ုရွားအမႈေဆာင္ေကာ္မတီဝင္ ဆာဂ်ီအန္ေနာ့ခ္ဟင္ က ဒီၿပိဳင္ပြဲေတြအတြက္ အိမ္ရွင္အျဖစ္ ဝင္ေရာက္အေ႐ြးခံဖို႔ စိတ္ဝင္စားတယ္လို႔ အေစာပိုင္းတည္းက ေဖာ္ျပခဲ့တာပါ။ ၿဗိတိန္နဲ႔ အိုင္ယာလန္ တို႔ကလည္း ပူးတြဲအိမ္ရွင္အျဖစ္ က်င္းပဖို႔ စိတ္ဝင္စားေနသလို တူရကီကလည္း စိတ္ဝင္စားေနတာျဖစ္ပါတယ္။
႐ုရွားႏိုင္ငံဟာ (၂၀၁၈) ကမာၻ႔ဖလားၿပိဳင္ပြဲကို ေအာင္ျမင္စြာ က်င္းပႏိုင္ခဲ့တာပါ။ ဒါေပမယ့္ ယူကရိန္းကို စစ္ ဆင္ႏႊဲၿပီးေနာက္ ႏိုင္ငံတကာ အားကစားအသိုင္းအဝန္းရဲ႕ ဖယ္က်ဥ္ျခင္း ကို ခံခဲ့ရတာျဖစ္ပါတယ္။
ဒီရာသီ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ ဗိုလ္လုပြဲကို စိန႔္ပီတာစဘတ္မွာ က်င္းပဖို႔ သတ္မွတ္ထားေပမယ့္ ဒီအျဖစ္အပ်က္ေတြေၾကာင့္ က်င္းပခြင့္႐ုပ္သိမ္းခံခဲ့ရၿပီး ျပင္သစ္ႏိုင္ငံ ပဲရစ္မွာ ေျပာင္းလဲက်င္းပဖို႔ ယူအီးအက္ဖ္ေအ က ဆုံးျဖတ္ထားတာျဖစ္ပါတယ္။
ယူ႐ို(၂၀၂၈) ၿပိဳင္ပြဲကို အိမ္ရွင္အျဖစ္ က်င္းပဖို႔ ႐ုရွား၊ တူရကီနဲ႔ ၿဗိတိန္၊ အိုင္ယာလန္ တို႔က စိတ္ဝင္စားေနတယ္လို႔ ယူအီးအက္ဖ္ေအက အတည္ျပဳထားပါတယ္။