စီးတီးကို ငြင်းတဲ့ ဟာလန်း၊ ဆာလတ်ကို လိုက်မယ့် ဘာစီလိုနာ၊ အာဆင်နယ်နဲ့ မန်ယူရဲ့ ဒီယာဘီ နံနက်ခင်း သတင်းများ
မန်ယူကွင်းလယ်လူဟောင်း ကလီဘာဆန်က မန်ယူအတွက် စပါးနည်းပြဟောင်း ပိုချက်တီနိုက အလိုက်ဖက်ဆုံး ရွေးချယ်မှုဖြစ်ကြောင်း၊ ပိုချက်တီနိုဟာ အင်္ဂလန်မှာတုန်းက နည်းပြကောင်းဆိုတာ ပြသနိုင်ခဲ့ကြောင်း၊ ပီအက်စ်ဂျီမှာ ရုန်းကန်နေရပေမဲ့ သူဟာ မန်ယူအတွက် အလိုက်ဖက်ဆုံးနည်းပြဖြစ်နေဆဲဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဒေါ့မွန် အသင်းရဲ့ တိုက်စစ်မှူး အာလင်း ဟာလန်း ဟာ မန်ချက်စတာ စီးတီး အသင်းရဲ့ တပတ် လုပ်ခ ပေါင် ၅ သိန်း နဲ့ ကမ်းလှမ်းမှု ကို ငြင်းပယ် ခဲ့တယ်လို့ သတင်း ထွက်ပေါ်လာခဲ့ပါတယ်။

မန်စီးတီး ကနေ နွေရာသီ မှာ ထွက်ခွာဖွယ် ရှိတဲ့ တောင်ပံ ကစားသမား မာရက်ဇ် ကို ဘာစီလိုနာ က ချိတ်ဆက်မှု ပြုလုပ် လိုက်တယ်လို့ သိရပါတယ်။ မာရက်ဇ် ကို PSG ကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
လီဗာပူး ဟာ ဘာစီလိုနာ နဲ့ စာချုပ်သစ် ကို ငြင်းဆန် ထားတဲ့ လူငယ် ကစားသမားလေး ဂါဗီ ရဲ့ အခြေအနေ ကို စောင့်ကြည့်နေပြီး နွေရာသီမှာ အလွတ်နဲ့ ထွက်ခွာ လာပါက လက်ဦးမှု ရယူနိုင်ဖို့ ပြင်ဆင် သွားဖွယ် ရှိပါတယ်။
ဘာစီလိုနာအနေနဲ့ လာမဲ့နွေရာသီအပြောင်းအရွှေ့မှာ လီဗာပူးတိုက်စစ်မှူး မိုဟာမတ်ဆာလတ်ကို ဦးစားပေး ကြိုးပမ်းသွားမှာဖြစ်ကြောင်း စပိန် သတင်းတွေအရ သိရပါတယ်။ ဆာလတ်ရဲ့ စာချုပ်ဟာ ၂၀၂၃ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး လစာကိစ္စညှိနှိုင်းမှု အဆင်မပြေဘဲ သက်တမ်းတိုးဖို့ ကြန့်ကြာနေတာပါ။
ချဲလ်ဆီးနောက်ခံလူ အလွန်က ချန်ပီယံလိဂ်မှာ ရီးရဲနဲ့ တွေ့ဆုံနေတဲ့အပေါ် ဒီပွဲစဉ်မှာ ရေပန်းစားတဲ့အသင်းဆိုတာ မရှိကြောင်း၊ ခမ်းနားတဲ့နှစ်သင်း တွေ့ဆုံတဲ့ပွဲဖြစ်ပြီး မိမိတို့အနေနဲ့ ဆီမီးဖိုင်နယ် ရောက်ရှိအောင် ကြိုးစား သွားမှာဖြစ်ကြောင်း၊ နောက်တစ်ဆင့်ရောက်ဖို့ ၅၀-၅၀ စီဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပ အသင်း အတော်များများက စောင့်ကြည့် နေတဲ့ လေဗာကူဆင် ရဲ့ ၂၂ နှစ် အရွယ် တောင်ပံ ကစားသမားလေး မူဆာ ဒီယာဘီ ဟာ ရာသီ အကုန်မှာ အသင်းပြောင်းဖို့ စိတ်ကူးနေတယ်လို့ သိရပါတယ်။
အီတလီ ဘောလုံးအဖွဲ့ချုပ် ကတော့ ကမ္ဘာ့ဖလား အိပ်မက် အဆုံးသတ် ခဲ့ရပေမယ့် နည်းပြ ရော်ဘတ်တို မန်စီနီ ကို ဆက်လက် တာဝန်ပေးလိုပြီး ကာယကံရှင် ရဲ့ ဆုံးဖြတ်ချက် ကို စောင့်ဆိုင်း နေတယ်လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။