အဆိပ်ခတ်ခံရတဲ့ အေဗရာမိုဗစ်ချ်၊ ကမ္ဘာ့ဖလား မဲခွဲမယ့် ရက်နဲ့ ယနေ့ နံနက်ခင်း သတင်းများ
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုပွဲစဉ်တွေ မဲခွဲမှုကို ဧပြီလ (၁) ရက်နေ့မှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို နိုဝင်ဘာ (၂၁) ရက်နေ့မှာ ကာတာနိုင်ငံရဲ့ ပရိသတ် ၆ သောင်းဆံ့ Al Khor ကွင်းကြီးထဲမှာ ပထမဆုံး ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ရီးရဲမက်ဒရစ်အနေနဲ့ မိုနာကိုကွင်းလယ်လူ ချူဝါမန်နီ ကိုေ ခါ်ယူဖို့ စိတ်ဝင်စားလျက်ရှိနေကြောင်း GOAL က အတည်ပြုဖော်ပြထားပါတယ်။ အသက် ၂၂ နှစ်အရွယ် ကစားသမားကို ရီးရဲကကက်စမဲရိုးရဲ့နေရာမှာ အစားထိုးဖို့ ချိန်ရွယ်နေတာဖြစ်ပြီး လာမဲ့နွေမှာ ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်။
ချဲလ်ဆီး အသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်ဟာ ဒီလထဲမှာ ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ကိစ္စ ဆွေးနွေးနေစဉ် သူ အပါအဝင် ဆွေးနွေးသူ ၃ ယောက်လောက် အဆိပ်ခတ်ခံခဲ့ရတယ် လို့ သိရပါတယ်။ မိုဗစ်ချ်တို့ဟာ ရုတ်တရက် အမြင်အာရုံ ပျောက်သွားခဲ့သေးပြီး အသားတွေ နီမြန်းသွားခဲ့တာပါ။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ ဆင်ကလဲယားက အာဆင်နယ်နောက်ခံလူ ဘန်ဝှိုက်ဟာ ရာသီအစတုန်းက ရုန်းကန်ခဲ့ရပေမဲ့ လက်ရှိမှာ အာဆင်နယ်နောက်တန်းမှာ တည်ငြိမ်တဲ့ စွမ်းဆောင်ရည်ကိုပြသထားကြောင်း၊ ဘန်ဝှိုက်နဲ့ ဂါဘရီရယ်တိုနဲ့ အတွဲအဖက်ဟာ အံ့အားသင့်ဖွယ်ကောင်းကြောင်း ချီးကျူးခဲ့ပါတယ်။
အင်္ဂလန်နည်းပြ ဆောက်ဂိတ်အနေနဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အခုကတည်းက ပင်နယ်တီလေ့ကျင့်မှု စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရပါတယ်။
ချဲလ်ဆီးနောက်ခံလူ ရူဒီဂါကို ခေါ်ယူဖို့အတွက် စီးရီးအေထိပ်သီးကလပ် ဂျူဗင်တပ်က ကြိုးပမ်းနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ဂျူဗင်တပ်ဟာရူဒီဂါကို ၅ နှစ်စာချုပ်နဲ့ ချုပ်ဆိုဖို့ ပြင်ဆင်မှာဖြစ်ပြီး ပေါင် ၂၂.၅ သန်း ပေးချေမှာဖြစ်ကြောင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ အပိုဆုကြေး ပေါင် ၅ သန်းခန့်ကို လွဲချော်ရဖို့ ရှိနေပါတယ်။ ချန်ပီယံလိဂ်ဖလားရရင် ပေါင် ၂.၅ သန်း၊ပရီးမီးယားလိဂ်ဖလားရရင် ပေါင် ၂.၅ သန်းရရှိမယ်လို့ စာချုပ် ချုပ်ဆိုထားတာဖြစ်ပြီး လက်ရှိမှာ ဖလားနှစ်လုံးစလုံး မရနိုင်တဲ့ အနေအထားပါ။

အီတလီနည်းပြ မန်စီနီက ကမ္ဘာ့ဖလားခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိပေမဲ့ သူ့အနေနဲ့ အသင်းကနေ နုတ်ထွက်မှာ မဟုတ်ဘဲ အီတလီနည်းပြအဖြစ် ဆက်ရှိနေမှာဖြစ်ကြောင်း အတည်ပြုခဲ့ပါတယ်။ သူ့အနေနဲ့အီတလီနည်းပြအဖြစ် ဆောင်ရွက်ရတာ နှစ်သက်ကြောင်း၊ သူ့အနေနဲ့ အီတလီနဲ့အတူ ယူရိုဖလား၊ ကမ္ဘာ့ဖလားတို့ကိုရယူလိုကြောင်း မန်စီနီက ဆိုခဲ့ပါတယ်။
လီဗာပူးနောက်ခံလူ အာနိုးလ်က သူအကြိုက်ဆုံးအသင်းမှာ လာလီဂါထိပ်သီးကလပ်ဘာစီလိုနာဖြစ်ကြောင်း၊ သူ့အနေနဲ့ မက်ဆီနဲ့အတူ အင်နီယေစတာ၊ ဇာဗီ၊ အင်နရီ၊ အီတူးတို့ရဲ့ ဘာစီလိုနာကိုကြည့်ပြီး ကြီးပျင်းလာရခြင်းဖြစ်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။
ဘာစီလိုနာအနေနဲ့ လိဒ်စ်တောင်ပံကစားသမား ရာဖင်ဟာကို ခေါ်ယူတဲ့နေရာမှာ အပြောင်းအရွှေ့ဘတ်ဂျက်ရအောင်လို့ ကစားသမား ၈ ဦးခန့်ကို ရောင်းထုတ်သွားမှာ ဖြစ်ပါတယ်။ဘာစီလိုနာအနေနဲ့ ရာဖင်ဟာကို ၅ နှစ်စာချုပ်နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ြ့ဖြစ်ကြောင်း AS က ဖော်ပြထားတာပါ။