ပြောင်းလာဖို့ လုပ်နေတဲ့ ရက်ဖို့ဒ်၊ တောင်ပံပစ်မှတ်သစ်၊ မှားပါပြီ ဆိုတဲ့ ပေါလ်မာဆင်နဲ့ ယနေ့ အာဆင်နယ် သတင်းများ
မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ် ဟာ အာဆင်နယ်အသင်းထံကို ပြောင်းရွှေ့ဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
အာဆင်နယ် အသင်း နဲ့ စာချုပ် သက်တမ်း ၂ နှစ် ကျန်ရှိနေသေးပေမယ့် ပုံမှန် ပွဲထွက် ကစားခွင့် မရရှိတာကြောင့် သူ့ရဲ့ အနာဂတ် နဲ့ ပတ်သက်ပြီး ရာသီကုန်မှာ ဆုံးဖြတ်ချက် ချသွားတော့မယ်လို့ နစ်ကိုးလပ်စ် ပီပီ က ပြောကြား လိုက်ပါတယ်။
အာဆင်နယ် ဂိုးသမား ရမ်ဒေးစ်က သူလည်း အသင်းခေါင်းဆောင်ရာထူးကို ရယူနိုင်စွမ်း ရှိနေကြောင်း၊ သူတို့အသင်းမှာ ခေါင်းဆောင်နိုင်စွမ်းရှိသူတွေရှိပြီး အသင်းခေါင်းဆောင် ဖြစ်သင့်တဲ့ ကစားသမားများစွာရှိနေကြောင်း ဆိုခဲ့ပါတယ်။

အာဆင်နယ်ပစ်မှတ်ထားနေတဲ့ အဲဗာတန်တိုက်စစ်မူှး လီဝင်ရဲ့အေးဂျင့်က သူ့ကစားသမားအနေနဲ့ အခြား ပရီးမီးယားလိဂ် ကလပ် တစ်သင်းနဲ့ သဘောတူညီမှု ရခဲ့ပြီဆိုတဲ့ သတင်းတွေကို ငြင်းဆန်ပယ်ချ လိုက်ပါတယ်။
မီဆွတ်အိုဇေးဟာ အာဆင်နယ်မှာ လူတိုင်းနဲ့ ပြဿနာတွေ ရှိခဲ့ပြီး သူ့ရဲ့ ကြံ့ခိုင်မှု မရှိခြင်းကြောင့် နောက်ဆုံးမှာ ထွက်ခွာ သွားရခဲ့တာဖြစ်တယ်လို့ အာဆင်နယ် နောက်ခံလူဟောင်း နာချို မွန်ရီရယ်က ဆိုပါတယ်။
အာဆင်နယ်အနေနဲ့ ဖီအိုရင်တီးနာထံကို အငှားချထားတဲ့ကွင်းလယ်လူ တော်ရဲရားကို လာမဲ့နွေမှာ အပြီးသတ် ရောင်းချသွားတော့မှာ ဖြစ်ပါတယ်။ အာဆင်နယ် က တော်ရဲရားအတွက် ယူရို၁၅ သန်းရရင် ရောင်းထုတ်မှာဖြစ်ပြီး လက်ရှိမှာ တော်ရဲရားဟာ ဖီအိုမှာ ခြေစွမ်းပြသနေပါတယ်။
အာဆင်နယ်ကစားသမားဟောင်း ပေါလ်မာဆင်က ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ဝယ်ယူခဲ့တဲ့ ကစားသမား ၄ ဦးနဲ့ ပတ်သက်ပြီး အံ့အားသင့်မိတယ်လို့ ဝန်ခံလိုက်ပါတယ်။ အိုဒီဂတ်၊ ဘန်ဝှိုက်၊ တိုမီယာဆုနဲ့ ရမ်ဒေးစ်တို့ကို ခေါ်ယူစဉ်က သံသယဝင်ခဲ့မိကြောင်း မာဆင်က ဖွင့်ဟခဲ့ပါတယ်။

နယ်သာလန်ကလပ် ပီအက်စ်ဗွီတောင်ပံကစားသမား လူးဝစ်စီနီစတာရာကို ခေါ်ယူလိုတဲ့အသင်းတွေထဲ အာဆင်နယ် လည်း ပါဝင်လာခဲ့ကြောင်း သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ၎င်းရဲ့စာချုပ်တန်ကြေးဟာ ယူရို ၁၅ သန်းရှိပြီး သူ့ရဲ့စာချုပ်ဟာ ၂၀၂၄ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။
ဘရာဇီးနည်းပြ တီတီဟာ အာဆင်နယ် နည်းပြအလုပ်အတွက် ချိတ်ဆက်နေတယ်ဆိုတဲ့ ကောလာဟလတွေကြောင့် အာဆင်နယ်အသင်းထံ တောင်းပန်မှု လုပ်ခဲ့ပါတယ်။
တီတီက “ကျွန်တော် အာဆင်နယ်ကို တောင်းပန်ပါတယ်။ ဒါပေမယ့် ကျွန်တော်က အဲ့ဒီ့ နည်းပြအလုပ်ကို စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေက ကျွန်တော်တို့ဆီက လာတာ မဟုတ်ပါဘူး။ အဲ့ဒါက လုံးဝ မမှန်ကန်ဘူး။” လို့ ပြောဆိုခဲ့တာပါ။