တီမိုဗာနာ ယူရိုသန်း ၄ဝ၊ ချီးကျူးခံရတဲ့ ဘယ်လင်ဟမ်၊ ဖိအားဝင်နေတဲ့ ဆာလတ်နဲ့ ယနေ့ နံနက်ခင်း သတင်းများ

ဂရီးလစ်ရှ်ကတော့ အင်္ဂလန် အသင်းဖော်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။ အသက် ၁၈ နှစ် အရွယ်မှာ ဘယ်လင်ဟမ်ရဲ့ အရည်အသွေးက ကြောက်မက်ဖွယ်ရာကောင်းပြီး ၂၆ နှစ်အရွယ်လို ရင့်ကျက် လွန်းကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲအတွင်း အင်္ဂလန်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကို အသားအရောင်ခွဲခြားလှောင်ပြောင်ခဲ့တဲ့ ဆယ်ကျော်သက် လူငယ်တစ်ဦးဟာ ထောင်ဒဏ်ချမှတ်ခံခဲ့ရကြောင်း သတင်းရရှိပါတယ်။

မန်ယူအသင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်ကတော့ ဂလေဇာလက်ထဲ အသင်းရောက်ရှိနေတာကို မကျေမနပ် ဖြစ်နေပြီး အသင်းကို အခြားတစ်ဦးဦးထံ လက်လွှဲရောင်းချပေးဖို့ ထပ်မံ တိုက်တွန်းပြောဆို သွားခဲ့ပါတယ်။

စပါးအသင်းတောင်ပံတိုက်စစ်ကစားသမား ဘတ်ဂျ်ဝီကတော့ လာမယ့် နွေရာသီ အတွင်း အသင်းပြောင်းရွှေ့ဖွယ် ရှိနေကြောင်း အရိပ်အမြွတ်ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

အာဆင်နယ်နောက်ခံလူ တီယာနေးကို လာလီဂါထိပ်သီးကလပ်နှစ်သင်းဖြစ်တဲံ ဘာစီလိုနာနဲ့ ရီးရဲမက်ဒရစ်တို့က အပြိုင်ကြိုးပမ်းေနေကြောင်း သိရပါတယ်။ ရီးရဲဟာ တီယာနေးကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပြီး အခုအခါ ဘာစီလိုနာကပါ စိတ်ဝင်စားလာတာပါ။

အီဂျစ်အသင်းအတွက် ကမ္ဘာ့ဖလား ဝင်ခွင့်ရအောင် မစွမ်းဆောင်ပေးနိုင်ခဲ့တဲ့ ဆာလတ် တစ်ယောက် လက်တလော ဖိအားတွေ ခံစားနေရသလို လက်ရွေးစင် ကစားသမားဘဝကနေတောင် အနားယူဖို့အထိ စဉ်းစားမှုတွေ ရှိလာခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ချဲလ်ဆီးတိုက်စစ်မူှး တီမိုဝါနာ က လာမဲ့နွေရာသီ မှာ အသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။ ချဲလ်ဆီးအနေနဲ့လည်း ဝါနာကို ရောင်းထုတ်ဖို့ စိတ်ဝင်စားနေပြီး သူ့အတွက် ယူရို သန်း ၄၀ အလိုရှိ နေကြောင်း သိရပါတယ်။

ဘာစီလိုနာအနေနဲ့ တောင်ပံကစားသမား ဒမ်ဘီလီကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ထပ်မံ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဘာစီလိုနာဟာ ဒမ်ဘီလီရဲ့ ကိုယ်စားလှယ်တွနဲ့ အင်္ဂါနေ့မှာ တွေ့ဆုံခဲ့ကာ စာချုပ်သစ်အတွက် ဆွေးနွေးမှု ပြန်လည်စတင်နေပြီဖြစ်ပါတယ်။

အာဆင်နယ် အသင်းဟာ ၎င်းတို့ရဲ့ အဓိကတိုက်စစ်မှူး လာကာဇက်တီကို လာမယ့် နွေရာသီအတွင်း နောက်ထပ် တစ်နှစ် ထပ်မံသက်တမ်း တိုးမြှင့်နိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။