တစ်ပွဲလုံး ဂိုးပေါက် ၂ကြိမ်ပဲ တည့်ပေမယ့် ရီးရဲလ်ထက် ဘာစီလိုနာက ပိုကောင်းတယ် ပြောနေတဲ့ ကိုးမန်း
ဘာစီလိုနာနည်းပြ ရော်နယ်ကိုးမန်းက အယ်ကလက်စီကိုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အား ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ဘာစီလိုနာကပဲ ပိုကောင်းတဲ့ အသင်း ဖြစ်ခဲ့တယ်လို့ ပွဲအပြီးမှာ ပြောဆိုလိုက်ပါတယ်။
ဘာစီလိုနာက တစ်ပွဲလုံး ဂိုးပေါက်တည့်ကန်ချက် ၂ ကြိမ်သာ ရခဲ့သော်လည်း ကိုးမန်းက မိမိတို့က ရီးရဲလ်ထက် ပိုကောင်းသည်ဟု အခိုင်အမာ ပြောဆိုလိုက်တာပါ။

“ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့တာ အမှန်ပါပဲ။ ပွဲကိုအကောင်းဆုံး ထိန်းချုပ် နိုင်ခဲ့တယ်။ အမှတ်ပေးဇယားမှာ ထိပ်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးကောင်းတွေ ရခဲ့တယ်။
ဒါပေမဲ့ ဒုတိယပိုင်းမှာတော့ ရီးရဲလ်က သူတို့လုပ်စရာရှိတာကို အကောင်းဆုံးလုပ်ခဲ့ပြီး ခံစစ်မှာ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ ကျွန်တော်တို့ကတော့ အန္တရာယ်ပေးနိုင်တဲ့ အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ဘူး။
ရီးရဲလ်ရဲ့ တန်ပြန်တိုက်စစ်က အရမ်းကောင်းလို့ သတိထားဖို့လိုတယ်။ ရလဒ်ကြောင့် ကျွန်တော် စိတ်ပျက်မိပါတယ်” ဟု ကိုးမန်းက ပြောဆိုခဲ့ပါတယ်။
ဘာစီလိုနာ ၂ ပွဲ ဆက်တိုက် အနိုင်ရပြီးမှ ရှုံးပွဲပြန်တွေ့ခဲ့သောကြောင့် ကိုးမန်းမှာ ဖိအားများ ပြန်လည် ရင်ဆိုင်နေရပြီး ထုတ်ပယ်ခံရရန်လည်း နီးစပ်လာပြန်ပြီဖြစ်ပါတယ်။

ZG
ဘာစီလိုနာနည္းျပ ေရာ္နယ္ကိုးမန္းက အယ္ကလက္စီကိုပြဲစဥ္မွာ ရီးရဲလ္မက္ဒရစ္အား ၂-၁ ဂိုးျဖင့္ ရႈံးနိမ့္ခဲ့ေသာ္လည္း ဘာစီလိုနာကပဲ ပိုေကာင္းတဲ့ အသင္း ျဖစ္ခဲ့တယ္လို႔ ပြဲအျပီးမွာ ေျပာဆိုလိုက္ပါတယ္။
ဘာစီလိုနာက တစ္ပြဲလုံး ဂိုးေပါက္တည့္ကန္ခ်က္ ၂ ႀကိမ္သာ ရခဲ့ေသာ္လည္း ကိုးမန္းက မိမိတို႔က ရီးရဲလ္ထက္ ပိုေကာင္းသည္ဟု အခိုင္အမာ ေျပာဆိုလိုက္တာပါ။
“ပထမပိုင္းမွာ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းကစားႏိုင္ခဲ့တာ အမွန္ပါပဲ။ ပြဲကိုအေကာင္းဆုံး ထိန္းခ်ဳပ္ နိုင္ခဲ့တယ္။ အမွတ္ေပးဇယားမွာ ထိပ္ကို တက္လွမ္းႏိုင္ဖို႔ အခြင့္အေရးေကာင္းေတြ ရခဲ့တယ္။
ဒါေပမဲ့ ဒုတိယပိုင္းမွာေတာ့ ရီးရဲလ္က သူတို႔လုပ္စရာရွိတာကို အေကာင္းဆုံးလုပ္ခဲ့ၿပီး ခံစစ္မွာ ေကာင္းေကာင္းလုပ္ႏိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ကေတာ့ အႏၲရာယ္ေပးႏိုင္တဲ့ အခြင့္အေရးေတြ မဖန္တီးႏိုင္ခဲ့ဘူး။
ရီးရဲလ္ရဲ႕ တန္ျပန္တိုက္စစ္က အရမ္းေကာင္းလို႔ သတိထားဖို႔လိုတယ္။ ရလဒ္ေၾကာင့္ ကြၽန္ေတာ္ စိတ္ပ်က္မိပါတယ္” ဟု ကိုးမန္းက ေျပာဆိုခဲ့ပါတယ္။
ဘာစီလိုနာ ၂ ပြဲ ဆက္တိုက္ အႏိုင္ရၿပီးမွ ရႈံးပြဲျပန္ေတြ႕ခဲ့ေသာေၾကာင့္ ကိုးမန္းမွာ ဖိအားမ်ား ျပန္လည္ ရင္ဆိုင္ေနရၿပီး ထုတ္ပယ္ခံရရန္လည္း နီးစပ္လာျပန္ၿပီျဖစ္ပါတယ္။