ဂတ်ပို ကို ရဖို့များနေတဲ့ အာဆင်နယ်၊ အရူဂျို နဲ့ စီးတီး၊ ဂနာဘီ၊ အဆန်စီရိုနဲ့ ယနေ့ည အပြောင်းအရွှေ့ သတင်းများ
အာဆင်နယ် အသင်းက PSV ကြယ်ပွင့်ဖြစ်တဲ့ ဂက်ပို ကို ခေါ်ယူဖို့အတွက် ထိပ်ဆုံးက ဦးဆောင်နေတယ်လို့ Voetbal က ဆိုပါတယ်။ ဒီ ၂၂ နှစ်သား က ဒီရာသီမှာ ၁၆ ဂိုးသွင်းပြီး ၁၅ ဂိုးဖန်တီးထားတာကြောင့် လီဗာပူး နဲ့ ဘာကာတို့လည်း စောင့်ကြည့်နေပါတယ်။
မန်စီးတီး အသင်းက ဘာစီလိုနာ နောက်ခံလူဖြစ်တဲ့ ရော်နယ် အရူဂျို ကို ခေါ်ယူဖို့အတွက် နီးစပ်နေပြီလို့ဆိုပါတယ်။ အရူဂျို က ဘာစီလိုနာနဲ့ စာချုပ် သစ်ချုပ်ဆိုဖို့ ငြင်းဆန်ခဲ့တာကြောင့် လာမယ့် နွေမှာ ရောင်းထုတ်ဖို့ ဘာစီလိုနာက ပြင်ဆင်လာပါတယ်။

မန်ယူ နဲ့ လီဗာပူး အသင်းတို့နဲ့ သတင်းထွက်နေတဲ့ အင်္ဂလန် လက်ရွေးစင် ဒေ့ါမွန် တောင်ပံ ကစားသမား ဘယ်လင်ဟမ် ကို ရီးရဲလ် အသင်းက ခေါ်ယူဖို့ ၂၀၂၃ မှာ ပြင်ဆင်သွားမယ်လို့ ဆိုပါတယ်။ ဒေါ့မွန်က ဒီ ကစားသမားအတွက် လက်ရှိမှာ ပေါင်သန်း ၁၀၀ အထိ ဈေးခေါ်ထားတာကြောင့် ကလပ်တွေက လက်ရှောင်နေကြပါတယ်။
နွေမှာ ချဲလ်ဆီးအသင်းက ထွက်ခွာတော့မယ့် အန်တိုနီယို ရူဒီဂျာ နဲ့ ဘာစီလုနာ အသင်းက စတင်ဆွေးနွေးနေပြီလို့ စကိုင်းစပေါ့ ဂျာမနီ သတင်းက ဆိုပါတယ်။
မန်ယူအသင်းက လာမယ့် နွေမှာ ဘာစီလိုနာ ကစားသမားဟောင်း ဖြစ်တဲ့ အန်ဒါးလက်ချ် နောက်ခံလူ ဆာဂျီယို ဂိုမက်စ်ကို လာမယ့်နွေမှာ ခေါ်ယူဖို့ ချိန်ရွယ်နေတယ်လို့ သိရပါတယ်။
အင်တာမီလန် အသင်းက လူကာကူ ကို ကလပ်ထံပြန်ခေါ်ယူလိုတယ်လို့ ကယ်ဆီယိုမာကာတာ က ဆိုပါတယ်။ လူကာကူက ချဲလ်ဆီး အသင်းကို ပေါင် ၉၈ သန်းနဲ့ ပြောင်းသွားပေမယ့်လည်း ခြေစွမ်းပြဖို့ ရုန်းကန် နေရတာကြောင့် အင်တာမီလန်က ကနဦး အငှားနဲ့ ပြန်ခေါ်ယူလိုတယ်လို့ သိရပါတယ်။

ရီးရဲလ် အသင်းကတော့ ဂျာမနီတောင်ပံ ကစားသမားဖြစ်တဲ့ ဂနာဘီ ကို လာမယ့်နွေမှာ ခေါ်ယူဖို့အတွက် စုံစမ်း မေးမြန်းခဲ့တယ်လို့ Sport Bild က ဆိုပါတယ်။ အာဆင်နယ် ကစားသမားဟောင်းဖြစ်တဲ့ ဂနာဘီ ကတော့ စိန်ခေါ်မှု အသစ် အတွက် လာလီဂါကို ပြောင်းလိုခြင်းဖြစ်ပါတယ်။
အာဆင်နယ်ရဲ့ ပစ်မှတ်ဖြစ်တဲ့ မာကို အဆန်ဆီယိုကို အေစီမီလန် အသင်းက စိတ်ဝင်စားမှု လျော့နည်းသွားပြီလို့ ဆိုပါတယ်။ ဒီ ကစားသမား က ၂၀၂၃ မှာ စာချုပ် ကုန်မှာဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းဆန်ထားတာကြောင့် အာဆင်နယ် နဲ့ လီဗာပူးတို့နဲ့ သတင်းထွက်လာတာပါ။