ကမ္ဘာ့ဖလား အုပ်စုမဲခွဲမှု ရလဒ်များ၊ မန်ယူကိစ္စ မဖြေတဲ့ တန်ဟက်၊ ရူဒီဂါနဲ့ ကွီတာတို့ ထိန်းမှာနဲ့ နံနက်ခင်း သတင်းများ

ညက ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလား မဲခွဲမှု ရလဒ်တွေ အရ အင်္ဂလန် အသင်းဟာ အီရန်၊ အမေရိကန်၊ စတဲ့ အသင်း ၂ သင်း အပြင် ဝေးလ်- စကော့တလန် ဒါမှမဟုတ် ယူကရိန်းစတဲ့ အသင်းတစ်သင်းနဲ့ တစ်အုပ်စုတည်း ကျရောက် နေတာကြောင့် အခြေအနေကောင်းနေကြောင်း သိရပါတယ်။

ဒါ့အပြင် အိမ်ရှင် ကာတာကလည်း အီကွေဒေါ၊ ဆီနီဂေါ၊ နယ်သာလန် စတဲ့ အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး အုပ်စုအကျပ်ဆုံးအဖြစ် စပိန်၊ ဂျာမဏီ၊ ဂျပန်၊ ခရိုအေးရှား ဒါမှမဟုတ် နယူးဇီလန် စတဲ့ အသင်းတွေ ပါဝင်နေတဲ့ အုပ်စု E က သက်မှတ်ခံထားရတာ တွေ့ရပါတယ်။

စီ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းကလည်း ဂါနာ၊ ဥရုဂွေး၊ တောင်ကိုရီးယား စတဲ့ အသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေတာကြောင့် နောက်တစ်ဆင့်အတွက် ရေပန်းစားနေပြီး မက်ဆီရဲ့ အာဂျင်တီးနားကလည်း ဆော်ဒီအာရေးဗျ၊ မက္ကဆီကို၊ ပိုလန် စတဲ့ အသင်းတွေနဲ့ တစ်အုပ်စုထဲ ကျရောက်နေတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အနေနဲ့ အဓိကကွင်းလယ်လူ ဖာနန်ဒက်စ်ကို ၂၀၂၆ ခုနှစ်အထိ စာချုပ်သက်တမ်း တိုးမြှင့်လိုက်ပြီ ဖြစ်ပါတယ်။ မန်ယူအနေနဲ့ ဖာနန်ဒက်စ်ကို နောက်ထပ်တစ်နှစ်သက်တမ်းတိုးခွင့် ထပ်မံချုပ်ဆိုထားပြီး စာချုပ်သစ်အရ အသင်းရဲ့ လုပ်ခအမြင့်ဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်လာတော့မှာပါ။

ချဲလ်ဆီးနည်းပြ တူချယ်ကတော့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးကြတော့မယ့် အက်စ်ပလီ ကွီတာနဲ့ ရူဒီဂါတို့ နှစ် ယောက် လုံးကို သက်တမ်းတိုးနိုင်ဖို့ အခြေအနေကောင်းနေကြောင်း ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းနဲ့ ကစားမယ့် အရေးကြီးပွဲစဉ်မှာ မန်စီးတီးအသင်းနောက်ခံလူ ဒီအော့စ် တစ်ယောက် ပါဝင်လာနိုင်ခြေ နည်းပါးနေကြောင်း သိရပါတယ်။

အေဂျက်နည်းပြ တန်ဟတ်ဂ်ကတော့ အင်တာဗျူးအစီအစဉ်အတွင်း မန်ယူအသင်းကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပေမယ့် နည်းပြရာထူးနဲ့ ပတ်သက်ပြီး အဖြေပေးဖို့ ငြင်းဆန်ခဲ့ကြောင်း သတင်းရရှိပါတယ်။

အာဂျင်တီးနား တိုက်စစ်မှုးဟောင်း အဂူရိုကတော့ သူ့အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာဂျင်တီးနားအသင်းမှာ နည်းပြအဖွဲ့ဝင်အဖြစ် ပါဝင်ဖို့ရှိနေကြောင်း အရိပ်အမြွက် ဖွင့်ဟခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာက အဓိကနောက်ခံလူ ဒီရက်စ်အနေနဲ့ ဧပြီ ၁၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမဲ့ လီဗာပူးနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ကို လွဲချော်မှာဖြစ်ကြောင်း၊ ဒီရက်စ်ရဲ့ အခြေအနေကို သေချာမသိကြောင်း၊အစောပိုင်းတုန်းက ဆရာဝန်တွေက လေးပတ်နားရမယ်လို့ ပြောပေမဲ့ အခုတော့ ၆ ပတ်နားရမယ်လို့ ပြောခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ချဲလ်ဆီးတိုက်စစ်မှူး လူကာကူအနေနဲ့ ချဲလ်ဆီးမှာ ပျော်ရွှင်ခြင်းမရှိဘဲ အသင်းပြောင်းဖို့ စီစဉ်နေဆဲဖြစ်ကြောင်း သိရပါတယ်။ လူကာကူဟာ အသင်းဟောင်း အင်တာမီလန်ကိုပြန်ပြောင်းဖို့ စီစဉ်လျက်ရှိနေတာပါ။