ကမ္ဘာ့ဖလား ဗိုလ်လုပွဲထိ တက်မယ်ဆို ပြိုင်ဘက်ကောင်းတွေနဲ့ တွေ့ရနိုင်တဲ့ အင်္ဂလန်အသင်းရဲ့ ခရီးလမ်း

၂၀၂၂ ကာတာ ကမ္ဘာ့ ဖလား အုပ်စု အဆင့် မဲခွဲမှုရလဒ်တွေကတော့ ထွက်ပေါ်လာခဲ့ပြီး ဖြစ်ပါတယ်။ နည်းပြ ဂါရတ်ဆောက်ဂိတ်ရဲ့ အင်္ဂလန် အသင်း က အုပ်စု B မှာ အီရန်၊ အမေရိကန် နဲ့ ဥရောပက ခြေစစ်ပွဲအောင်လာမယ့် ယူကရိန်း၊ စကော့တလန်၊ ဝေလ်လ တို့ ထဲက ၁ သင်းနဲ့ အတူ ကျရောက်နေတာဖြစ်ပါတယ်။

အင်္ဂလန် အသင်းအ နေနဲ့ ကမ္ဘာ့ ဖလား ရရှိခဲ့တာ ၁၉၆၆ က ပထမဆုံး အကြိမ်ဖြစ်ပြီး ၂၀၂၂ မှာ ဖလားမရတာ ၅၆ နှစ်ကြာသွားပြီဖြစ်ပါတယ်။ ဝင်ဘလေ မှာ ရပြီးကတည်း အင်္ဂလန် ကတော့ နိူင်ငံ တစ်ကာပြိုင်ပွဲမှာ အနိမ့်အမြင့် အတက်ကျ မျိုးစုံ နဲ့ ရင်ဆိုင်ခဲ့ပါတယ်။

ယူရို ၂၀၂၀ မှာ အင်္ဂလန် အသင်းက ဘယ်သူမှ မထင်ထားပဲ ဖိုင်နယ် အထိရောက်ခဲ့ပြီး အီတလီကို ပင်နယ်တီနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဒီ ကမ္ဘာ့ ဖလား မှာလည်း အင်္ဂလန် အသင်း ဖိုင်နယ် တက်လှမ်းနိူင်အုန်းမလား ဆိုတာကို ဒေးလီးမေးလ်က အခုလို သုံးသပ်ခဲ့ပါတယ်။

အင်္ဂလန် အသင်းက ပွဲထွက် အနေနဲ့ အီရန် နဲ့ အရင်ကန်မှာဖြစ်ပြီး နိူဝင်ဘာ ၂၁ ရက်နေ့ မှာ USA ပြီးတော့ 29 မှာ ဥရောပ ခြေစစ်ပွဲအောင်လာမယ့် အသင်းနဲ့ ကန်မှာဖြစ်ပါတယ်။ ဒီ အုပ်စုမှာ အင်္ဂလန် က အုပ်စုဗိုလ် ဖြစ်ဖို့ ရေပန်း အစားဆုံးဖြစ်နေပါတယ်။

အုပ်စု A ကနေ တော့ နယ်သာလန် အနေနဲ့ အုပ်စုဗိုလ်ဖြစ်ဖို့များပါတယ်။ အင်္ဂလန် အသင်း အနေနဲ့ အုပ်စု ဒုတိယ သာဆိုရင်တော့ နယ်သာလန် နဲ့ထိပ်တိုက်တွေ့ဖို့ များပါတယ်။ နယ်သာလန်ကို ရှောင်ပြီး အုပ်စု ဒုတိယဖြစ်နိူင်တယ့် ကာတာကို ကန်ဖို့အတွက် အင်္ဂလန် အသင်း အုပ်စုဗိုလ် မဖြစ်မနေလိုအပ်ပါတယ်။

အင်္ဂလန် အနေနဲ့ အုပ်စုဗိုလ် ဖြစ်ပြီး ကွာတားဖိုင်နယ်ကို ရောက်လာခဲ့မယ်ဆိုရင်တော့ အုပ်စု D က ရောက်လာမယ့် ပြင်သစ် ဒါမှမဟုတ် ဒိန်းမတ် နဲ့ ရင်ဆိုင်ရမှာပါ။ အုပ်စု ဒုတိယ အနေနဲ့ ကွာတား ရောက်လာခဲ့ရင် အုပ်စု C ဗိုလ်ဖြစ်တဲ့ အာဂျင်တီးနား နဲ့ ရင်ဆိုင်ရလောက်မှာပါ။

ကွာတား အဆင့်ကို ဖြတ်ကျော်လာနိူင်ခဲ့ရင် အင်္ဂလန်ကို ဆီမီးမှာ အာဂျင်တီးနား၊ ပြင်သစ် ဒါမှမဟုတ် နယ်သာလန် တို့က စောင့်နေ နိူင်ပါတယ်။ ဆီမီးကို ဖြတ်လာခဲ့ရင်တော့ ဖိုင်နယ်မှာ အင်္ဂလန်က တစ်ဖက် က စပိန်၊ ဂျာမနီ၊ ဘရာဇီလ်း၊ ပေါ်တူဂီ နဲ့ ဘယ်ဂျီယံ တို့နဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကမ္ဘာ့ ဖလား ဗိုလ်လုပွဲ ကန်ရမှာ ဖြစ်ပါတယ်။