နယူးကာဆယ်ရဲ့ နည်းပြရာထူး ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ ဇီဒန်းရဲ့ အကြောင်းပြချက်

အသင်း လက်မဲ့ ဖြစ်နေသေးတဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်း ဇီဒန်းဟာ နယူးကာဆယ် နည်းပြ ရာထူးအတွက် ချဉ်းကပ်လာမှုအား အကြောင်းပြချက်တစ်ခုတည်းနဲ့ ပယ်ချလိုက်ကြောင်း သိရပါတယ်။ ဒီအချက်က ၎င်းကို အလိုရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက် အတွက်ပါ ထိခိုက်စေမှာပါ။

ပြင်သစ်လူမျိုးနည်းပြဟာရီးရဲလ်မက်ဒရစ်နှင့်အတူချန်ပီယံလိဂ်ဖလားသုံးကြိမ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီးပြီးခဲ့တဲ့ဘောလုံးရာသီအကုန်တွင်ရီးရဲလ်မက်ဒရစ်နည်းပြရာထူးမှထွက်ခွာခဲ့ပြီးနောက်အသင်းလက်မဲ့ဖြစ်နေသူလည်းဖြစ်ပါတယ်။

နယူးကာဆယ်ဟာ ဆော်ဒီရင်းနှီးမြှပ်နှံသူများ လက်ထဲသို့ရောက်ပြီးနောက် နည်းပြ စတိဗ်ဘရုစ်ကို ရာထူးမှထုတ်ပယ်ပြီး နည်းပြသစ် ခန့်အပ်ရန် ရှာဖွေနေပါတယ်။

နယူးကာဆယ် နည်းပြသစ် ဆန်ကာတင်စာရင်းမှာ ဇီဒန်းဟာ မန်စီနီ၊ ကွန်တီ၊ ဖရန့်လမ်းပတ်၊ ဘရန်ဒန်ရော်ဂျာ၊ စတီဗင်ဂျရတ်တို့နဲ့ အတူ ပါဝင်နေပါတယ်။ ဒါပေမယ့် ဇီဒန်းက အကြောင်း တစ်ချက်တည်းနဲ့ပဲ နယူးကာဆယ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ပါတယ်။

Mirror သတင်းဌာန အဆိုအရ ဇီဒန်းဟာ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဒီဒီယာဒက်ချမ့်ရဲ့ ပြင်သစ် လက်ရွေးစင် အသင်း နည်းပြရာထူးကို ရယူရန်ဆန္ဒရှိနေတာကြောင့် နယူးကာဆယ် နည်းပြ ရာထူးအတွက် ချဉ်းကပ်လာမှုကို ပယ်ချခဲ့တာလို့ သိရပါတယ်။

ပြင်သစ်ဘောလုံးအဖွဲ့ချုပ်က ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ဒီဒီယာ ဒက်ချမ့် ထွက်ခွာပါက ဇီဒန်းနဲ့ အစားထိုးရန် နံပါတ်တစ် လျာထားကြောင်း တရားဝင် အသိပေးထားပြီး ဖြစ်ပါတယ်။ ဒက်ချမ့်နဲ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်တို့ရဲ့ စာချုပ်မှာ ၂၀၂၂ကမ္ဘာ့ဖလားပြိုင်ပွဲ အကုန်မှာ ကုန်ဆုံးပါမှာ ဖြစ်ပါတယ်။

ZG

အသင္း လက္မဲ့ ျဖစ္ေနေသးတဲ့ ရီးရဲလ္မက္ဒရစ္ နည္းျပေဟာင္း ဇီဒန္းဟာ နယူးကာဆယ္ နည္းျပ ရာထူးအတြက္ ခ်ဥ္းကပ္လာမႈအား အေၾကာင္းျပခ်က္တစ္ခုတည္းနဲ႕ ပယ္ခ်လိုက္ေၾကာင္း သိရပါတယ္။ ဒီအခ်က္က ၄င္းကို အလိုရွိေနတဲ့ မန္ခ်က္စတာ ယူနိုက္တက္ အတြက္ပါ ထိခိုက္ေစမွာပါ။

ျပင္သစ္လူမ်ိဳးနည္းျပဟာရီးရဲလ္မက္ဒရစ္ႏွင့္အတူခ်န္ပီယံလိဂ္ဖလားသုံးႀကိမ္ဆက္တိုက္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ၿပီးၿပီးခဲ့တဲ့ေဘာလုံးရာသီအကုန္တြင္ရီးရဲလ္မက္ဒရစ္နည္းျပရာထူးမွထြက္ခြာခဲ့ၿပီးေနာက္အသင္းလက္မဲ့ျဖစ္ေနသူလည္းျဖစ္ပါတယ္။

နယူးကာဆယ္ဟာ ေဆာ္ဒီရင္းႏွီးျမႇပ္ႏွံသူမ်ား လက္ထဲသို႔ေရာက္ၿပီးေနာက္ နည္းျပ စတိဗ္ဘ႐ုစ္ကို ရာထူးမွထုတ္ပယ္ၿပီး နည္းျပသစ္ ခန္႔အပ္ရန္ ရွာေဖြေနပါတယ္။

နယူးကာဆယ္ နည္းျပသစ္ ဆန္ကာတင္စာရင္းမွာ ဇီဒန္းဟာ မန္စီနီ၊ ကြန္တီ၊ ဖရန႔္လမ္းပတ္၊ ဘရန္ဒန္ေရာ္ဂ်ာ၊ စတီဗင္ဂ်ရတ္တို႔နဲ႕ အတူ ပါဝင္ေနပါတယ္။ ဒါေပမယ့္ ဇီဒန္းက အေၾကာင္း တစ္ခ်က္တည္းနဲ႕ပဲ နယူးကာဆယ္ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့ပါတယ္။

Mirror သတင္းဌာန အဆိုအရ ဇီဒန္းဟာ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ ဒီဒီယာဒက္ခ်မ့္ရဲ႕ ျပင္သစ္ လက္ေ႐ြးစင္ အသင္း နည္းျပရာထူးကို ရယူရန္ဆႏၵရွိေနတာေၾကာင့္ နယူးကာဆယ္ နည္းျပ ရာထူးအတြက္ ခ်ဥ္းကပ္လာမႈကို ပယ္ခ်ခဲ့တာလို႔ သိရပါတယ္။

ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္က ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးမွာ ဒီဒီယာ ဒက္ခ်မ့္ ထြက္ခြာပါက ဇီဒန္းနဲ႕ အစားထိုးရန္ နံပါတ္တစ္ လ်ာထားေၾကာင္း တရားဝင္ အသိေပးထားျပီး ျဖစ္ပါတယ္။ ဒက္ခ်မ့္နဲ႕ ျပင္သစ္ေဘာလုံးအဖြဲ႕ခ်ဳပ္တို႔ရဲ႕ စာခ်ဳပ္မွာ ၂၀၂၂ကမာၻ႔ဖလားၿပိဳင္ပြဲ အကုန္မွာ ကုန္ဆုံးပါမွာ ျဖစ္ပါတယ္။