ယူရို ၇၅ သန်းတန် ပစ်မှတ်၊ ဂန်းနားတွေရဲ့ အနာဂတ် ကြယ်ပွင့်များနဲ့ ယနေ့ည အာဆင်နယ် သတင်းများ

အာဆင်နယ် ဂန္ထဝင်ဟောင်း ပီရက်စ်က အာဆင်နယ်မှာ သူအနေနဲ့ ဆာကာ၊ စမစ်ရို့စ်၊ မာတင်နယ်လီနဲ့ ရမ်ဒေးစ်တို့ကို ကြိုက်နှစ်သက်မှုရှိကြောင်း၊ သူတို့ဟာ အာဆင်နယုရဲ့ အနာဂတ်တွေဖြစ်ကြပြီး ဂျာကာ၊ ပါတေးတို့ကို အတွေ့အကြုံရင့် ကစားသမားတွေနဲ့ တွဲကစားကာ တိုးတက်လာမှာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်နေတဲ့ စပါးနည်းပြဟောင်း တင်ရှားဝုဒ်ကတော့ အာဆင်နယ်အနေနဲ့ လိဒ်စ် ကွင်းလယ်လူ ကီဗင်ဖီးလစ်ကို ခေါ်ယူဖို့ တိုက်တွန်းလိုက်ပြီး ကီဗင်ဖီးလစ်ဟာ အာဆင်နယ်ကို တိုးတက်စေမယ့် ကစားသမားဖြစ်ကြောင်း၊ ဒါပေမဲ့ ဖီးလစ်အနေနဲ့ လိဒ်စ်မှာ တစ်ရာသီလောက် ဆက်နေမယ်လို့ ထင်မြင်မိကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

အာဆင်နယ် ကစားသမားဟောင်း မာတင်ကီအွန်က ခါးသီးတဲ့လန်ဒန်မြို့ခံပြိုင်ဘက် စပါးအနေနဲ့ ကွန်တီလိုနည်းပြမျိုးကို ပိုင်ဆိုင် ထားတာကြောင့် အာဆင်နယ်ထက် အဆင့်လေးဝင်ခွင့်ရဖို့ ပိုမိုအခွင့်အလမ်းများကြောင်း၊ ကွန်တီဟာ ရောက်တဲ့ အသင်းတိုင်းမှာ အောင်မြင်မှုရယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့် ဘယ်လိုယူရမလဲဆိုတာလည်း သိရှိသူဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။

မာဆေးမှာ အငှားကစားနေတဲ့ အာဆင်နယ်နောက်ခံလူ ဆာလီဘာကတော့ သူ့အနေနဲ့ အာဆင်နယ်မှာ အရန်ခုန် မထိုင်လိုဘဲ ပွဲထွက်ခွင့်ရလိုကြောင်း ပြတ်သားစွာ ဆိုခဲ့ပါတယ်။ ဆာလီဘာအနေနဲ့ မာဆေးမှာ ခြေစွမ်းပြကစားနေပြီး ပြင်သစ်လက်ရွေးစင်အသင်းမှာလည်း ရွေးချယ်ခြင်း ခံခဲ့ရပြီ ဖြစ်ပါတယ်။

အာဆင်နယ်အနေနဲ့ လိုက်ပဇစ်ကြယ်ပွင့် အန်ကွန်ကူကို ခေါ်ယူဖို့အတွက် မန်ချက်စတာယူနိုက်တက်နဲ့အပြိုင် ကြိုးပမ်းလာခဲ့ပြီဖြစ်ကြောင်း ESPN က ဖော်ပြထားပါတယ်။ အာဆင်နယ်ဟာ လာမဲ့နွေမှာ တိုက်စစ်ပိုင်းကို အားဖြည့် လိုနေပြီး အန်ကွန်ကူရဲ့ဈေးကွက်တ်န်ကြေးကတော့ ယူရို ၇၅ သန်းရှိနေပါတယ်။

ဗီလာတိုက်စစ်မှူးဟောင်း အလွန်လဟော်ကတော့ လူငယ်ကြယ်ပွင့်ဆာကာကို အာဆင်နယ်မှာ ဆက်နေဖို့ တိုက်တွန်းလိုက်ပါတယ်။ အာဆင်နယ်ဟာ သူ့ကို အခွင့်အရေးပေးခဲ့ကာ အင်္ဂလန်မှာ ကစားခွင့်ရအောင် ပြုလုပ် ပေးခဲ့ကြောင်း၊ အသက် ၂၀ နှစ်အရွယ်မှာ ဆာကာအနေနဲ့ များစွာ မတောင်းဆိုသင့်ကြောင်း၊ ဒါပေမဲ့ ဆာကာဟာ လစာ တိုးရဖို့ ထိုက်တန်သူဖြစ်ပြီး အာဆင်နယ်ကိုလည်း ချစ်မြတ်နိုးသူဖြစ်ကြောင်း ဆိုခဲ့ပါတယ်။

ဝုဖ်နည်းပြ ဘရူနိုလိတ်က အာဆင်နယ်ပစ်မှတ်ထားနေတဲ့ ကွင်းလယ်လူ နီဗက်စ်ကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ ခက်ခဲတယ်လို့ ဝန်ခံသွားခဲ့ပါတယ်။ နီဗက်စ်အနေနဲ့ အသင်းမှာ ဆက်နေရင် ပျော်ရွှင်မှာ ဆိုပေမဲ့ ဒါက ဘောလုံးဖြစ်ကြောင်း၊ နီဗက်စ်ရဲ့ ကစားသမားဘ၀ အကောင်းဆုံးဖြစ်စေဖို့ အလိုရှိကြောင်း ၎င်းက ဆိုခဲ့ပါတယ်။

အာဆင်နယ်အနေနဲ့ အသင်းနဲ့ အံ့ဝင်ခြင်း မရှိဘဲ ရုန်းကန်နေရတဲ့ တောင်ပံကစားသမား ပီပီရဲ့နေရာမှာ ပဲလေ့စ် တိုက်စစ်မှုး ဇာဟာနဲ့ အစားထိုးသင့်ကြောင်း၊ ဇာဟာအနေနဲ့ အာဆင်နယ်ကို ခြားနားစေမဲ့ကစားသမားဖြစ်ပြီး ပီပီထ ပိုကောင်းကြောင်း ပေါလ်မာဆင်က အကြံပြုတိုက်တွန်းခဲ့ပါတယ်။